၀မ္ဘစ္ဆာခါေၾကာင့္ ဒါေလာ့ကိုအလိုမရွိေတာ့တ့ဲ ဆိုးလ္ရွား

လက္ရွိထြက္ေပးေနတ့ဲသတင္းေတြအရ မန္ယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့ညာေနာက္ခံလူ ၀မ္ဘစ္ဆာခါကို ေခၚယူႏိုင္ခ့ဲျပီးတ့ဲေနာက္မွာ နည္းျပျဖစ္သူဆိုးလ္ရွားဟာ ညာေနာက္ခံလူျဖစ္သူ ဒါေလာ့ကို အသင္းကေနထြက္ခြာဖို႔ခြင့္ျပဳထားတယ္လို႔သိရပါတယ္။

သတင္းေတြအရ မန္ယူႏိုက္တက္ရဲ႕နည္းျပျဖစ္သူဆိုးလ္ရွားဟာ အသင္းရဲ႕ညာေနာက္ခံေနရာအတြက္ ၀မ္ဘစ္ဆာခါကိုသာ ပထမေနရာေပးဖို႔ ဆံုးျဖတ္ထားတယ္လို႔သိရပါတယ္။ မန္ယူႏိုက္တက္ဟာ ဒါေလာ့ကိုျပီးခ့ဲတ့ဲ ေႏြရာသီအေျပာင္းအေရႊ႕ကာလကမွ ေပၚတိုအသင္းကေနေျပာင္းေရႊ႕ေၾကးေပါင္(၁၈)သန္းနဲ႔ေခၚယူထားခ့ဲတာျဖစ္ပါတယ္။

ဒါေလာ့ကို နည္းျပျဖစ္သူေမာ္ရင္ဟိုလက္ထက္ကေေခၚယူခ့ဲတာျဖစ္ျပီးေတာ့ ဒါေလာ့ဟာ ဆယ္စုႏွစ္တစ္ခုၾကာသည့္တိုင္ေအာင္ အသင္းရဲ႕ အဓိကညာေနာက္ခံလူတစ္ဦးျဖစ္လိမ့္မယ္လိုေမာ္ရင္ဟိုက ေဟာကိန္းထုက္ထားခ့ဲတာပဲျဖစ္ပါတယ္။ ဒါေလာ့ဟာ ျပီးခ့ဲတ့ဲ ရာသီက ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ(၁၈)ပြဲပါ၀င္ကစားခြင့္ရခ့ဲျပီး၊ ပြဲေတာ္ေတာ္မ်ားမ်ားမွာ သူကစားေနၾကေနရာမဟုတ္တ့ဲ ညာေတာင္ပံမွာကစားခ့ဲရတာပဲျဖစ္ပါတယ္။

၀မ္ဘစ္ဆာခါဟာ ဆိုးလ္ရွားရဲ႕ပထမဦးစားေပးျဖစ္လာဖြယ္ရွိေသာ္လည္း ေနရာတစ္ခုမွာ ကစားသမားႏွစ္ေယာက္ေလာက္၇ွိေနဖုိ႔ ဆိုးလ္ရွားကအလိုရွိေနတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲလည္း သတင္းစာတစ္ခုရဲ႕အဆိုအရ မန္ယူႏိုက္တက္ရဲ႕လက္ရွိလူစာရင္းမွာ ဒါေလာက အပိုျဖစ္ေနတာေၾကာင့္ ကစားသမားကို အေရာင္းစာရင္းတင္ထားျပီျဖစ္တယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္ဟာ ဒါေလာ့အျပင္ ဒါမီယန္၊ ရိုဂ်ိဳနဲ႔လူကာကူတို႔ကုိလည္းအသင္းကေနထြက္ခြာဖို႔ခြင့္ျပဳထားျပီးျဖစ္တယ္လို႔သိရပါတယ္။ လူငယ္ကစားသမားေတြနဲ႔အသင္းကိုတည္ေဆာက္ဖို႔ ရည္ရြယ္ထားတ့ဲ ဆိုးလ္ရွားတစ္ေယာက္ အရည္အေသြးရွိတ့ဲ ဒါေလာ့ကိုတကယ္ပဲေရာင္းထုက္ေတာ့မွာလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

၀မ်ဘစ်ဆာခါကြောင့် ဒါလော့ကိုအလိုမရှိတော့တဲ့ ဆိုးလ်ရှား

လက်ရှိထွက်ပေးနေတဲ့သတင်းတွေအရ မန်ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့ညာနောက်ခံလူ ဝမ်ဘစ်ဆာခါကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်မှာ နည်းပြဖြစ်သူဆိုးလ်ရှားဟာ ညာနောက်ခံလူဖြစ်သူ ဒါလော့ကို အသင်းကနေထွက်ခွာဖို့ခွင့်ပြုထားတယ်လို့သိရပါတယ်။

သတင်းတွေအရ မန်ယူနိုက်တက်ရဲ့နည်းပြဖြစ်သူဆိုးလ်ရှားဟာ အသင်းရဲ့ညာနောက်ခံနေရာအတွက် ဝမ်ဘစ်ဆာခါကိုသာ ပထမနေရာပေးဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ မန်ယူနိုက်တက်ဟာ ဒါလော့ကိုပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကမှ ပေါ်တိုအသင်းကနေပြောင်းရွှေ့ကြေးပေါင်(၁၈)သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ဒါလော့ကို နည်းပြဖြစ်သူမော်ရင်ဟိုလက်ထက်ကေခေါ်ယူခဲ့တာဖြစ်ပြီးတော့ ဒါလော့ဟာ ဆယ်စုနှစ်တစ်ခုကြာသည့်တိုင်အောင် အသင်းရဲ့ အဓိကညာနောက်ခံလူတစ်ဦးဖြစ်လိမ့်မယ်လိုမော်ရင်ဟိုက ဟောကိန်းထုက်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုးလ်ရှားရဲ့လက်အောက်မှာ(၁၈)ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး၊ ပွဲတော်တော်များများမှာ သူကစားနေကြနေရာမဟုတ်တဲ့ ညာတောင်ပံမှာကစားခဲ့ရတာပဲဖြစ်ပါတယ်။

ဝမ်ဘစ်ဆာခါဟာ ဆိုးလ်ရှားရဲ့ပထမဦးစားပေးဖြစ်လာဖွယ်ရှိသော်လည်း နေရာတစ်ခုမှာ ကစားသမားနှစ်ယောက်လောက်၇ှိနေဖို့ ဆိုးလ်ရှားကအလိုရှိနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း သတင်းစာတစ်ခုရဲ့အဆိုအရ မန်ယူနိုက်တက်ရဲ့လက်ရှိလူစာရင်းမှာ ဒါလောက အပိုဖြစ်နေတာကြောင့် ကစားသမားကို အရောင်းစာရင်းတင်ထားပြီဖြစ်တယ်လို့သိရပါတယ်။

မန်ယူနိုက်တက်ဟာ ဒါလော့အပြင် ဒါမီယန်၊ ရိုဂျိုနဲ့လူကာကူတို့ကိုလည်းအသင်းကနေထွက်ခွာဖို့ခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။ လူငယ်ကစားသမားတွေနဲ့အသင်းကိုတည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဆိုးလ်ရှားတစ်ယောက် အရည်အသွေးရှိတဲ့ ဒါလော့ကိုတကယ်ပဲရောင်းထုက်တော့မှာလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar