တပည့္ေဟာင္းျဖစ္သူကိုခ်ီးက်ဳးစကားဆိုခ့ဲတ့ဲ ဂြာဒီယိုလာ

မန္စီးတီးအသင္းရဲ႕နည္းျပျဖစ္သူ ပတ္ဂြာဒီယိုလာ ဘာစီလိုနာကိုနည္းျပခ့ဲစဥ္က အသင္းမွာ မက္ဆီရဲ႕အက်ိဳးသက္ေရာက္မႈေတြကိုခ်ီးက်ဳးေျပာဆိုသြားခ့ဲပါတယ္။ ဂြာဒီယိုလာက ဘာစီလိုနာကိုသူနည္းျပခ့ဲစဥ္က အသင္းမွာ အေကာင္းဆံုးဆိုတ့ဲကစားသမားေတြရွိေနခ့ဲေသာ္လည္း မက္ဆီသာမပါရင္ ေအာင္ျမင္မႈေတြကိုရရွိႏိုင္ခ့ဲလိမ့္မွာမဟုတ္ဘူးလို႔ ၀န္ခံခ်ီးက်ဳးသြားခ့ဲတာျဖစ္ပါတယ္။

ဂြာဒီယိုလာဟာ ဘာစီလိုနာနဲ႔အတူ ေအာင္ျမင္မႈေပါင္းမ်ားစြာကိုဆြတ္ခူးရရွိႏိုင္ခ့ဲတ့ဲ နည္းျပတစ္ဦးျပီး၊ ဘာစီလိုနာအသင္းသမိုင္းတစ္ေလ်ွာက္ အေကာင္းဆံုးနည္းျပေတြထဲက တစ္ဦးအျဖစ္သတ္မွတ္ျခင္းကိုခံထားရတ့ဲသူပဲျဖစ္ပါတယ္။ လက္ရွိမွာ မန္စီးတီးအသင္းကိုနည္းျပေနတာျဖစ္ျပီး၊ အသင္းသမိုင္းတစ္ေလ်ွာက္ ပရီးမီးယားလိဂ္ဖလားကို ပထမဆံုးအၾကိမ္ႏွစ္ၾကိမ္ဆက္ဗိုလ္စြဲႏိုင္ေအာင္ကူညီေပးႏိုင္ခ့ဲပါတယ္။

ဂြာဒီယိုလာဟာ ဘာစီလိုနာမွာ ေလးရာသီၾကာနည္းျပခ့ဲျပီး၊ ဖလား(၁၄)လံုးရယူနိုင္ခ့ဲတ့ဲ နည္းျပတစ္ဦးျဖစ္ျပီးေတာ့ အသင္းသမိုင္းတစ္ေလ်ွာက္ ေအာင္ျမင္မႈအရွိဆံုးနည္းျပတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီလိုဘာစီလိုနာနဲ႔အတူ ေအာင္ျမင္ခ့ဲတ့ဲအခ်ိန္ေတြအတြင္းမွာ မက္ဆီဟာလည္းအထူးကိုေျခစြမ္းေတြေတာက္ပခ့ဲတ့ဲသူတစ္ေယာက္ျဖစ္ခ့ဲျပီးေတာ့ ဂြာဒီယိုလာကေတာ့ အခုလိုခ်ီးက်ဳးသြားခ့ဲပါတယ္။

ဂြာဒီယိုလာက ” ကၽြန္ေတာ့္ရဲ႕အေကာင္းဆံုးေအာင္ျမင္မႈေတြရခ့ဲတ့ဲအခ်ိန္ေတြအားလံုးက မက္ဆီနဲ႔ပတ္သက္ေနတယ္ဗ်၊ သူ႔ေၾကာင့္ ကၽြန္ေတာ္ဒါေတြကိုလုပ္ႏိုင္ခ့ဲတယ္လို႔ထင္ပါတယ္၊ ကၽြန္ေတာ္ သူ႔ကို ေက်းဇူးတင္ပါတယ္လို႔ပဲေျပာႏိုင္ပါတယ္၊ သူကကိတ္မုန္႔အေပၚက ခ်ယ္ရီသီးေလးထက္ပိုပါတယ္ ” လို႔ ေျပာၾကားခ့ဲတာျဖစ္ပါတယ္။

ဂြာဒီယိုလာဟာ သူ႔အေနနဲ႔ ဒီလိုေအာင္ျမင္မႈေတြရခ့ဲတာဟာ မက္ဆီေၾကာင့္ျဖစ္ျပီးေတာ့ မက္ဆီသာမရွိရင္ အ့ဲလိုေအာင္ျမင္မႈေတြ ရႏိုင္လိမ့္မွာမဟုတ္ဘူးလို႔ ခ်ီးက်ဳးေျပာဆိုသြားခ့ဲတာပဲျဖစ္ပါတယ္။ ဂြာဒီယိုလာတစ္ေယာက္ဘာစီလိုနာကိုနည္းျပခ့ဲစဥ္က မက္ဆီနဲ႔ တကယ္ကိုအတြဲညီတ့ဲဆရာတပည့္ေတြျဖစ္ခ့ဲၾကတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

တပည့်ဟောင်းဖြစ်သူကိုချီးကျုးစကားဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာ ဘာစီလိုနာကိုနည်းပြခဲ့စဉ်က အသင်းမှာ မက်ဆီရဲ့အကျိုးသက်ရောက်မှုတွေကိုချီးကျုးပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက ဘာစီလိုနာကိုသူနည်းပြခဲ့စဉ်က အသင်းမှာ အကောင်းဆုံးဆိုတဲ့ကစားသမားတွေရှိနေခဲ့သော်လည်း မက်ဆီသာမပါရင် အောင်မြင်မှုတွေကိုရရှိနိုင်ခဲ့လိမ့်မှာမဟုတ်ဘူးလို့ ဝန်ခံချီးကျုးသွားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်းများစွာကိုဆွတ်ခူးရရှိနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပြီး၊ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ်သတ်မှတ်ခြင်းကိုခံထားရတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းကိုနည်းပြနေတာဖြစ်ပြီး၊ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာမှာ လေးရာသီကြာနည်းပြခဲ့ပြီး၊ ဖလား(၁၄)လုံးရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီးတော့ အသင်းသမိုင်းတစ်လျှောက် အောင်မြင်မှုအရှိဆုံးနည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုဘာစီလိုနာနဲ့အတူ အောင်မြင်ခဲ့တဲ့အချိန်တွေအတွင်းမှာ မက်ဆီဟာလည်းအထူးကိုခြေစွမ်းတွေတောက်ပခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ဂွာဒီယိုလာကတော့ အခုလိုချီးကျုးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက ” ကျွန်တော့်ရဲ့အကောင်းဆုံးအောင်မြင်မှုတွေရခဲ့တဲ့အချိန်တွေအားလုံးက မက်ဆီနဲ့ပတ်သက်နေတယ်ဗျ၊ သူ့ကြောင့် ကျွန်တော်ဒါတွေကိုလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်၊ ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်လို့ပဲပြောနိုင်ပါတယ်၊ သူကကိတ်မုန့်အပေါ်က ချယ်ရီသီးလေးထက်ပိုပါတယ် ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ သူ့အနေနဲ့ ဒီလိုအောင်မြင်မှုတွေရခဲ့တာဟာ မက်ဆီကြောင့်ဖြစ်ပြီးတော့ မက်ဆီသာမရှိရင် အဲ့လိုအောင်မြင်မှုတွေ ရနိုင်လိမ့်မှာမဟုတ်ဘူးလို့ ချီးကျုးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ဂွာဒီယိုလာတစ်ယောက်ဘာစီလိုနာကိုနည်းပြခဲ့စဉ်က မက်ဆီနဲ့ တကယ်ကိုအတွဲညီတဲ့ဆရာတပည့်တွေဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar