ပယ္လီဂရီနီကိုေခၚယူလိုက္တဲ့ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအျပိဳင္ဘက္ ရိုးမားအသင္းရဲ႕ဘယ္ေနာက္ခံလူ လူကာပယ္လီဂရီနီကို ေခၚယူႏိုင္ခဲ့ျပီျဖစ္ျပီး ဒီေန႔မွာ အျပီးသတ္ ေရာက္ရွိေၾကာင္းကို တရား၀င္ေၾကျငာမႈျပဳလုပ္သြားခဲ့ပါျပီ။

ပယ္လီဂရီနီအတြက္ ဂ်ဴဗင္တပ္ဟာ ရိုးမားအသင္းကို ေျပာင္းေရႊ႕ေၾကး ယူရို (၂၂)သန္းေပးေခ်ခဲ့ရျပီး၊ (၃)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအီတလီလက္ေရြးစင္လူငယ္ကစားသမားဟာ ဂ်ဴဗင္တပ္မွာ လာမယ့္ (၂၀၂၃)ခုႏွစ္အထိ ရွိေနေတာ့မွာလည္းျဖစ္ပါတယ္။

သက္တမ္းအလိုက္ အီတလီလက္ေရြးစင္ အသင္းေတြမွာလည္း အဆင့္ဆင့္ေရြးခ်ယ္ခံခဲ့ရဖူးတဲ့ ပယ္လီဂရီနီဟာ ေတာက္ပတဲ့ အနာဂတ္ကိုပိုင္ဆိုင္ထားတဲ့ သူတစ္ဦးျဖစ္ျပီး အသက္အရြယ္အားျဖင့္လည္း (၂၀)ႏွစ္ သာရွိပါေသးတယ္။ ဂ်ဴဗင္တပ္ဟာ သက္ၾကီးကစားသမားေတြမ်ားေနတဲ့အသင္းရဲ႕ေနာက္တန္းကို အဓိကထား ျပင္ဆင္ေနျပီး လူငယ္ခံစစ္သမားေတြနဲ႔ အစားထိုးမယ့္ သူတို႔ရဲ႕အစီအစဥ္ကို အေကာင္အထည္ေဖာ္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ေနာက္ထပ္ ဗဟိုခံစစ္မွဴးတစ္ဦးျဖစ္တဲ့ ေအဂ်က္ေနာက္ခံလူ ဒီလစ္ကို ေခၚယူႏိုင္ဖို႔လည္း ဂ်ဴဗင္တပ္ဟာ အနီးစပ္ဆံုးအေျခအေနတစ္ခုကိုေရာက္ရွိေနျပီျဖစ္ပါတယ္။ ယခုအသစ္စက္စက္ေရာက္ရွိလာတဲ့ ပယ္လီဂရီနီဟာ အသက္ (၂၀)သာရွိေသးသလို ေရာက္လာဖို႔ နီးစပ္ေနတဲ့ ဒီလစ္ကလည္း အသက္(၁၉)ႏွစ္အရြယ္သာရွိပါေသးတယ္။

ဒါကိုၾကည့္ျခင္းအားျဖင့္ ဂ်ဴဗင္တပ္ဟာ အသင္းရဲ႕အနာဂတ္အတြက္ ေရရွည္ရည္မွန္းခ်က္နဲ႔ကစားသမားေခၚယူမႈေတြျပဳလုပ္ေနတယ္ဆိုတာ သိသာပါတယ္။ ဒါေၾကာင့္ လာမယ့္ရာသီသစ္မွာေတာ့ ဂ်ဴဗင္တပ္အသင္းကို ျမင္ေနက် သက္ၾကီးကစားသမားေတြနဲ႔မဟုတ္ပဲ ေသြးသစ္ေလာင္းထားတဲ့ လူငယ္ကစားသမားတစ္အုပ္နဲ႔ အသြင္သစ္ပံုစံ ျမင္ေတြ႔ရဖို႔ရွိပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပယ်လီဂရီနီကိုခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ စီးရီးအေပြိုင်ဘက် ရိုးမားအသင်းရဲ့ဘယ်နောက်ခံလူ လူကာပယ်လီဂရီနီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာ အပြီးသတ် ရောက်ရှိကြောင်းကို တရားဝင်ကြေငြာမှုပြုလုပ်သွားခဲ့ပါပြီ။

ပယ်လီဂရီနီအတွက် ဂျူဗင်တပ်ဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ကြေး ယူရို (၂၂)သန်းပေးချေခဲ့ရပြီး၊ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအီတလီလက်ရွေးစင်လူငယ်ကစားသမားဟာ ဂျူဗင်တပ်မှာ လာမယ့် (၂၀၂၃)ခုနှစ်အထိ ရှိနေတော့မှာလည်းဖြစ်ပါတယ်။

သက်တမ်းအလိုက် အီတလီလက်ရွေးစင် အသင်းတွေမှာလည်း အဆင့်ဆင့်ရွေးချယ်ခံခဲ့ရဖူးတဲ့ ပယ်လီဂရီနီဟာ တောက်ပတဲ့ အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ သူတစ်ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း (၂၀)နှစ် သာရှိပါသေးတယ်။ ဂျူဗင်တပ်ဟာ သက်ကြီးကစားသမားတွေများနေတဲ့အသင်းရဲ့နောက်တန်းကို အဓိကထား ပြင်ဆင်နေပြီး လူငယ်ခံစစ်သမားတွေနဲ့ အစားထိုးမယ့် သူတို့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဒါကြောင့် နောက်ထပ် ဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ အေဂျက်နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ဖို့လည်း ဂျူဗင်တပ်ဟာ အနီးစပ်ဆုံးအခြေအနေတစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ယခုအသစ်စက်စက်ရောက်ရှိလာတဲ့ ပယ်လီဂရီနီဟာ အသက် (၂၀)သာရှိသေးသလို ရောက်လာဖို့ နီးစပ်နေတဲ့ ဒီလစ်ကလည်း အသက်(၁၉)နှစ်အရွယ်သာရှိပါသေးတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဂျူဗင်တပ်ဟာ အသင်းရဲ့အနာဂတ်အတွက် ရေရှည်ရည်မှန်းချက်နဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်နေတယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့် လာမယ့်ရာသီသစ်မှာတော့ ဂျူဗင်တပ်အသင်းကို မြင်နေကျ သက်ကြီးကစားသမားတွေနဲ့မဟုတ်ပဲ သွေးသစ်လောင်းထားတဲ့ လူငယ်ကစားသမားတစ်အုပ်နဲ့ အသွင်သစ်ပုံစံ မြင်တွေ့ရဖို့ရှိပါတယ်။

လူညိုချော@SportsGabar