မက္ဆီရဲ႕အာဂ်င္တီးနားကစားေဖာ္ မာတီနက္ကိုေခၚယူဖို႔ စိတ္၀င္စားေနတ့ဲဘာကာ

ဘာစီလိုနာအသင္းဟာ မက္ဆီနဲ႔အာဂ်င္တီးနားအသင္းေဖာ္ေတြၾကတ့ဲ မာတီနက္ ကိုေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။

သတင္းေတြအရ ဘာစီလိုနာဟာ မာတီနက္ကိုေခၚယူႏိုင္ဖို႔အတြက္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကို ဆက္သြယ္မႈေတြျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။ မာတီနက္ဟာအသက္(၂၁)ႏွစ္သာရွိေသးျပီးေတာ့ လက္ရွိအင္တာမီလန္အသင္းမွာကစားေနတာပဲျဖစ္ပါတယ္။ မာတီနက္ဟာ အင္တာမီလန္အသင္းနဲ႔အတူျပသခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္ အာဂ်င္တီးနားအသင္းမွာေရြးခ်ယ္ခံခ့ဲရျပီး၊ ကိုပါအေမရိကမွာလည္း အာဂ်င္တီးနားအသင္းအတြက္ ေျခစြမ္းျပကစားထားႏိုင္ခ့ဲပါတယ္။

မာတီနက္ဟာ အာ၈်င္တီးနားလက္ေရြးစင္အသင္ၾကီးအတြက္ (၁၀)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး၊ (၆)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲပါတယ္။ အင္တာမီလန္အသင္းကိုလည္း (၂၀၁၈)ခုႏွစ္ကေရာက္ရွိခ့ဲတာျဖစ္ျပီး၊ လက္ရွ္အခ်ိန္အထိ အင္တာမီလန္အသင္းအတြက္ ပြဲေပါင္း(၂၇)ပြဲပါ၀င္ကစာေးပးထားခ့ဲကာ သြင္းဂိုး(၆)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

မာတီနက္ဟာ တုိက္စစ္မွဴးေနရာမွာကစားတာျဖစ္ျပီးေတာ့ ဘာစီလိုနာရဲ႕တိုက္စစ္ပိုင္းမွာကစားေနၾကတ့ဲ ဆြာရက္နဲ႔မက္ဆီတို႔ဟာ အသက္(၃၀)ေက်ာ္အရြယ္ထဲကိုေရာက္လာခ့ဲျပီျဖစ္တာေၾကာင့္ ဘာစီလိုနာက ေရရွည္အတြက္ မာတီနက္ကိုေခၚယူဖို႔အလိုရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ မာတီနက္ရဲ႕ေျခစြမ္းပိုင္းကို မက္ဆီကလည္းႏွစ္သက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမ့ဲ ဘာစီလိုနာဟာ အက္သလက္က ဂရစ္မန္းနဲ႔ ပီအက္စ္ဂ်ီကေနမာတို႔ကိုလည္းေခၚယူဖို႔ခ်ိတ္ဆက္ေနတာေၾကာင့္ မာတီနက္ကိုေခၚယူမယ္ဆိုရင္ေတာင္ ဒီေႏြေစ်းကြက္ထဲမွာေတာ့ အေျပာင္းအေရႊ႕ဟာျဖစ္လာႏိုင္ေျခအရမ္းကိုနည္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မက်ဆီရဲ့အာဂျင်တီးနားကစားဖော် မာတီနက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ဘာကာ

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့အာဂျင်တီးနားအသင်းဖော်တွေကြတဲ့ မာတီနက် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။

သတင်းတွေအရ ဘာစီလိုနာဟာ မာတီနက်ကိုခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မာတီနက်ဟာအသက်(၂၁)နှစ်သာရှိသေးပြီးတော့ လက်ရှိအင်တာမီလန်အသင်းမှာကစားနေတာပဲဖြစ်ပါတယ်။ မာတီနက်ဟာ အင်တာမီလန်အသင်းနဲ့အတူပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် အာဂျင်တီးနားအသင်းမှာရွေးချယ်ခံခဲ့ရပြီး၊ ကိုပါအမေရိကမှာလည်း အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။

မာတီနက်ဟာ အာ၈ျင်တီးနားလက်ရွေးစင်အသင်ကြီးအတွက် (၁၀)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ (၆)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းကိုလည်း (၂၀၁၈)ခုနှစ်ကရောက်ရှိခဲ့တာဖြစ်ပြီး၊ လက်ရှ်အချိန်အထိ အင်တာမီလန်အသင်းအတွက် ပွဲပေါင်း(၂၇)ပွဲပါဝင်ကစာေးပးထားခဲ့ကာ သွင်းဂိုး(၆)ဂိုးသွင်းယူပေးထားနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

မာတီနက်ဟာ တိုက်စစ်မှူးနေရာမှာကစားတာဖြစ်ပြီးတော့ ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းမှာကစားနေကြတဲ့ ဆွာရက်နဲ့မက်ဆီတို့ဟာ အသက်(၃၀)ကျော်အရွယ်ထဲကိုရောက်လာခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာက ရေရှည်အတွက် မာတီနက်ကိုခေါ်ယူဖို့အလိုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မာတီနက်ရဲ့ခြေစွမ်းပိုင်းကို မက်ဆီကလည်းနှစ်သက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာ အက်သလက်က ဂရစ်မန်းနဲ့ ပီအက်စ်ဂျီကနေမာတို့ကိုလည်းခေါ်ယူဖို့ချိတ်ဆက်နေတာကြောင့် မာတီနက်ကိုခေါ်ယူမယ်ဆိုရင်တောင် ဒီနွေဈေးကွက်ထဲမှာတော့ အပြောင်းအရွှေ့ဟာဖြစ်လာနိုင်ခြေအရမ်းကိုနည်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar