ရက္ပါၾကီးစႏူေဒါ့ကို တစ္ေယာက္ခ်င္းထိုးဖို႔စိန္ေခၚလိုက္တဲ့ ေဘာလံုးလူဆိုးၾကီးဂက္စ္ကြိဳင္နီ

ပံုမွန္အားျဖင့္ေတာ့ ေဘာလံုးေလာကနဲ႔ဂီတေလာကဆိုတာ ဘယ္လိုကိစၥမ်ိဳးနဲ႔မဆို ၾကီးၾကီးမားမား ပတ္သက္ဆက္ႏြယ္ေလ့ေတာ့သိပ္မရွိလွပါဘူး။ အဲဒီ့ရပ္၀န္း(၂)ခုက လူတန္းစားေတြအေနနဲ႔ ျပႆနာတစ္ခုေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ထိပ္တိုက္ေတြ႔ၾကဖို႔ဆိုတာကေတာ့ ပိုလို႔ေတာင္မလြယ္ပါေသးတယ္။

ဒါေပမဲ့ အခု ဒီေလာကထဲက နာမည္ေက်ာ္(၂)ေယာက္ကေတာ့ ျပႆနာတက္ဖို႔အေၾကာင္းဖန္လာခဲ့ပါျပီ။ အဲတာကေတာ့ ဆိုရွယ္မီဒီယာေပၚမွာ ပို႔စ္တစ္ခုတင္လိုက္ရာကေန အဂၤလန္လက္ေရြးစင္နဲ႔ စပါးအသင္းတို႔ရဲ႕ကစားသမားေဟာင္းၾကီး ဂက္စကြိဳင္နီ နဲ႔ ရပ္ပါအဆိုေတာ္ၾကီး စႏူေဒါ့တို႔ ထိုးၾကၾကိတ္ၾကပါေတာ့မယ္။ ျပႆနာက ရပ္ပါၾကီးစႏူေဒါ့ဟာ ဂက္စကြိဳင္နီရဲ႕ပံုေတြကို “alcohol abuse” ဆိုတဲ့ ကပ္ပရွင္တစ္ေၾကာင္းနဲ႔ လိုင္းေပၚတင္ရာကေန စပါတယ္။

အဲဒီ့စာေၾကာင္းရဲ႕အဓိပၸါယ္ကေတာ့”အရက္ေသစာအလြဲသံုးစားလုပ္မႈ” ျဖစ္ပါတယ္။ ဒါကို မေက်မနပ္ျဖစ္ျပီး စိတ္ဆိုးေဒါသထြက္ေနတဲ့ ဂက္စကြိဳင္နီက “အေရးမပါလိုက္တာကြာ”လို႔ ခ်က္ခ်င္းပဲ ျပန္လည္တုန္႔ျပန္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ မေက်နပ္ႏိုင္ေသးတဲ့ ဂက္စကြိဳင္နီက-

” စႏူေဒါ့ အဲလိုလုပ္လိမ့္မယ္လို႔ မထင္ထားဘူးဗ်ာ၊ ကြ်န္ေတာ္ကသူ႔ရဲ႕ပရိသတ္လို႔ေျပာရင္လည္းမွန္တယ္၊ ကြ်န္ေတာ္ဒါကို လံုး၀ မယံုၾကည္ႏိုင္ျဖစ္ရတယ္၊ ဒါ့ေၾကာင့္ ကြ်န္ေတာ္ သူနဲ႔တစ္ေယာက္ခ်င္းထိုးဖို႔ စိန္ေခၚတယ္ဗ်ာ ကဲ အရက္သမားနဲ႔ေဆးသမားတစ္ပြဲတစ္လမ္း အကဲစမ္းၾကတာေပါ့ ” လို႔ စိန္ေခၚလိုက္တာပါ။

ဂက္စကြိဳင္နီဟာ ေဘာလံုးကစားသမားဘ၀ကေန အနားမယူခင္တုန္းက အရက္ေသစာကို အလြန္အကြ်ံေသာက္သံုးခဲ့သူျဖစ္ျပီး၊ ျပႆနာလည္းမၾကာခဏမီးထြန္းရွာေလ့ရွိတဲ့ ေဘာလံုးသမား လူၾကမ္းၾကီးတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူ႔ရဲ႕ဂုဏ္သိကၡာကို ထိခိုက္ေစမယ့္ ပို႔စ္ကို စႏူေဒါ့က တင္ခဲ့တဲ့အတြက္ ဒီကိစၥမွာေတာ့ ေဘာလံုးသမားေဟာင္းၾကီး ဂက္စကြိဳင္နီအေနနဲ႔ မမွန္ခဲ့ရင္ေတာင္ မမွားဘူးလို႔ ေျပာရမယ့္အေနအထားပါ။

လူညိဳေခ်ာ@SportsGabar

unicode

ရက်ပါကြီးစနူဒေါ့ကို တစ်ယောက်ချင်းထိုးဖို့စိန်ခေါ်လိုက်တဲ့ ဘောလုံးလူဆိုးကြီးဂက်စ်ကွိုင်နီ

ပုံမှန်အားဖြင့်တော့ ဘောလုံးလောကနဲ့ဂီတလောကဆိုတာ ဘယ်လိုကိစ္စမျိုးနဲ့မဆို ကြီးကြီးမားမား ပတ်သက်ဆက်နွယ်လေ့တော့သိပ်မရှိလှပါဘူး။ အဲဒီ့ရပ်ဝန်း(၂)ခုက လူတန်းစားတွေအနေနဲ့ ပြဿနာတစ်ခုကြောင့် တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ကြဖို့ဆိုတာကတော့ ပိုလို့တောင်မလွယ်ပါသေးတယ်။

ဒါပေမဲ့ အခု ဒီလောကထဲက နာမည်ကျော်(၂)ယောက်ကတော့ ပြဿနာတက်ဖို့အကြောင်းဖန်လာခဲ့ပါပြီ။ အဲတာကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တစ်ခုတင်လိုက်ရာကနေ အင်္ဂလန်လက်ရွေးစင်နဲ့ စပါးအသင်းတို့ရဲ့ကစားသမားဟောင်းကြီး ဂက်စကွိုင်နီ နဲ့ ရပ်ပါအဆိုတော်ကြီး စနူဒေါ့တို့ ထိုးကြကြိတ်ကြပါတော့မယ်။ ပြဿနာက ရပ်ပါကြီးစနူဒေါ့ဟာ ဂက်စကွိုင်နီရဲ့ပုံတွေကို “alcohol abuse” ဆိုတဲ့ ကပ်ပရှင်တစ်ကြောင်းနဲ့ လိုင်းပေါ်တင်ရာကနေ စပါတယ်။

အဲဒီ့စာကြောင်းရဲ့အဓိပ္ပါယ်ကတော့”အရက်သေစာအလွဲသုံးစားလုပ်မှု” ဖြစ်ပါတယ်။ ဒါကို မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ဂက်စကွိုင်နီက “အရေးမပါလိုက်တာကွာ”လို့ ချက်ချင်းပဲ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မကျေနပ်နိုင်သေးတဲ့ ဂက်စကွိုင်နီက-

” စနူဒေါ့ အဲလိုလုပ်လိမ့်မယ်လို့ မထင်ထားဘူးဗျာ၊ ကျွန်တော်ကသူ့ရဲ့ပရိသတ်လို့ပြောရင်လည်းမှန်တယ်၊ ကျွန်တော်ဒါကို လုံး၀ မယုံကြည်နိုင်ဖြစ်ရတယ်၊ ဒါ့ကြောင့် ကျွန်တော် သူနဲ့တစ်ယောက်ချင်းထိုးဖို့ စိန်ခေါ်တယ်ဗျာ ကဲ အရက်သမားနဲ့ဆေးသမားတစ်ပွဲတစ်လမ်း အကဲစမ်းကြတာပေါ့ ” လို့ စိန်ခေါ်လိုက်တာပါ။

ဂက်စကွိုင်နီဟာ ဘောလုံးကစားသမားဘဝကနေ အနားမယူခင်တုန်းက အရက်သေစာကို အလွန်အကျွံသောက်သုံးခဲ့သူဖြစ်ပြီး၊ ပြဿနာလည်းမကြာခဏမီးထွန်းရှာလေ့ရှိတဲ့ ဘောလုံးသမား လူကြမ်းကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ပို့စ်ကို စနူဒေါ့က တင်ခဲ့တဲ့အတွက် ဒီကိစ္စမှာတော့ ဘောလုံးသမားဟောင်းကြီး ဂက်စကွိုင်နီအနေနဲ့ မမှန်ခဲ့ရင်တောင် မမှားဘူးလို့ ပြောရမယ့်အနေအထားပါ။

လူညိုချော@SportsGabar