ဗိုလ္လုပြဲမွာ နယ္သာလန္နဲ႔ ေတြဆံုမယ့္အေပၚ စီေရာ္နယ္ဒိုကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားတဲ့ ဇာကာ

ညကယွဥ္ျပိဳင္ကစားျပီးခဲ့တဲ့ ႏိုင္ငံတာကာလိဂ္ဆီးမီးဖိုင္နယ္ပြဲစဥ္မွာ နယ္သာလန္အသင္းဟာာ အဂၤလန္အသင္းကို (၃-၁)ဂိုးနဲ႕ အႏိုင္ရခဲ့ျပီး၊ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့ပါတယ္။ ဗိုလ္လုပြဲမွာေတာ့ စီေရာ္နယ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီအသင္းက အသင့္ေစာင့္ေနျပီး၊ နယ္သာလန္နဲ႔ ေပၚတူဂီတို႔ ဗိုလ္လုေတာ့မွာ ျဖစ္ပါတယ္။

ဆီးမီးဖိုင္နယ္အဆင့္မွာ ေပၚတူဂီကို အရံႈးေပးလိုက္ရတဲ့ ဆြစ္ဇာလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဇာကာကေတာ့ သူတို႕႔အေနေနဲ႔ အဆင့္သံုးေနရာကို ဗိုလ္လုဖို႔ ျပင္ဆင္ရမွာ ျဖစ္ျပီး၊ ေပၚတူဂီအသင္းရဲ႕ အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုကို ကမာၻ႕အေကာင္းဆံုးဆိုတဲ့ ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

‘ ကၽြန္ေတာ္တို႔ ပြဲေကာင္းတစ္ပြဲရွိခဲ့ေပမယ့္ ကၽြန္ေတာ့္အျမင္အရဆိုရင္ ပိုေကာင္းတဲ့အသင္းက ဆြစ္ဇာလန္ျဖစ္ခဲ့ပါတယ္၊ ျခားနာခ်က္က သူတို႔မွာ စီေရာ္နယ္ဒိုရွိေနတယ္၊ သူကဘယ္လိုကစားသမားလဲဆိုတာ ယံုႏိုင္ဖြယ္ရာမရွိပါဘူး၊ အဲဒီလိုေျပာတာက သူက ကမာၻေပၚမွာ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ေယာက္လို႔ ေျပာတာမဟုတ္ပါဘူး’

‘ သူက ထူးျခားတာပါ ဘာလို႔လဲဆိုေတာ့ သူက ခင္ဗ်ားဘယ္သြားမယ္၊ ဘာလုပ္မယ္ကအစ အျမဲတန္းသိေနလို႔ပါပဲ၊ ကၽြန္ေတာ္တို႔ သူ႔ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ျပီ ထင္ေပမယ့္ အဆံုးသတ္မွာေတာ့ သူက သံုးဂိုးသြင္းျပီး၊ ကၽြန္ေတာ္တို႔ ရံႈးခဲ့ပါတယ္၊ အသင္းေကာင္းတစ္သင္းကို ကၽြန္ေတာ္တို႔ ကစားႏိုင္ခဲ့တဲ့ပံုစံနဲ႔ပတ္သက္ျပီး၊ ဂုဏ္ယူမိပါတယ္၊ ‘ လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာ ဇာကာရဲ႕ အမွားေၾကာင့္ တတိယဂိုးကို စီေရာ္နယ္ဒို အေကာင္းဆံုး အသံုးခ်ႏိုင္ခဲ့ျပီး၊ ဟက္ထရစ္ရခဲ့တဲ့အေပၚ အခုလို ခ်ီးက်ဴးမႈေတြ ေျပာဆိုခဲ့တာပါ။ စီေရာ္နယ္ဒိုကေတာ့ ဗိုလ္လုပြဲမွာ နယ္သာလန္နဲ႔ ေတြ႕ဆံုမွာျဖစ္လို႔ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္ကို ျဖဳတ္ခ်ခဲ့တဲ့ ေအဂ်က္အသင္းေခါင္းေဆာင္ ဒီလိုက္နဲ႔ ေနာက္တစ္ခါျပန္ေတြျပီလို႔ ဆိုရမွာပါပဲ။

ေရႊရင္ေအး#SportsGabar

Unicode

ဗိုလ်လုပွဲမှာ နယ်သာလန်နဲ့ တွေဆုံမယ့်အပေါ် စီရော်နယ်ဒိုကို ချီးကျူးမှုတွေ ပြုလုပ်သွားတဲ့ ဇာကာ

ညကယှဉ်ပြိုင်ကစားပြီးခဲ့တဲ့ နိုင်ငံတာကာလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ နယ်သာလန်အသင်းဟာာ အင်္ဂလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းက အသင့်စောင့်နေပြီး၊ နယ်သာလန်နဲ့ ပေါ်တူဂီတို့ ဗိုလ်လုတော့မှာ ဖြစ်ပါတယ်။

ဆီးမီးဖိုင်နယ်အဆင့်မှာ ပေါ်တူဂီကို အရှုံးပေးလိုက်ရတဲ့ ဆွစ်ဇာလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဇာကာကတော့ သူတို့အနေနေဲ့ အဆင့်သုံးနေရာကို ဗိုလ်လုဖို့ ပြင်ဆင်ရမှာ ဖြစ်ပြီး၊ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

‘ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲရှိခဲ့ပေမယ့် ကျွန်တော့်အမြင်အရဆိုရင် ပိုကောင်းတဲ့အသင်းက ဆွစ်ဇာလန်ဖြစ်ခဲ့ပါတယ်၊ ခြားနာချက်က သူတို့မှာ စီရော်နယ်ဒိုရှိနေတယ်၊ သူကဘယ်လိုကစားသမားလဲဆိုတာ ယုံနိုင်ဖွယ်ရာမရှိပါဘူး၊ အဲဒီလိုပြောတာက သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ ပြောတာမဟုတ်ပါဘူး’

‘ သူက ထူးခြားတာပါ ဘာလို့လဲဆိုတော့ သူက ခင်ဗျားဘယ်သွားမယ်၊ ဘာလုပ်မယ်ကအစ အမြဲတန်းသိနေလို့ပါပဲ၊ ကျွန်တော်တို့ သူ့ကို ထိန်းချုပ်နိုင်ခဲ့ပြီ ထင်ပေမယ့် အဆုံးသတ်မှာတော့ သူက သုံးဂိုးသွင်းပြီး၊ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်၊ အသင်းကောင်းတစ်သင်းကို ကျွန်တော်တို့ ကစားနိုင်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး၊ ဂုဏ်ယူမိပါတယ်၊ ‘ လို့ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဇာကာရဲ့ အမှားကြောင့် တတိယဂိုးကို စီရော်နယ်ဒို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး၊ ဟက်ထရစ်ရခဲ့တဲ့အပေါ် အခုလို ချီးကျူးမှုတွေ ပြောဆိုခဲ့တာပါ။ စီရော်နယ်ဒိုကတော့ ဗိုလ်လုပွဲမှာ နယ်သာလန်နဲ့ တွေ့ဆုံမှာဖြစ်လို့ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်ကို ဖြုတ်ချခဲ့တဲ့ အေဂျက်အသင်းခေါင်းဆောင် ဒီလိုက်နဲ့ နောက်တစ်ခါပြန်တွေပြီလို့ ဆိုရမှာပါပဲ။

ရွှေရင်အေး#SportsGabar