ရက္ဖို႕စ္ကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ခ့ဲျပီျဖစ္တ့ဲမန္ယူႏုိက္တက္

မန္ယူႏိုက္တက္ဟာ အသင္းရဲ႕လူငယ္တိုက္စစ္မွဴး မားကပ္ရက္ဖို႔စ္ကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ခ့ဲျပီျဖစ္တယ္လို႔ လက္ရွိထြက္ေပၚလာတ့ဲ သတင္းေတြအရသိရပါတယ္။

ရက္ဖို႔စ္ကို ဘာစီလိုနာအသင္းကစိတ္၀င္စားေနတာျဖစ္ျပီးေတာ့ အေစာပိုင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ကစားသမားဘက္က အဆင္မေျပမႈေတြရွိေနခ ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ လက္ရွိထြက္ေပၚလာတ့ဲသတင္းေတြအရေတာ့မန္ယူႏိုက္တက္ဟာ ရက္ဖို႔စ္ကို (၄)ႏွစ္သက္တမ္းရွိတ့ဲစာခ်ဳပ္သက္တမ္းတစ္ရပ္ကိုခ်ဳပ္ဆိုႏိုင္ခ့ဲျပီးေတာ့၊ ရက္ဖို႔စ္ဟာ (၂၀၂၃)ခုႏွစ္မန္ယူႏိုက္တက္မွာပဲဆက္ရွိေနေတာ့မွာပဲျဖစ္ပါတယ္။

စာခ်ဳပ္သစ္မွာပါတ့ဲအခ်က္အလတ္ေတြအရ ရက္ဖို႔စ္ဟာ မန္ယူႏိုက္တက္မွာတစ္ပတ္လုပ္ခလစာ ေပါင္(၃၀၀,၀၀၀)သိန္းရရွိမွာျဖစ္တယ္လို႔သိရပါတယ္။ ဒါ့ေၾကာင့္ ရက္ဖို႔စ္ဟာ ဆန္းခ်က္ျပီးရင္မန္ယူႏိုက္တက္မွာ လစာအမ်ားဆံုးရရွိတ့ဲကစားသမားျဖစ္လာမွာျဖစ္ျပီး၊ ဒီပမာဏဟာ အသင္းေဖာ္ေပါ့ဘာရရွိေနတ့ဲ လစာနဲ႔လည္းတူညီမႈရွိသြားမွာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္ရဲ႕နည္းျပျဖစ္သူဆိုးလ္ရွားဟာ လာမယ့္ရာသီမွာအသင္းရဲ႕တိုက္စစ္ပိုင္းကိုအသက္(၂၁)ႏွဏ္အရြယ္လူငယ္ကစားသမားေလး ရက္ဖို႔စ္ကို၀န္းရံျပီးတည္ေဆာက္သြားဖို႔ရည္ရြယ္ထားတာေၾကာင့္ အခုလိုလစာတိုးျမွင့္ေပးျပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုခ့ဲတာျဖစ္တယ္လို႔လည္းသိရပါတယ္။ စာခ်ဳပ္သစ္ေၾကာင့္ ရက္ဖို႔စ္ရဲ႕ဘာစီလိုနာနဲ႔ သတင္းေတြဟာလည္း ျပန္လည္ျပီး ျငိမ္သက္သြားခ့ဲျပီျဖစ္ပါတယ္။

မန္ယူႏိုက္တက္ဟာ လက္ရွိမွာဆြမ္ဆီးအသင္းက ဂ်ိမ္းစ္နဲ႔ခရစၥတယ္ပဲေလ့အသင္းက ၀မ္ဘစ္ဆာခါတို႔ကိုေခၚယူထားႏိုင္ခ့ဲျပီျဖစ္ပါတယ္။ လက္ရွိ ဆိုးလ္ရွားတည္ေဆာက္ဖို႔ရည္ရြယ္ထားတ့ဲ မန္ယူႏိုက္တက္ရဲ႕ပံုစံဟာ လူငယ္ေတြကိုဦးတည္ျပီးေတာ့ပဲတည္ေဆာက္ဖို႔ျဖစ္ေနတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္လာမယ့္ေဘာလံုးရာသီမွာ လူငယ္ကစားသမားေတြနဲ႔ပြဲထြက္လာမယ့္ မန္ယူႏိုက္တက္ရဲ႕ေျခလွမ္းေတြကိုေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ရက်ဖို့စ်ကိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်တဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်ဟာ အသင်းရဲ့လူငယ်တိုက်စစ်မှူး မားကပ်ရက်ဖို့စ်ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရသိရပါတယ်။

ရက်ဖို့စ်ကို ဘာစီလိုနာအသင်းကစိတ်ဝင်စားနေတာဖြစ်ပြီးတော့ အစောပိုင်းက စာချုပ်သက်တမ်းတိုးဖို့အတွက် ကစားသမားဘက်က အဆင်မပြေမှုတွေရှိနေခ့ဲတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့မန်ယူနိုက်တက်ဟာ ရက်ဖို့စ်ကို (၄)နှစ်သက်တမ်းရှိတဲ့စာချုပ်သက်တမ်းတစ်ရပ်ကိုချုပ်ဆိုနိုင်ခဲ့ပြီးတော့၊ ရက်ဖို့စ်ဟာ (၂၀၂၃)ခုနှစ်မန်ယူနိုက်တက်မှာပဲဆက်ရှိနေတော့မှာပဲဖြစ်ပါတယ်။

စာချုပ်သစ်မှာပါတဲ့အချက်အလတ်တွေအရ ရက်ဖို့စ်ဟာ မန်ယူနိုက်တက်မှာတစ်ပတ်လုပ်ခလစာ ပေါင်(၃၀၀,၀၀၀)သိန်းရရှိမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် ရက်ဖို့စ်ဟာ ဆန်းချက်ပြီးရင်မန်ယူနိုက်တက်မှာ လစာအများဆုံးရရှိတဲ့ကစားသမားဖြစ်လာမှာဖြစ်ပြီး၊ ဒီပမာဏဟာ အသင်းဖော်ပေါ့ဘာရရှိနေတဲ့ လစာနဲ့လည်းတူညီမှုရှိသွားမှာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်ရဲ့နည်းပြဖြစ်သူဆိုးလ်ရှားဟာ လာမယ့်ရာသီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုအသက်(၂၁)နှဏ်အရွယ်လူငယ်ကစားသမားလေး ရက်ဖို့စ်ကိုဝန်းရံပြီးတည်ဆောက်သွားဖို့ရည်ရွယ်ထားတာကြောင့် အခုလိုလစာတိုးမြှင့်ပေးပြီးစာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ စာချုပ်သစ်ကြောင့် ရက်ဖို့စ်ရဲ့ဘာစီလိုနာနဲ့ သတင်းတွေဟာလည်း ပြန်လည်ပြီး ငြိမ်သက်သွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ လက်ရှိမှာဆွမ်ဆီးအသင်းက ဂျိမ်းစ်နဲ့ခရစ္စတယ်ပဲလေ့အသင်းက ဝမ်ဘစ်ဆာခါတို့ကိုခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ ဆိုးလ်ရှားတည်ဆောက်ဖို့ရည်ရွယ်ထားတဲ့ မန်ယူနိုက်တက်ရဲ့ပုံစံဟာ လူငယ်တွေကိုဦးတည်ပြီးတော့ပဲတည်ဆောက်ဖို့ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လာမယ့်ဘောလုံးရာသီမှာ လူငယ်ကစားသမားတွေနဲ့ပွဲထွက်လာမယ့် မန်ယူနိုက်တက်ရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar