လာလီဂါျပိဳင္ပြဲရဲ႕ဥကၠဌျဖစ္သူပါ ပါ၀င္လာတ့ဲ ေနမာရဲ႕အေျပာင္းအေရႊ႕

လာလီဂါျပိဳင္ပြဲရဲ႕ဥကၠဌျဖစ္သူ ဂ်ာဗီယား တက္ဘပ္စ္ဟာ သူ႔အေနနဲ႔ ေနမာ ဘာစီလိုနာကိုျပန္လာမွာကို အလိုမရွိဘူးလို႔ေျပာၾကားသြားခ့ဲျပီး၊ ေနမာရဲ႕အျပဳအမူေတြနဲ႔ပတ္သက္ျပီးေတာ့လည္း ေမးခြန္းထုက္သြားခ့ဲပါတယ္။

ေနမာဟာ ျပီးခ့ဲတ့ဲ(၂၀၁၇)ခုႏွစ္က ပီအက္စ္ဂ်ီအသင္းဆီသို႔ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေျပာင္းခ့ဲျပီးတ့ဲေနာက္၊ လက္ရွိမွာေတာ့ ဘာစီလိုနာဆီသို႔ျပန္လာရန္အတြက္ အျပင္းအထန္ခ်ိတ္ဆက္မႈေတြျပဳလုပ္လ်က္ရွိေနတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းေဖာ္ကာဗာနီျပႆနာအခ်ိဳ႔ရွိေနခ့ဲတ့ဲေနမာဟာ ဒဏ္ရာျပႆနာေတြေၾကာင့္လည္း အသင္းမွာပါ၀င္ခြင့္ရဖို႔ရုန္းကန္ေနခ့ဲရတ့ဲသူပါ။

ဒါ့အျပင္ ပီအက္စ္ဂ်ီအသင္းရဲ႕ဥကၠဌျဖစ္သူကလည္း ေနမာရဲ႕အျပဳအမူေတြနဲ႔ပတ္သက္ျပီး၊ အသင္းမွာ ထင္ေပၚလိုတ့ဲဘယ္ကစားသမားကိုမွၾကာရွည္မထားဘူးလို႔ လူသိရွင္ၾကားထုက္ေဖာ္ေျပာၾကားထားခ့ဲတာလည္းျဖစ္ပါတယ္။ အသင္းဥကၠဌရဲ႕ ျငိဳျငင္မႈကိုပါခံေနရျပီျဖစ္တ့ဲေနမာတစ္ေယာက္ ဘာစီလိုနာကိုျပန္ဖို႔ လံုးပန္းလာခ်ိန္မွာေတာ့ လာလီဂါျပိဳင္ပြဲရဲ႕ ဥကၠဌျဖစ္သူကပါေနမာနဲ႔ပတ္သက္ျပီး၊ အခုလိုေတြထုက္ေဖာ္ေျပာၾကားလာခ့ဲတာျဖစ္ပါတယ္။

ဂ်ာဗီးယား တက္ဘပ္စ္က ” ကၽြန္ေတာ္ကေတာ့ ေနမာ ဘာစီလိုနာကိုျပန္မလာတာကိုပဲ ပိုျပီးသေဘာက်ပါတယ္၊ ကၽြန္ေတာ္တို႔လာလီဂါက အျမဲတမ္းနာမည္ၾကီးကစားသမားေတြကို ေခၚယူေလ့ရွိပါတယ္၊ ဒါေပမ့ဲ ေနမာကိစၥမွာေတာ့ သူ႔ရဲ႕အျပဳအမူေတြက ျပိဳင္ပြဲအတြက္မေကာင္းပါဘူး၊ ကၽြန္ေတာ္တို႔ဟာ လာလီဂါျပိဳင္ပြဲရဲ႕ တန္ဖိုးကိုထိန္းသိမ္းႏိုင္ဖို႔အတြက္ အလုပ္ေတြအမ်ားၾကီးလုပ္ရပါတယ္၊ လာလီဂါျပိဳင္ပြဲရဲ႕ ပံုရိပ္ကို ေျပာင္းလဲဖို႔ကၽြန္ေတာ္တို႔အလိုမရွိပါဘူး၊

သူက ကစားသမားေကာင္းတစ္ေယာက္ျဖစ္ႏုိင္ပါတယ္၊ ဒါေပမ့ဲ ကစားသမားတစ္ေယာက္ရဲ႕အျပဳအမူေတြက ျပိဳင္ပြဲရဲ႕တန္ဖိုးကိုျမွင့္တင္ဖို႔အတြက္ အလြန္အေရးၾကီးပါတယ္၊ ေနမာက ဘယ္သူ႔အတြက္မွနမူနာေကာင္းမဟုတ္တာေၾကာင့္ သူဘာစီလိုနာကိုျပန္လာမလာတာကိုပဲ ကၽြန္ေတာ္ပိုျပီးေတာ့ႏွစ္သက္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

