ဆီဗီလာတိုက္စစ္မွဴးနဲ႔သေဘာတူညီမႈရခဲ့တဲ့ မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေႏြေစ်းကြက္မွာ ေနာက္ထပ္ေျခလွမ္းတစ္ရပ္အေနနဲ႔ စပိန္လာလီဂါကလပ္ ဆီဗီလာအသင္းရဲ႕တိုက္စစ္မွဴး ၀စ္ဆန္ဘန္ယက္ဒါအတြက္ အလံုးစံုသေဘာတူညီမႈ ရယူႏိုင္ခဲ့ျပီလို႔သိရပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္အတြက္ေတာ့ ဆြမ္းဆီးက ဒန္နီရယ္ဂ်ိမ္း၊ ခရစ္စတယ္ပဲေလ့က ဘစ္ဆာခါ တို႔ကိုေခၚယူထားျပီးျဖစ္လို႔ အခု ေခၚယူမယ့္ ဆီဗီလာတိုက္စစ္ကစားသမား ယက္ဒါဟာ တတိယေျမာက္ေခၚယူမႈ ျဖစ္လာေတာ့မွာပါ။ ယက္ဒါဟာ ျပီးခဲ့တဲ့ရာသီက ဆီဗီလာအတြက္စုစုေပါင္း (၅၄)ပြဲကစား၊ ဂိုး(၃၀)သြင္းယူထားႏိုင္ျပီး၊ (၁၁)ၾကိမ္ဂိုးဖန္တီးမႈျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

အဆိုပါျပင္သစ္တိုက္စစ္မွဴးဟာ ျပီးခဲ့တဲ့ (၂၀၁၇-၂၀၁၈)ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕(၁၆)သင္းအဆင့္မွာ ဆီဗီလာက ယူႏိုက္တက္ကို (၂)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲကို ပါ၀င္ကစားခဲ့သူပါ။ ထိုစဥ္ကတည္းက သူတို႔အသင္းရဲ႕ခံစစ္ကို ဒုကၡေပးႏိုင္ခဲ့တဲ့ဒီတိုက္စစ္မုဆိုးကို ယူႏိုက္တက္က စိတ္၀င္တစားေစာင့္ၾကည့္ေနခဲ့တာျဖစ္ျပီး ယခုအခါမွာေတာ့ အျပီးသတ္ေခၚယူဖို႔ သေဘာတူညီမႈကိုပါ ရယူႏိုင္ခဲ့ျပီျဖစ္ပါတယ္။

သေဘာတူညီခ်က္အရ အသက္(၂၈)ႏွစ္အရြယ္၀ါရင့္တိုက္စစ္မွဴးအတြက္ ယူႏိုက္တက္ဟာ ဆီဗီလာကို ေပါင္(၃၆)သန္းေပးေခခ်ရမယ္လို႔လည္းသိရပါတယ္။ ဒါေၾကာင့္ ယက္ဒါကို ယူႏိုက္တက္ဂ်ာစီနဲ႔ ျမင္ေတြ႕ရေတာ့မွာျဖစ္ျပီး တိုက္စစ္ပိုင္းမွာ ထြက္ခြာဖြယ္ရွိေနတဲ့ လူကာကူရဲ႕ေနရာအတြက္လည္း ယူႏိုက္တက္ပရိသတ္ေတြ စိတ္ပူစရာလိုေတာ့မွာမဟုတ္ပါဘူး။

လူညိဳေခ်ာ@SportsGabar

unicode

ဆီဗီလာတိုက်စစ်မှူးနဲ့သဘောတူညီမှုရခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက်မှာ နောက်ထပ်ခြေလှမ်းတစ်ရပ်အနေနဲ့ စပိန်လာလီဂါကလပ် ဆီဗီလာအသင်းရဲ့တိုက်စစ်မှူး ဝစ်ဆန်ဘန်ယက်ဒါအတွက် အလုံးစုံသဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့သိရပါတယ်။

ဒါကြောင့် ယူနိုက်တက်အတွက်တော့ ဆွမ်းဆီးက ဒန်နီရယ်ဂျိမ်း၊ ခရစ်စတယ်ပဲလေ့က ဘစ်ဆာခါ တို့ကိုခေါ်ယူထားပြီးဖြစ်လို့ အခု ခေါ်ယူမယ့် ဆီဗီလာတိုက်စစ်ကစားသမား ယက်ဒါဟာ တတိယမြောက်ခေါ်ယူမှု ဖြစ်လာတော့မှာပါ။ ယက်ဒါဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက်စုစုပေါင်း (၅၄)ပွဲကစား၊ ဂိုး(၃၀)သွင်းယူထားနိုင်ပြီး၊ (၁၁)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အဆိုပါပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ (၂၀၁၇-၂၀၁၈)ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့(၁၆)သင်းအဆင့်မှာ ဆီဗီလာက ယူနိုက်တက်ကို (၂)ဂိုး(၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကို ပါဝင်ကစားခဲ့သူပါ။ ထိုစဉ်ကတည်းက သူတို့အသင်းရဲ့ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့တဲ့ဒီတိုက်စစ်မုဆိုးကို ယူနိုက်တက်က စိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

သဘောတူညီချက်အရ အသက်(၂၈)နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးအတွက် ယူနိုက်တက်ဟာ ဆီဗီလာကို ပေါင်(၃၆)သန်းပေးခေချရမယ်လို့လည်းသိရပါတယ်။ ဒါကြောင့် ယက်ဒါကို ယူနိုက်တက်ဂျာစီနဲ့ မြင်တွေ့ရတော့မှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ထွက်ခွာဖွယ်ရှိနေတဲ့ လူကာကူရဲ့နေရာအတွက်လည်း ယူနိုက်တက်ပရိသတ်တွေ စိတ်ပူစရာလိုတော့မှာမဟုတ်ပါဘူး။

လူညိုချော@SportsGabar