ေၾကာက္မက္ဖြယ္ ေျခေထာက္ဒဏ္ရာ ရရွိခဲ့ျပီးေနာက္ စခူဒါရီ အနားယူျပီ

ဘြန္ဒက္လီဂါကလပ္ေဒါ့မြန္အသင္းရဲ႕ လူငယ္ခံစစ္မွဴးတစ္ဦးျဖစ္တဲ့ ဒါရီယိုစခူဒါရီကေတာ့ အသက္(၂၁)ႏွစ္အရြယ္မွာတင္ပဲ ေဘာလံုးကစားျခင္းကေန စိတ္မေကာင္းစြာနဲ႔ အနားယူသြားခဲ့ရပါျပီ။

စခူဒါရီဟာ အသက္(၁၁)ႏွစ္အရြယ္၊ (၂၀၀၉)ခုႏွစ္မွာ ေဒါ့မြန္ကိုေရာက္ရွိလာခဲ့သူပါ။ လူငယ္ဘြန္ဒက္လီဂါျပိဳင္ပြဲမွာ ခ်န္ပီယံဆုဖလားေတြကို ေဒါ့မြန္အသင္းနဲ႔အတူ ကိုင္ေျမွာက္ႏိုင္ခဲ့တဲ့ စခူဒါရီဟာ (၂၀၁၆)ခုႏွစ္၊ စက္တင္ဘာလ(၁၄)ရက္ေန႔မွာ ထိတ္လန္႔ဖြယ္ေကာင္းတဲ့ ေျခေထာက္ဒဏ္ရာကို ရရွိသြားခဲ့ပါတယ္။

ေဒါ့မြန္လူငယ္အသင္းနဲ႔ လီဂီယာ၀ါေဆာလူငယ္အသင္းတို႔ ယွဥ္ျပိဳင္ခဲ့ၾကတဲ့ ယူအီးအက္ဖ္ေအလူငယ္လိဂ္ပြဲစဥ္မွာ စခူဒါရီဟာ ျပိဳင္ဘက္ကစားသမားရဲ႕တိုက္စစ္ဆင္မႈကို ဟန္႔တားစဥ္ သူ႔ရဲ႕ဘယ္ဘက္ေျခေထာက္ဟာ ဒူးဆစ္ကေန တစ္ပတ္လည္သြားခဲ့ျပီး ဆိုးဆိုးရြားရြား ဒဏ္ရာရရွိခဲ့ပါတယ္။ သူ႔ဒဏ္ရာကို ျမင္ေတြ႔ခဲ့တဲ့သူအားလံုးဟာလည္း အံ့ၾသထိတ္လန္႔သြားခဲ့ျပီး ေဘာလံုးပြဲကို ခ်က္ခ်င္းပဲရပ္တန္႔ကာ ေဆးအကူေခၚခဲ့ရပါတယ္။

အဲလို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဒဏ္ရာကိုၾကံဳေတြ႔ခဲ့ရျပီးတဲ့ေနာက္ စခူဒါရီဟာ ကာလရွည္ၾကာစြာ ေဆးကုသမႈခံယူေနခဲ့ရပါတယ္။ ဒဏ္ရာအေျခအေန အလြန္ဆိုးရြားျပင္းထန္ခဲ့တာေတာင္ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘ၀ အိပ္မက္ေတြကို မစြန္႔လႊတ္ႏိုင္တဲ့ စခူဒါရီဟာ ေဘာလံုးသမားဘ၀ကေန အနားယူဖို႔ ခ်က္ခ်င္းမဆံုးျဖတ္ခဲ့ပဲ ေဘာလံုးျပန္ကစားႏိုင္ဖို႔ ေလ့က်င့္မႈေတြ ျပန္လည္ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါေပမဲ့ သူဘယ္လိုပဲၾကိဳးစားၾကိဳးစား မိေမြး၊ ဖေမြးအတိုင္းျပန္ေကာင္းမလာေတာ့တဲ့ သူ႔ရဲ႕ဘယ္ဘက္ေျခေထာက္ဟာ စိတ္သြားတိုင္း မလိုက္ႏိုင္ေတာ့လို႔ စခူဒါရီဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေဘာလံုးေလာကကို ေက်ာခိုင္းလိုက္ရပါေတာ့တယ္။ ေတာက္ပတဲ့အနာဂတ္ကိုပိုင္ဆိုင္ထားတဲ့ လူငယ္တစ္ေယာက္ျဖစ္လို႔လည္း စခူဒါရီဒီလိုအနားယူသြားခဲ့ျခင္းဟာ ေဘာလံုးအသိုင္းအ၀ိုင္းအတြက္လည္း စိတ္မေကာင္းစရာ သတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကြောက်မက်ဖွယ် ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် စခူဒါရီ အနားယူပြီ

