ႏြန္ဘီလီအတြက္ သေဘာတူညီမႈရခဲ့ျပီျဖစ္တဲ့ စပါး

ပရီးမီးယားလိဂ္ကလပ္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ျပင္သစ္လီဂူးကလပ္ လိုင္ယြန္ကြင္းလယ္လူ တန္ဂိုင္းႏြန္ဘီလီကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ျပီလို႔သိရပါတယ္။

သေဘာတူညီခ်က္အရ စပါးအသင္းဟာ ႏြန္ဘီလီအတြက္ လုိင္ယြန္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္(၅၅)သန္းေပးေခ်ရမွာျဖစ္ပါတယ္။ ႏြန္ဘီလီဟာ လက္ရွိ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းၾကီးေတြနဲ႔ သတင္းထြက္ေပၚေနတဲ့ကစားသမားတစ္ဦးျဖစ္ျပီး စပါးအသင္းက လက္ဦးမႈရယူထားႏိုင္ခဲ့တာပါ။

ျပီးခဲ့တဲ့အေျပာင္းအေရႊ႕ကာလမွာ ကစားသမားေခၚယူမႈ တစ္ခုမွမျပဳလုပ္ခဲ့တဲ့ စပါးဟာ ရာသီကုန္မွာေတာ့ ပရီးမီးယားလိဂ္အဆင့္(၄)နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့လို႔ ေအာင္ျမင္မႈ အထိုက္အေလ်ာက္ရရွိခဲ့တယ္လို႔ဆိုရမွာပါ။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ စပါးအေနနဲ႔ အသင္းကို အားအင္ျဖည့္တင္းဖို႔ လိုအပ္ေနျပီး၊ အထူးသျဖင့္ ခံစစ္ကို ျပင္ဆင္ဖို႔အဓိကလုပ္ေဆာင္သြားရမွာျဖစ္ပါတယ္။

အေျပာင္းအေရႊ႕ေစ်းကြက္မွာ စပါးအသင္းရဲ႕ပထမဆံုးေခၚယူမႈျဖစ္လာဖို႔ရွိေနတဲ့ ႏြန္ဘီလီဟာ တစ္ခ်ိန္တုန္းက ခ်ဲလ္ဆီးကြင္းလယ္က မိုက္ကယ္အက္ဆီယံလို ခြန္အားနဲ႔ ဇာဘီအလြန္ဆိုလိုမ်ိဳး ေျပာင္ေျမာက္တဲ့ ေဘာလံုးေပးပို႔မႈေတြျပဳလုပ္ႏိုင္သူပါ။ တိက်တဲ့ျဖတ္တင္ေဘာေတြျပဳလုပ္ႏိုင္တဲ့ ႏြန္ဘီလီဟာ စပါးအသင္းရဲ႕ တန္ျပန္တိုက္စစ္မွာလည္း အေကာင္းဆံုးအကူအညီျဖစ္ေစပါလိမ့္မယ္။

လာမယ့္ရာသီမွာ အဲရစ္ဆင္ထြက္ခြာဖြယ္ရွိေနလို႔ စပါးအသင္းရဲ႕ကြင္းလယ္အတြက္ အားေလ်ာ့မႈေတြရွိလာႏိုင္ေပမဲ့လည္း ႏြန္ဘီလီက အေကာင္းဆံုး အစားထိုးမႈတစ္ခုျဖစ္လာေတာ့မွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

နွန်ဘီလီအတွက် သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ စပါး

ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြင်သစ်လီဂူးကလပ် လိုင်ယွန်ကွင်းလယ်လူ တန်ဂိုင်းနွန်ဘီလီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။

သဘောတူညီချက်အရ စပါးအသင်းဟာ နွန်ဘီလီအတွက် လိုင်ယွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းပေးချေရမှာဖြစ်ပါတယ်။ နွန်ဘီလီဟာ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကြီးတွေနဲ့ သတင်းထွက်ပေါ်နေတဲ့ကစားသမားတစ်ဦးဖြစ်ပြီး စပါးအသင်းက လက်ဦးမှုရယူထားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှု တစ်ခုမှမပြုလုပ်ခဲ့တဲ့ စပါးဟာ ရာသီကုန်မှာတော့ ပရီးမီးယားလိဂ်အဆင့်(၄)နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ အောင်မြင်မှု အထိုက်အလျောက်ရရှိခဲ့တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ စပါးအနေနဲ့ အသင်းကို အားအင်ဖြည့်တင်းဖို့ လိုအပ်နေပြီး၊ အထူးသဖြင့် ခံစစ်ကို ပြင်ဆင်ဖို့အဓိကလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာ စပါးအသင်းရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာဖို့ရှိနေတဲ့ နွန်ဘီလီဟာ တစ်ချိန်တုန်းက ချဲလ်ဆီးကွင်းလယ်က မိုက်ကယ်အက်ဆီယံလို ခွန်အားနဲ့ ဇာဘီအလွန်ဆိုလိုမျိုး ပြောင်မြောက်တဲ့ ဘောလုံးပေးပို့မှုတွေပြုလုပ်နိုင်သူပါ။ တိကျတဲ့ဖြတ်တင်ဘောတွေပြုလုပ်နိုင်တဲ့ နွန်ဘီလီဟာ စပါးအသင်းရဲ့ တန်ပြန်တိုက်စစ်မှာလည်း အကောင်းဆုံးအကူအညီဖြစ်စေပါလိမ့်မယ်။

လာမယ့်ရာသီမှာ အဲရစ်ဆင်ထွက်ခွာဖွယ်ရှိနေလို့ စပါးအသင်းရဲ့ကွင်းလယ်အတွက် အားလျော့မှုတွေရှိလာနိုင်ပေမဲ့လည်း နွန်ဘီလီက အကောင်းဆုံး အစားထိုးမှုတစ်ခုဖြစ်လာတော့မှာပါ။

လူညိုချော@SportsGabar