ပရိသတ္ေတြရဲ႕ လုပ္ရပ္ေၾကာင့္ ေပါင္ (၄၅၀၀၀)ဒဏ္ ရိုက္ခံခဲ့ရတဲ့ ေဒါ့မြန္အသင္း

ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ အသင္းရဲ႕ ပရိသတ္ေတြရဲ႕ ကြင္းအတြင္းအျပဳအမႈ တခ်ိဳ႕ေၾကာင့္ ေဘာလံုးရာသီ ျပီးသြားခ်ိန္မွာ ျပစ္ဒဏ္ေတြခ်မွတ္ခံခဲ့ရပါတယ္။ ေပါင္ (၄၅၀၀၀)အထိ ဒဏ္တပ္ခံခဲ့ရျပီး၊ အသင္းကလည္း ေက်ေက်နပ္နပ္နဲ႔ ေပးေခ်မယ္လို႔ ဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ေမလ (၄)ရက္ေန႔က ေဒါ့မြန္နဲ႔ ၀ါဒါဘရီမင္တို႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေဒါ့မြန္အသင္းရဲ႕ ပရိသတ္ေတြ အားေပးပံုကၾကမ္းတမ္းခဲ့ပါတယ္။ ကြင္းထဲကို မီးပန္းေတြ ပစ္ခ်ခဲ့ၾကျပီး၊ မ်ားျပားလြန္းခဲ့တာေၾကာင့္ ကြင္းအတြင္းကေန အျပင္ကိုေရာက္ဖို႔ ဖယ္ရွားခဲ့ရာမွာ ပြဲစဖို႔ (၃)မိနစ္ေနာက္က်ခဲ့ရတယ္လို႔ ဆိုပါတယ္။

ေဘာလံုးကစားေနစဥ္မွာလည္း ဒီျဖစ္ရပ္ေၾကာင့္ အပိုထပ္ေဆာင္းျပႆနာျဖစ္မႈ (၄)ခုေနာက္ဆက္တြဲ ျဖစ္ပြားတယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။ ျပႆနာေတြနဲ႔ ပတ္သက္ျပီး ေဒါ့မြန္အသင္းမွာ တာ၀န္ရွိခဲ့တဲ့အတြက္ ဂ်ာမန္ေဘာလံုးအဖြဲ႔ခ်ဳပ္ အားကစားဆိုင္ရာ စီရင္ခ်က္ခ်အဖြဲ႔ (DFB) ကေန အသင္းကို ပရိသတ္ေတြရဲ႕ အားေပးမႈဟာ ေထာက္ခံသူမဆန္ေသာအျပဳအမႈဆိုတဲ့စြဲခ်က္နဲ႔အတူ ေပါင္(၄၅၀၀၀) ဒဏ္ေငြခ်မွတ္ခဲ့တာပါ။

အသင္းက တရား၀င္လက္ခံလိုက္ျပီ ျဖစ္တဲ့အတြက္ ဥပေဒနဲ႔အညီ ဆက္လက္လုပ္ေဆာင္သြားဖို႔ ရွိေပမယ့္ ပရိသတ္ေတြနဲ႔ ပတ္သက္တဲ့ အေရးယူမႈ တစ္စံုတစ္ရာကိုမွ ျပဳလုပ္ဖို႔ အသင္းက ေၾကညာထားတာမေတြ႕ရပါဘူး။

ေရႊရင္ေအး@SportsGabar

Unicode

ပရိသတ်တွေရဲ့ လုပ်ရပ်ကြောင့် ပေါင် (၄၅၀၀၀)ဒဏ် ရိုက်ခံခဲ့ရတဲ့ ဒေါ့မွန်အသင်း

ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့ ပရိသတ်တွေရဲ့ ကွင်းအတွင်းအပြုအမှု တချို့ကြောင့် ဘောလုံးရာသီ ပြီးသွားချိန်မှာ ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။ ပေါင် (၄၅၀၀၀)အထိ ဒဏ်တပ်ခံခဲ့ရပြီး၊ အသင်းကလည်း ကျေကျေနပ်နပ်နဲ့ ပေးချေမယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ (၄)ရက်နေ့က ဒေါ့မွန်နဲ့ ဝါဒါဘရီမင်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းရဲ့ ပရိသတ်တွေ အားပေးပုံကကြမ်းတမ်းခဲ့ပါတယ်။ ကွင်းထဲကို မီးပန်းတွေ ပစ်ချခဲ့ကြပြီး၊ များပြားလွန်းခဲ့တာကြောင့် ကွင်းအတွင်းကနေ အပြင်ကိုရောက်ဖို့ ဖယ်ရှားခဲ့ရာမှာ ပွဲစဖို့ (၃)မိနစ်နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

ဘောလုံးကစားနေစဉ်မှာလည်း ဒီဖြစ်ရပ်ကြောင့် အပိုထပ်ဆောင်းပြဿနာဖြစ်မှု (၄)ခုနောက်ဆက်တွဲ ဖြစ်ပွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေါ့မွန်အသင်းမှာ တာဝန်ရှိခဲ့တဲ့အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ် အားကစားဆိုင်ရာ စီရင်ချက်ချအဖွဲ့ (DFB) ကနေ အသင်းကို ပရိသတ်တွေရဲ့ အားပေးမှုဟာ ထောက်ခံသူမဆန်သောအပြုအမှုဆိုတဲ့စွဲချက်နဲ့အတူ ပေါင်(၄၅၀၀၀) ဒဏ်ငွေချမှတ်ခဲ့တာပါ။

အသင်းက တရားဝင်လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပေမယ့် ပရိသတ်တွေနဲ့ ပတ်သက်တဲ့ အရေးယူမှု တစ်စုံတစ်ရာကိုမှ ပြုလုပ်ဖို့ အသင်းက ကြေညာထားတာမတွေ့ရပါဘူး။

ရွှေရင်အေး@SportsGabar