မာႏိုလပ္ ကိုလက္မွတ္ထိုးေခၚယူႏိုင္ခဲ့ျပီျဖစ္တဲ့ နာပိုလီ

အီတလီစီးရီးေအကလပ္ နာပိုလီအသင္းဟာ ျပိဳင္ဘက္ရိုးမားအသင္းရဲ႕ဗဟိုေနာက္ခံလူ ကိုစတက္မာႏိုလပ္ကို ယူရို (၃၆)သန္းနဲ႔ လက္မွတ္ထိုးေခၚယူႏိုင္ခဲ့ျပီလို႔သိရပါတယ္။

ရိုးမားအသင္းနဲ႔(၅)ရာသီၾကာျဖတ္သန္းခဲ့ျပီးေနာက္ အသက္(၂၈)ႏွစ္အရြယ္ မာႏိုလပ္ကို ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္၊ ျပည္တြင္းျပိဳင္ဘက္ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ကလည္း ခ်ိတ္ဆက္ခဲ့ေပမဲ့ နာပိုလီအသင္းက လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗီလာရီးရဲလ္အသင္းထံေျပာင္းေရႊ႕ကစားဖို႔ စိုင္းျပင္ေနတဲ့ ေနာက္ခံလူ ရာအူးလ္အယ္လ္ဘီအို ရဲ႕ေနရာအတြက္ အစားထိုးကစားႏိုင္တဲ့ မာႏိုလပ္ဟာ နာပိုလီမွာ အနာဂတ္မတည္မျငိမ္ျဖစ္ေနတဲ့ ဥေရာပအသင္းၾကီးေတြရဲ႕ပစ္မွတ္ ကူလီဘလီရဲ႕ေနရာကိုလည္း အေကာင္းဆံုး အစား၀င္ႏိုင္သူပါ။

ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀မွာ ပြဲေပါင္း (၃၆၉)ပြဲ ကစားထားခဲ့ျပီး ဂိုးေပါင္း(၂၀)နဲ႔ ဖန္တီးမႈ(၉)ၾကိမ္ျပဳလုပ္ထားခဲ့တဲ့ ဂရိလက္ေရြးစင္ေနာက္ခံလူ မာႏိုလပ္ဟာ အိုလံဘီယာေကာ့၊ ေအအီးေကေအသင္အသင္းေတြမွာလည္း ကစားသမားဘ၀ကိုျဖတ္သန္းခဲ့ဖူးလို႔ အေတြ႔အၾကံဳရင့္ ခံစစ္မွဴးေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

မာႏိုလပ္ေရာက္ရွိလာခဲ့လို႔ နဂိုကတည္းက ခံစစ္ကစားသမားေကာင္းေတြပိုင္ဆိုင္ထားျပီးသားျဖစ္တဲ့ နာပိုလီအသင္းရဲ႕ေနာက္တန္းဟာ ပိုမိုက်စ္လစ္သြားဖို႔ရွိျပီး ျပိဳင္ဘက္အသင္းေတြျဖိဳဖို႔ခက္ခဲတဲ့ ေတာင္တစ္လံုးသဖြယ္ျဖစ္လာဖို႔ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မာနိုလပ် ကိုလက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ နာပိုလီ

အီတလီစီးရီးအေကလပ် နာပိုလီအသင်းဟာ ပြိုင်ဘက်ရိုးမားအသင်းရဲ့ဗဟိုနောက်ခံလူ ကိုစတက်မာနိုလပ်ကို ယူရို (၃၆)သန်းနဲ့ လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ပြီလို့သိရပါတယ်။

ရိုးမားအသင်းနဲ့(၅)ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် အသက်(၂၈)နှစ်အရွယ် မာနိုလပ်ကို ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ ပြည်တွင်းပြိုင်ဘက် အေစီမီလန်နဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း ချိတ်ဆက်ခဲ့ပေမဲ့ နာပိုလီအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းထံပြောင်းရွှေ့ကစားဖို့ စိုင်းပြင်နေတဲ့ နောက်ခံလူ ရာအူးလ်အယ်လ်ဘီအို ရဲ့နေရာအတွက် အစားထိုးကစားနိုင်တဲ့ မာနိုလပ်ဟာ နာပိုလီမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ် ကူလီဘလီရဲ့နေရာကိုလည်း အကောင်းဆုံး အစားဝင်နိုင်သူပါ။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ပွဲပေါင်း (၃၆၉)ပွဲ ကစားထားခဲ့ပြီး ဂိုးပေါင်း(၂၀)နဲ့ ဖန်တီးမှု(၉)ကြိမ်ပြုလုပ်ထားခဲ့တဲ့ ဂရိလက်ရွေးစင်နောက်ခံလူ မာနိုလပ်ဟာ အိုလံဘီယာကော့၊ အေအီးကေအေသင်အသင်းတွေမှာလည်း ကစားသမားဘဝကိုဖြတ်သန်းခဲ့ဖူးလို့ အတွေ့အကြုံရင့် ခံစစ်မှူးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

မာနိုလပ်ရောက်ရှိလာခဲ့လို့ နဂိုကတည်းက ခံစစ်ကစားသမားကောင်းတွေပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့ နာပိုလီအသင်းရဲ့နောက်တန်းဟာ ပိုမိုကျစ်လစ်သွားဖို့ရှိပြီး ပြိုင်ဘက်အသင်းတွေဖြိုဖို့ခက်ခဲတဲ့ တောင်တစ်လုံးသဖွယ်ဖြစ်လာဖို့ရှိနေပါတယ်။

လူညိုချော@SportsGabar