လာလီဂါျပိဳင္ပြဲရဲ႕ဥကၠဌပါ ပါ၀င္လာျပီျဖစ္တ့ဲ ေနမာရဲ႕အေျပာင္းအေရႊ႕ဟာတကယ္ကိုစိတ္၀င္စားစရာေကာင္းလာျပီး၊ ဘာေတြဆက္ျဖစ္လာမလဲဆိုကေတာ့ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လာလီဂါပြိုင်ပွဲရဲ့ဥက္ကဌဖြစ်သူပါ ပါဝင်လာတဲ့ နေမာရဲ့အပြောင်းအရွှေ့

လာလီဂါပြိုင်ပွဲရဲ့ဥက္ကဌဖြစ်သူ ဂျာဗီယား တက်ဘပ်စ်ဟာ သူ့အနေနဲ့ နေမာ ဘာစီလိုနာကိုပြန်လာမှာကို အလိုမရှိဘူးလို့ပြောကြားသွားခဲ့ပြီး၊ နေမာရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီးတော့လည်း မေးခွန်းထုက်သွားခဲ့ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က ပီအက်စ်ဂျီအသင်းဆီသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းခဲ့ပြီးတဲ့နောက်၊ လက်ရှိမှာတော့ ဘာစီလိုနာဆီသို့ပြန်လာရန်အတွက် အပြင်းအထန်ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဖော်ကာဗာနီပြဿနာအချို့ရှိနေခဲ့တဲ့နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့်လည်း အသင်းမှာပါဝင်ခွင့်ရဖို့ရုန်းကန်နေခဲ့ရတဲ့သူပါ။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌဖြစ်သူကလည်း နေမာရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး၊ အသင်းမှာ ထင်ပေါ်လိုတဲ့ဘယ်ကစားသမားကိုမှကြာရှည်မထားဘူးလို့ လူသိရှင်ကြားထုက်ဖော်ပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။ အသင်းဥက္ကဌရဲ့ ငြိုငြင်မှုကိုပါခံနေရပြီဖြစ်တဲ့နေမာတစ်ယောက် ဘာစီလိုနာကိုပြန်ဖို့ လုံးပန်းလာချိန်မှာတော့ လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဌဖြစ်သူကပါနေမာနဲ့ပတ်သက်ပြီး၊ အခုလိုတွေထုက်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဂျာဗီးယား တက်ဘပ်စ်က ” ကျွန်တော်ကတော့ နေမာ ဘာစီလိုနာကိုပြန်မလာတာကိုပဲ ပိုပြီးသဘောကျပါတယ်၊ ကျွန်တော်တို့လာလီဂါက အမြဲတမ်းနာမည်ကြီးကစားသမားတွေကို ခေါ်ယူလေ့ရှိပါတယ်၊ ဒါပေမဲ့ နေမာကိစ္စမှာတော့ သူ့ရဲ့အပြုအမူတွေက ပြိုင်ပွဲအတွက်မကောင်းပါဘူး၊ ကျွန်တော်တို့ဟာ လာလီဂါပြိုင်ပွဲရဲ့ တန်ဖိုးကိုထိန်းသိမ်းနိုင်ဖို့အတွက် အလုပ်တွေအများကြီးလုပ်ရပါတယ်၊ လာလီဂါပြိုင်ပွဲရဲ့ ပုံရိပ်ကို ပြောင်းလဲဖို့ကျွန်တော်တို့အလိုမရှိပါဘူး၊

သူက ကစားသမားကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကစားသမားတစ်ယောက်ရဲ့အပြုအမူတွေက ပြိုင်ပွဲရဲ့တန်ဖိုးကိုမြှင့်တင်ဖို့အတွက် အလွန်အရေးကြီးပါတယ်၊ နေမာက ဘယ်သူ့အတွက်မှနမူနာကောင်းမဟုတ်တာကြောင့် သူဘာစီလိုနာကိုပြန်လာမလာတာကိုပဲ ကျွန်တော်ပိုပြီးတော့နှစ်သက်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ဥက္ကဌပါ ပါဝင်လာပြီဖြစ်တဲ့ နေမာရဲ့အပြောင်းအရွှေ့ဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီး၊ ဘာတွေဆက်ဖြစ်လာမလဲဆိုကတော့ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar