အဲရစ္ဆင္ကိုေခၚယူေပးဖို႔ ရီးရဲလ္အသင္းထံကမ္းလွမ္းခ့ဲတ့ဲ စပါး

စပါးအသင္းဟာ အသင္းရဲ႕ကြင္းလယ္ကစားသမားအဲရစ္ဆင္ကို ေခၚယူဖို႔အတြက္ ရီးရဲလ္အသင္းဆီသို႔ ဆက္သြယ္မႈေတြျပဳလုပ္ခ့ဲတယ္လို႔သတင္းေတြအရ သိရပါတယ္။

အဲရစ္ဆင္ဟာ လြန္ခ့ဲတ့ဲ(၂၀၁၃)ခုႏွစ္က စပါးအသင္းကိုေရာက္ရွိခ့ဲတာျဖစ္ျပီး၊ အသင္းရဲ႕ကြင္းလယ္မွာ အဓိကက်တ့ဲ ကစားသမားတစ္ေယာက္ျဖစ္လာခ့ဲပါတယ္။ အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ေတြဖန္တီးေပးျပီး၊ ဂိုးဖန္တီးမႈေတြျပဳလုပ္ေပးႏိုင္တ့ဲေနရာမွာအဲရစ္ဆင္ဟာ သူမတူေအာင္ကၽြမ္းက်င္တ့ဲ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာလည္း အဲရစ္ဆင္ဟာအသင္းအတြက္ျပိဳင္ပြဲစံု(၁၀)ဂိုးသြင္းျပီးေတာ့ ဂိုးဖန္တီးမႈ(၁၇)ၾကိမ္ျပဳလုပ္ေပးႏိုင္ခ့ဲပါတယ္။

ဒါ့ေၾကာင့္ ရီးရဲလ္အသင္းကလည္း အဲရစ္ဆင္ကိုေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ျပီးေတာ့ အဲရစ္ဆင္ကိုယ္တိုင္ကလည္း သူ႔အေေနနဲ႔ အေတြ႔အၾကံဳသစ္ေတြကိုရရွိဖို႔အလိုရွိတယ္လို႔ထုက္ေဖာ္ေျပာၾကားထားခ့ဲတာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ စပါးနဲ႔ခ်ဳပ္ဆိုထားတ့ဲ စာခ်ဳပ္သက္တမ္းဟာေနာက္ဆံုးႏွစ္ထဲကုိေရာက္ရွိလာခ့ဲျပီလည္းျဖစ္ကာ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္လည္းအဆင္မေျပမႈေတြရွိေနတာျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ စပါးအသင္းရဲ႕ဥကၠဌျဖစ္သူက အဲရစ္ဆင္ကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ခ့ဲရင္ လာမယ့္ရာသီမွာအလြတ္ေျပာင္းေရႊ႕ႈေၾကးနဲ႔ဘက္လႊတ္ရဖို႔ရွိေနတာေၾကာင့္ အဲရစ္ဆင္ကိုေခၚယူဖို႔ စိတ္၀င္စားေနတ့ဲ ရီးရဲလ္အသင္းထံကို ကစားသမားရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီး ဆက္သြယ္မႈေတြျပဳလုပ္ခ့ဲတာျဖစ္တယ္လို႔သိရပါတယ္။

၇ီးရဲလ္ဟာ အသင္းရဲ႕ကြင္းလယ္ပိုင္းအတြက္ မန္ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာကိုေခၚယူဖို႔အဓိကပစ္မွတ္ထားေနုျပီးေတာ့ အကယ္လို႔ေပါ့ဘာကိုမရရင္ အဲရစ္ဆင္ကို ေသခ်ာေပါက္ ေခၚယူသြားဖို႔ရွိေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အဲရစ်ဆင်ကိုခေါ်ယူပေးဖို့ ရီးရဲလ်အသင်းထံကမ်းလှမ်းခဲ့တဲ့ စပါး

စပါးအသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမားအဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်အသင်းဆီသို့ ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေအရ သိရပါတယ်။

အဲရစ်ဆင်ဟာ လွန်ခဲ့တဲ့(၂၀၁၃)ခုနှစ်က စပါးအသင်းကိုရောက်ရှိခဲ့တာဖြစ်ပြီး၊ အသင်းရဲ့ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အသင်းဖော်တွေအတွက် နေရာလွတ်တွေဖန်တီးပေးပြီး၊ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်တဲ့နေရာမှာအဲရစ်ဆင်ဟာ သူမတူအောင်ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း အဲရစ်ဆင်ဟာအသင်းအတွက်ပြိုင်ပွဲစုံ(၁၀)ဂိုးသွင်းပြီးတော့ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ရီးရဲလ်အသင်းကလည်း အဲရစ်ဆင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီးတော့ အဲရစ်ဆင်ကိုယ်တိုင်ကလည်း သူ့အေနေနဲ့ အတွေ့အကြုံသစ်တွေကိုရရှိဖို့အလိုရှိတယ်လို့ထုက်ဖော်ပြောကြားထားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စပါးနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာနောက်ဆုံးနှစ်ထဲကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ကာ စာချုပ်သက်တမ်းတိုးဖို့အတွက်လည်းအဆင်မပြေမှုတွေရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စပါးအသင်းရဲ့ဥက္ကဌဖြစ်သူက အဲရစ်ဆင်ကို စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်ရာသီမှာအလွတ်ပြောင်းရွှှေ့ုကြေးနဲ့ဘက်လွှတ်ရဖို့ရှိနေတာကြောင့် အဲရစ်ဆင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်အသင်းထံကို ကစားသမားရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆက်သွယ်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရီးရဲလ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကိုခေါ်ယူဖို့အဓိကပစ်မှတ်ထားနေုပြီးတော့ အကယ်လို့ပေါ့ဘာကိုမရရင် အဲရစ်ဆင်ကို သေချာပေါက် ခေါ်ယူသွားဖို့ရှိနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar