အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ဖာနန္ဒက္ကိုေခၚယူဖို႔အဆင္မေျပျဖစ္ေနတ့ဲမန္ယူႏုိက္တက္

မန္ယူႏိုက္တက္အသင္းဟာ နည္းျပဆိုးလ္ရွားလက္ထက္မွာ အသင္းရဲ႕အေျခအေနေတြကို ျပန္လည္ျပင္ဆင္ဖို႔အတြက္ ဒီေႏြေစ်းကြက္ထဲမွာကစားသမားေခၚယူမႈေတြအမ်ားအျပားျပဳလုပ္ႏိုင္ဖို႔ ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိမန္ယူႏိုက္တက္ဟာ ကစားသမားႏွစ္ဦးကိုေခၚယူထားခ့ဲျပီျဖစ္ျပီးေတာ့၊ ေနာက္ထပ္ကစားသမားေခၚယူမႈအျဖစ္ စပို႔တင္းလစၥဘြန္းအသင္းရဲ႕ကြင္းလယ္ကစားသမား ဖာနန္ဒက္ကို ေခၚယူဖို႔ပစ္မွတ္ထားေနတာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္ဟာ ဖာနန္ဒက္အတြက္ေျပာင္းေရႊ႕ေၾကးကို ေပါင္(၃၁)သန္းနဲ႔ စပို႔တင္းလစၥဘြန္းအသင္းထံကို ကမ္းလွမ္းခ့ဲေပမ့ဲ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို စပို႔တင္းလစၥဘြန္းအသင္းက ပယ္ခ်သြားခ့ဲပါတယ္။ စပို႔တင္းလစၥဘြန္းအသင္းဟာ ဖာနန္ဒက္ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္(၃၁)သန္းထက္ပိုျပီးေတာ့ ရရွိဖိုပအလိုရွိေနတာေၾကာင့္ ကမ္းလွမ္းမႈကိုပယ္ခ်သြားခ့ဲတာျဖစ္တယ္လို႔သိရပါတယ္။

ဖာနန္ဒက္ဟာ ျပီးခ့ဲတ့ဲဘောလံုးရာသီမွာ စပို႔တင္းလစၥဘြန္းအသင္းနဲ႔အတူေျခစြမ္းျပႏိုင္ခ့ဲတ့ဲ ကစားသမားစတ္ဦးျဖစ္ျပီးေတာ့၊ စပို႔တင္းမွာျပသထားခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္ ေပၚတူဂီလက္ေရြးစင္အသင္းမွာေရြးခ်ယ္ခံခ့ဲရတ့ဲသူလည္းျဖစ္ပါတယ္။ ေပၚတူဂီအသင္းနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခ့ဲျပီး၊ မၾကာေသးခင္ကမွ က်င္းပျပီးခ့ဲတ့ဲ ေနရွင္လိဂ္ျပိဳႈ္ပြဲမွာ ေပၚတူဂီနဲ႔အတူ ဗိုလ္စြဲထားႏိုင္ခ့ဲပါတယ္။

မန္ယူႏိုက္တက္အေနနဲ႔ ဖာနန္ဒက္ကိုေခၚယူဖို႔စိတ္၀င္စားေနတာၾကာျပီျဖစ္ျပီးေတာ့ အသင္းရဲ႕ကြင္းလယ္ကစားသမားေပါ့ဘာရဲ႕အနာဂတ္ကလည္းမေသခ်ာျဖစ္ေနတာေၾကာင့္ ဖာနန္ဒက္ ကိုအရေခၚယူသြားဖို႔ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို စပို႔တင္းအသင္းကပယ္ခ်ထားခ့ဲျပီးေတာ့ မန္ယူႏိုက္တက္အေနနဲ႔ ဖာနန္ဒက္အတြက္ေျပာင္းေရႊ႕ေၾကးကို စပို႔တင္းအလိုရွိေနတ့ဲ အေနအထားတစ္ရပ္နဲ႔ တိုးျမွင့္ျပီးကမ္းလွမ္းသြားမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အကြောင်းပြချက်တစ်ခုကြောင့်ဖာနန်ဒက်ကိုခေါ်ယူဖို့အဆင်မပြေဖြစ်နေတဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာ အသင်းရဲ့အခြေအနေတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် ဒီနွေဈေးကွက်ထဲမှာကစားသမားခေါ်ယူမှုတွေအများအပြားပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိမန်ယူနိုက်တက်ဟာ ကစားသမားနှစ်ဦးကိုခေါ်ယူထားခဲ့ပြီဖြစ်ပြီးတော့၊ နောက်ထပ်ကစားသမားခေါ်ယူမှုအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ကွင်းလယ်ကစားသမား ဖာနန်ဒက်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ ဖာနန်ဒက်အတွက်ပြောင်းရွှေ့ကြေးကို ပေါင်(၃၁၀)နဲ့ စပို့တင်းလစ္စဘွန်းအသင်းထံကို ကမ်းလှမ်းခဲ့ပေမဲ့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စပို့တင်းလစ္စဘွန်းအသင်းက ပယ်ချသွားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာ ဖာနန်ဒက်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်(၃၁)သန်းထက်ပိုပြီးတော့ ရရှိဖိုပအလိုရှိနေတာကြောင့် ကမ်းလှမ်းမှုကိုပယ်ချသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖာနန်ဒက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားစတ်ဦးဖြစ်ပြီးတော့၊ စပို့တင်းမှာပြသထားခဲ့တဲ့ခြေစွမ်းတွေကြောင့် ပေါ်တူဂီလက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး၊ မကြာသေးခင်ကမှ ကျင်းပပြီးခဲ့တဲ့ နေရှင်လိဂ်ပြိုှု်ပွဲမှာ ပေါ်တူဂီနဲ့အတူ ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာကြာပြီဖြစ်ပြီးတော့ အသင်းရဲ့ကွင်းလယ်ကစားသမားပေါ့ဘာရဲ့အနာဂတ်ကလည်းမသေချာဖြစ်နေတာကြောင့် ဖာနန်ဒက် ကိုအရခေါ်ယူသွားဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စပို့တင်းအသင်းကပယ်ချထားခဲ့ပြီးတော့ မန်ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်အတွက်ပြောင်းရွှေ့ကြေးကို စပို့တင်းအလိုရှိနေတဲ့ အနေအထားတစ်ရပ်နဲ့ တိုးမြှင့်ပြီးကမ်းလှမ်းသွားမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar