ခ်ဲလ္ဆီးနဲ႔ဟီဂူရင္ လမ္းခြဲလိုက္ၾကျပီ

ျပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ခ်ဲလ္ဆီးကို အငွားနဲ႔ ေရာက္လာတဲ့ ဂ်ဴဗင္တပ္အသင္းတိုက္စစ္မွဴး ဟီဂူရင္ဟာ လာမယ့္ေဘာလံုးရာသီမွာ ခ်ဲလ္ဆီးက သူနဲ႔ဆက္လက္ လက္တြဲလိုျခင္းမရွိေတာ့တဲ့အတြက္ အီတလီေျမကိုျပန္ျပီလို႔သိရပါတယ္။

ဇန္န၀ါရီေစ်းကြက္မွာ နည္းျပဆာရီရဲ႕ေခၚယူမႈနဲ႔အတူ လန္ဒန္ကလပ္ထံေရာက္ရွိလာတဲ့ ဟီဂူရင္ဟာ နာပိုလီမွာကစားစဥ္က ဆာရီနဲ႔အတူ လက္တြဲခဲ့ဖူးျပီး ဂိုးသြင္းစြမ္းရည္ေတြျပသႏိုင္ခဲ့ေပမဲ့ စတန္းဖို႔ဘရစ္မွာေတာ့ ရုန္းကန္ခဲ့ရပါတယ္။ အငွားကစားသမားဘ၀အစမွာ ဟီဂူရင္ဟာ ခ်ဲလ္ဆီးအတြက္ (၁၈)ပြဲကစားကာ (၇)ဂိုးသာသြင္းယူႏိုင္ခဲ့ျပီးေနာက္ပိုင္း သူ႔ရဲ႕ပံုမွန္ေနရာလည္းပေ်ာက္ခဲ့ပါတယ္။

အာဆင္နယ္အသင္းကေန ေရာက္လာခဲ့တဲ့ ဂီေရာ့ရဲ႕ ဂိုးေပါက္ျပန္ေတြ႕မႈေတြကလည္း ဟီဂူရင္ကို အရန္ခံုေပၚပို႔ေပးခဲ့ျပီး၊ ဒီျပင္သစ္သားရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္သာ ကစားခဲ့ရတဲ့အခ်ိန္ေတြကမ်ားခဲ့ပါတယ္။

ဟီဂူရင္ကို အျပီးသတ္ေခၚယူဖို႔ဆိုရင္ ခ်ဲလ္ဆီးဟာ ဂ်ဴဗင္တပ္အသင္းကို ေပါင္(၃၁.၃)သန္း ေပးေခ်ရမွာျဖစ္ပါတယ္။ ဟီဂူရင္အေနနဲ႔လည္း တိုက္စစ္မွာ စီေရာ္နယ္ဒို၊ မန္ဇူကစ္တို႔ရွိေနတဲ့ ဂ်ဴဗင္တပ္ကိုျပန္မယ္ဆိုရင္ ေနရာရဖို႔ ပိုမိုရုန္းကန္ရႏိုင္တဲ့အတြက္ ခ်ဲလ္ဆီးမွာ ပြဲထြက္ခြင့္အတြက္ ဂီေရာ့နဲ႔ယွဥ္ျပိဳင္ရင္း ဆက္ေနဖို႔ ဆႏၵရွိခဲ့ပါတယ္။

ဒါေပမဲ့ ကစားသမားရဲ႕အသက္အရြယ္နဲ႔ စြမ္းေဆာင္ရည္အရ ခ်ဲလ္ဆီးဟာ ဂ်ဴဗင္တပ္သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးပမာဏကို ေပးေခ်ဖို႔ အလိုမရွိတာေၾကာင့္ ေနာက္ဆံုးမွာေတာ့ ဒီ အာဂ်င္တီးနားသားနဲ႔ လမ္းခြဲဖို႔ ဆံုးျဖတ္လိုက္တာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ချဲလ်ဆီးနဲ့ဟီဂူရင် လမ်းခွဲလိုက်ကြပြီ

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချဲလ်ဆီးကို အငှားနဲ့ ရောက်လာတဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး ဟီဂူရင်ဟာ လာမယ့်ဘောလုံးရာသီမှာ ချဲလ်ဆီးက သူနဲ့ဆက်လက် လက်တွဲလိုခြင်းမရှိတော့တဲ့အတွက် အီတလီမြေကိုပြန်ပြီလို့သိရပါတယ်။

ဇန်နဝါရီဈေးကွက်မှာ နည်းပြဆာရီရဲ့ခေါ်ယူမှုနဲ့အတူ လန်ဒန်ကလပ်ထံရောက်ရှိလာတဲ့ ဟီဂူရင်ဟာ နာပိုလီမှာကစားစဉ်က ဆာရီနဲ့အတူ လက်တွဲခဲ့ဖူးပြီး ဂိုးသွင်းစွမ်းရည်တွေပြသနိုင်ခဲ့ပေမဲ့ စတန်းဖို့ဘရစ်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။ အငှားကစားသမားဘဝအစမှာ ဟီဂူရင်ဟာ ချဲလ်ဆီးအတွက် (၁၈)ပွဲကစားကာ (၇)ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ပုံမှန်နေရာလည်းပျောက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကနေ ရောက်လာခဲ့တဲ့ ဂီရော့ရဲ့ ဂိုးပေါက်ပြန်တွေ့မှုတွေကလည်း ဟီဂူရင်ကို အရန်ခုံပေါ်ပို့ပေးခဲ့ပြီး၊ ဒီပြင်သစ်သားရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခဲ့ရတဲ့အချိန်တွေကများခဲ့ပါတယ်။

ဟီဂူရင်ကို အပြီးသတ်ခေါ်ယူဖို့ဆိုရင် ချဲလ်ဆီးဟာ ဂျူဗင်တပ်အသင်းကို ပေါင်(၃၁.၃)သန်း ပေးချေရမှာဖြစ်ပါတယ်။ ဟီဂူရင်အနေနဲ့လည်း တိုက်စစ်မှာ စီရော်နယ်ဒို၊ မန်ဇူကစ်တို့ရှိနေတဲ့ ဂျူဗင်တပ်ကိုပြန်မယ်ဆိုရင် နေရာရဖို့ ပိုမိုရုန်းကန်ရနိုင်တဲ့အတွက် ချဲလ်ဆီးမှာ ပွဲထွက်ခွင့်အတွက် ဂီရော့နဲ့ယှဉ်ပြိုင်ရင်း ဆက်နေဖို့ ဆန္ဒရှိခဲ့ပါတယ်။

ဒါပေမဲ့ ကစားသမားရဲ့အသက်အရွယ်နဲ့ စွမ်းဆောင်ရည်အရ ချဲလ်ဆီးဟာ ဂျူဗင်တပ်သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ အလိုမရှိတာကြောင့် နောက်ဆုံးမှာတော့ ဒီ အာဂျင်တီးနားသားနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။

လူညိုချော@SportsGabar