ဘွန်ဒက်လီဂါကလပ်ဒေါ့မွန်အသင်းရဲ့ လူငယ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဒါရီယိုစခူဒါရီကတော့ အသက်(၂၁)နှစ်အရွယ်မှာတင်ပဲ ဘောလုံးကစားခြင်းကနေ စိတ်မကောင်းစွာနဲ့ အနားယူသွားခဲ့ရပါပြီ။

စခူဒါရီဟာ အသက်(၁၁)နှစ်အရွယ်၊ (၂၀၀၉)ခုနှစ်မှာ ဒေါ့မွန်ကိုရောက်ရှိလာခဲ့သူပါ။ လူငယ်ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုဖလားတွေကို ဒေါ့မွန်အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တဲ့ စခူဒါရီဟာ (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့မှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ခြေထောက်ဒဏ်ရာကို ရရှိသွားခဲ့ပါတယ်။

ဒေါ့မွန်လူငယ်အသင်းနဲ့ လီဂီယာဝါဆောလူငယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ယူအီးအက်ဖ်အေလူငယ်လိဂ်ပွဲစဉ်မှာ စခူဒါရီဟာ ပြိုင်ဘက်ကစားသမားရဲ့တိုက်စစ်ဆင်မှုကို ဟန့်တားစဉ် သူ့ရဲ့ဘယ်ဘက်ခြေထောက်ဟာ ဒူးဆစ်ကနေ တစ်ပတ်လည်သွားခဲ့ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ဒဏ်ရာကို မြင်တွေ့ခဲ့တဲ့သူအားလုံးဟာလည်း အံ့သြထိတ်လန့်သွားခဲ့ပြီး ဘောလုံးပွဲကို ချက်ချင်းပဲရပ်တန့်ကာ ဆေးအကူခေါ်ခဲ့ရပါတယ်။

အဲလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ်ရာကိုကြုံတွေ့ခဲ့ရပြီးတဲ့နောက် စခူဒါရီဟာ ကာလရှည်ကြာစွာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွားပြင်းထန်ခဲ့တာတောင် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ အိပ်မက်တွေကို မစွန့်လွှတ်နိုင်တဲ့ စခူဒါရီဟာ ဘောလုံးသမားဘဝကနေ အနားယူဖို့ ချက်ချင်းမဆုံးဖြတ်ခဲ့ပဲ ဘောလုံးပြန်ကစားနိုင်ဖို့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ သူဘယ်လိုပဲကြိုးစားကြိုးစား မိမွေး၊ ဖမွေးအတိုင်းပြန်ကောင်းမလာတော့တဲ့ သူ့ရဲ့ဘယ်ဘက်ခြေထောက်ဟာ စိတ်သွားတိုင်း မလိုက်နိုင်တော့လို့ စခူဒါရီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောလုံးလောကကို ကျောခိုင်းလိုက်ရပါတော့တယ်။ တောက်ပတဲ့အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်လို့လည်း စခူဒါရီဒီလိုအနားယူသွားခဲ့ခြင်းဟာ ဘောလုံးအသိုင်းအဝိုင်းအတွက်လည်း စိတ်မကောင်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

လူညိုချော@SportsGabar