unicode
ကော်တင်ဟိုအတွက်တွံခါးဖွင့်ထားတယ်ဆိုတဲ့ လီဗာပူးလ်
ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလက ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ဟိုတစ်ယောက် ဘာစီလိုနာမှာအဆင်မပြေမှုတွေနဲ့ရုန်းကန်နေခဲ့ရပြီး၊ ဒီနွေဈေးကွက်ထဲမှာ အသင်းပြောင်းတော့မယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ကော်တင်ဟိုဘယ်အသင်းကိုပြောင်းမလဲဆိုတာ သေချာမသိရသေးပေမဲ့ အသင်းဟောင်လီဗာပူးလ်ကတော့ ကော်တင်ဟိုအတွက် တွခါးဖွင့်ထားဆဲဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။
ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းမှာခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ကော်တင်ဟိုကို နေမာရဲ့နေရာမှာအစားထိုးဖို့အတွက် မျှော်လင့်ချက်ကြီးစွာနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကော်တင်ဟိုတစ်ယောက် ဘာစီလိုနာမှာထင်သလောက်ခြေစွ့မ်းမပြနိုင်ခဲ့ဲပဲ ရုန်းကနေခဲ့ရပြီး၊ ဘာစီလိုနာအသင်းပရိသတ်တွေရဲ့ငြိုငြင်မှု နဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ကော်တင်ဟိုပါဝင်ကစားတဲ့ အချို့ပွဲတွေမှာဆို ဘာစီလိုနာပရိသတ်တွေဟာ ကော်တင်ဟိုရဲ့နာမည်ကို အော်ဟစ်ပြီးတော့ လှောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဖော်မက်ဆီကလည်း ကော်တင်ဟိုရဲ့ခြေစွမ်းတွေအပေါ်မှာ စိတ်ပျက်နေပြီး၊ နှစ်ဦးကြားမှာအဆင်မပြေမငတွေရှိနေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ အသင်းဟောင်းလီဗာပူးကတော့ ကော်တင်ဟိုအသင်းကိုပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ပြောကြားတာကြောင့် ကော်တင်ဟိုတစ်ယောက် ဘာစီလိုနာကနေထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် အသင်းဟောင်းလီဗာပူးလ်ကိုပဲပြန်တော့မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar