မိုရာတာရဲ႕အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီး၊ အက္သလက္ကို ကိုသတိေပးလိုက္တ့ဲခ်ဲလ္ဆီး

ခ်ဲဲလ္ဆီးအသင္းဟာ အက္သလက္တီကိုအသင္းကိုအငွားခ်ထားတ့ဲ အသင္းရဲ႕ကစားသမား မိုရာတာနဲ႔ပတ္သက္ျပီး၊ အက္သလက္တီကိုအသင္းကို သတိေပးမႈအခ်ိဳ႕ျပဳလုပ္သြားခ့ဲပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ သူတို႔ရဲ႕ကစားသမားမိုရာတာကို အက္သလက္အေနနဲ႔ အျပီးသတ္ေခၚယူဖို႔ ဆႏၵမရွိဘူးဆိုရင္ အငွားေခၚယူမႈစာခ်ဳပ္ကိုဖ်က္သိမ္းျပီး၊ အသင္းကိုျပန္လည္ေခၚယူမွာျဖစ္တယ္လို႔သတိေပးေျပာဆိုသြားခ့ဲတာပဲျဖစ္ပါတယ္။ အက္သလက္ဟာ မိုရာတာကို ခ်ဲလ္ဆီးအသင္းထံမွ (၁၈)လအငွားစာခ်ဳပ္နဲ႔ေခၚယူခ့ဲတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာကစာသမားေခၚယူခြင့္(၂)ႏွစ္ပိတ္ပင္ခံထားရတာျဖစ္တာေၾကာင့္ လာမယ့္ရာသီအတြက္ အသင္းမွာလိုအပ္ေနတ့ဲေနရာေတြမွာကစားသမားေခၚယူမႈေတြျပဳလုပ္လို႔မရျဖစ္ေနတ့ဲအေျခအေနကုိရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ ခ်ဲလ္ဆီးအေနနဲ႔ အက္သလက္ကိုအငွားခ်ထားတ့ဲ မိုရာတာကိုအသင္းကိုျပန္ေခၚယူႏိုင္ဖို႔ရာ ၾကံစည္ေနတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးမွာ အသင္းရဲ႕အားထားရတ့ဲတိုက္စစ္မွဴးျဖစ္တ့ဲ ဟာဇက္ကရီးရဲလ္ကိုေျပာင္းေရႊ႕သြားခ့ဲျပီျဖစ္သလို ၊ ဂ်ဳဗင္တပ္ကေနအငွားေခၚယူထားတ့ဲ ဟီဂူအင္ကလည္း ခ်ဲလ္ဆီးမွာဆက္ေနဖို႔မရွိေတာ့တာေၾကာင့္ အသင္းရဲ႕တိုက္စစ္ပိုင္းျဖည့္ဆည္းဖို႔အတြက္ ခ်ဲလ္ဆီးတို႔ဟာ အၾကံကုန္ ဂ႒ဳန္ဆားခ်က္ဆိုတ့ဲ ပံုစံမ်ိဳးလုပ္လာတာလည္းျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အက္သလက္အေနနဲ႔ မိုရာတာရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး၊ေသခ်ာတ့ဲဆံုးျဖတ္တစ္ခုကုိခ်မွတ္ရေတာ့မွာျဖစ္ျပီး၊ အျပီးသတ္ပဲေခၚမလား၊ ခ်ဲလ္ဆီးေျပာသလို စာခ်ဳပ္ပဲဖ်က္သိမ္းမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မာရာတာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးအက်သလက် ကိုသတိပေးလိုက်တဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းကိုအငှားချထားတဲ့ အသင်းရဲ့ကစားသမား မိုရာတာနဲ့ပတ်သက်ပြီး၊ အက်သလက်တီကိုအသင်းကို သတိပေးမှုအချို့ပြုလုပ်သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ကစားသမားမိုရာတာကို အက်သလက်အနေနဲ့ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိဘူးဆိုရင် အငှားခေါ်ယူမှုစာချုပ်ကိုဖျက်သိမ်းပြီး၊ အသင်းကိုပြန်လည်ခေါ်ယူမှာဖြစ်တယ်လို့သတိပေးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ အက်သလက်ဟာ မိုရာတာကို ချဲလ်ဆီးအသင်းထံမှ (၁၈)လအငှားစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာကစာသမားခေါ်ယူခွင့်(၂)နှစ်ပိတ်ပင်ခံထားရတာဖြစ်တာကြောင့် လာမယ့်ရာသီအတွက် အသင်းမှာလိုအပ်နေတဲ့နေရာတွေမှာကစားသမားခေါ်ယူမှုတွေပြုလုပ်လို့မရဖြစ်နေတဲ့အခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ချဲလ်ဆီးအနေနဲ့ အက်သလက်ကိုအငှားချထားတဲ့ မိုရာတာကိုအသင်းကိုပြန်ခေါ်ယူနိုင်ဖို့ရာ ကြံစည်နေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးမှာ အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးဖြစ်တဲ့ ဟာဇက်ကရီးရဲလ်ကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်သလို ၊ ဂျုဗင်တပ်ကနေအငှားခေါ်ယူထားတဲ့ ဟီဂူအင်ကလည်း ချဲလ်ဆီးမှာဆက်နေဖို့မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းဖြည့်ဆည်းဖို့အတွက် ချဲလ်ဆီးတို့ဟာ အကြံကုန် ဂဋ္ဌုန်ဆားချက်ဆိုတဲ့ ပုံစံမျိုးလုပ်လာတာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် အက်သလက်အနေနဲ့ မိုရာတာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊သေချာတဲ့ဆုံးဖြတ်တစ်ခုကိုချမှတ်ရတော့မှာဖြစ်ပြီး၊ အပြီးသတ်ပဲခေါ်မလား၊ ချဲလ်ဆီးပြောသလို စာချုပ်ပဲဖျက်သိမ်းမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar