လီဗာပူးလ္မွာေအာင္ျမင္ေနရတ့ဲလ်ွိဳ႕၀ွက္ခ်က္ကိုေျပာျပခ့ဲတ့ဲ ဗန္ဒိုက္

လီဗာပူးလ္အသင္းရဲ႕ေနာက္ခံလူ ဗန္ဒိုက္ဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာအသင္းနဲ႔အတူ ေကာင္းမြန္တ့ဲေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုုင္ႏိုင္ခ့ဲပါတယ္။ သူ႔ရဲ႔အေကာင္းမြန္ဆံုးေျခြစြမ္းေတြနဲ႔အတူ လီဗာပူးလ္ကိုေအာင္ျမင္မႈေတြဆီကို ေခၚေဆာင္ေပးႏိုင္ခ့ဲပါတယ္။

လီဗာပူးလ္အသင္းရဲ႕ေနာက္တန္းမွာ တံတိုင္းၾကီးတစ္ခုလို မာေက်ာတ့ဲေျခစြမ္းေတြနဲ႔ တစ္ဖက္အသင္းတိုက္စစ္မွဴးေတြရဲ႕ထိုးေဖာက္မႈေတြကို ဗန္ဒိုက္တစ္ေယာက္ၾက႕ံၾကံ႕ခံကာကြယ္ရင္း အသင္းရဲ႕ေအာင္ျမင္မႈေတြဆီသြားတ့ဲလမ္းေၾကာင္းကို အႏၱာရာယ္ေတြကင္းေအာင္ ကူညီေပးႏိုင္ခ့ဲပါတယ္။ လီဗာပူးလ္အသင္းကို(၂၀၁၈)ခုႏွစ္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာေဆာက္သမ္တန္အသင္းကေနေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ လီဗာပူးလ္မွာပိုျပီးေတာက္ပလာခ့ဲပါတယ္။

ဗန္ဒိုက္ကေတာ့ လီဗာပူးလ္မွာ အခုလိုမ်ိဳးေျခစြမ္းျပျပီး၊ အသင္းကိုေအာင္ျမင္ဖို႔အတြက္ကူညီေပးႏိုင္ေနရတ့ဲ လ်ွိဳ႕၀ွက္ခ်က္ကို ေျပာျပသြားးခ့ဲပါတယ္။ ဗန္ဒိုက္က ” ကေလးဘ၀တုန္းကေပါ့ဗ်ာ၊ လမ္းေပၚမွာသူငယ္ခ်င္းေတြနဲ႔ ေဘာလံုးကစားခ့ဲၾကတာေပါ့ေလ၊ အ့ဲဒီအခ်ိန္တုန္းက ကၽြန္ေတာ္က တိုက္စစ္မွဴးတစ္ေယာက္ျဖစ္ခ်င္ခ့ဲတာဗ်၊ အ့ဲဒါေၾကာင့္ တိုက္စစ္မွဴးတစ္ေယာက္က ဘယ္လိုမ်ိဳးတိုက္စစ္ဆင္ဖို႔ ၾကိဳးစားမလဲဆိုတာကို ကၽြန္ေတာ္နားလည္ခ့ဲပါတယ္၊ ပေရာ္ဖက္ရွင္နယ္ကစားသမား

ဘ၀ေရာက္လာတ့ဲအခါမွာလည္း တျဖည္းျဖည္းစုေဆာင္းမိလာတ့ဲ အေတြ႔အၾကံဳေတြက ကၽြန္ေတာ္အတြက္ တကယ္ပဲအေရးပါခ့ဲပါတယ္၊ ေနာက္ထပ္ အနာဂတ္မွာျဖစ္လာမယ့္ ေနာက္ခံလူေတြကိုလည္းအၾကံေပးခ်င္ပါတယ္၊ လမ္းေတြေပၚမွာသူငယ္ခ်င္းေတြနဲ႔ေဘာလံုးကစားပါ၊ ကိုယ္သြားမယ့္လမ္းေၾကာင္းမွာ အလုပ္ကိုျပင္းျပင္းထန္ထန္ၾကိဳးစားျပီးေတာ့ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်ျပီးေနဖို႔ လိုပါတယ္ ” လို႔ သူ႔ရဲ႕လ်ွိဳ႕၀ွက္ခ်က္ကိုေျပာျပသြားခ့ဲပါတယ္။

ဗန္ဒိုက္ဟာ ေျခစြမ္းေကာင္းျပီး၊နာမည္ေက်ာ္ၾကားသေလာက္ ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ျပီးေတာ့ ေနတတ္တ့ဲ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔အတူေနာက္ထပ္ေဘာလံုးရာသီေတြမွာလည္းေအာင္ျမင္မႈေတြထပ္မံျပီးေတာ့ ယူေဆာင္ေပးႏိုင္ဦးမလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လီဗာပူးလ်မှာအောင်မြင်နေရတဲ့လျှို့ဝှက်ချက်ကိုပြောပြခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းရဲ့နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာအသင်းနဲ့အတူ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အကောင်းမွန်ဆုံးခြွေစွမ်းတွေနဲ့အတူ လီဗာပူးလ်ကိုအောင်မြင်မှုတွေဆီကို ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့နောက်တန်းမှာ တံတိုင်းကြီးတစ်ခုလို မာကျောတဲ့ခြေစွမ်းတွေနဲ့ တစ်ဖက်အသင်းတိုက်စစ်မှူးတွေရဲ့ထိုးဖောက်မှုတွေကို ဗန်ဒိုက်တစ်ယောက်ကြံ့ကြံ့ခံကာကွယ်ရင်း အသင်းရဲ့အောင်မြင်မှုတွေဆီသွားတဲ့လမ်းကြောင်းကို အန္တာရာယ်တွေကင်းအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကို(၂၀၁၈)ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာဆောက်သမ်တန်အသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ လီဗာပူးလ်မှာပိုပြီးတောက်ပလာခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ လီဗာပူးလ်မှာ အခုလိုမျိုးခြေစွမ်းပြပြီး၊ အသင်းကိုအောင်မြင်ဖို့အတွက်ကူညီပေးနိုင်နေရတဲ့ လျှို့ဝှက်ချက်ကို ပြောပြသွားးခဲ့ပါတယ်။ ဗန်ဒိုက်က ” ကလေးဘဝတုန်းကပေါ့ဗျာ၊ လမ်းပေါ်မှာသူငယ်ချင်းတွေနဲ့ ဘောလုံးကစားခဲ့ကြတာပေါ့လေ၊ အဲ့ဒီအချိန်တုန်းက ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ဖြစ်ချင်ခဲ့တာဗျ၊ အဲ့ဒါကြောင့် တိုက်စစ်မှူးတစ်ယောက်က ဘယ်လိုမျိုးတိုက်စစ်ဆင်ဖို့ ကြိုးစားမလဲဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်၊ ပရော်ဖက်ရှင်နယ်ကစားသမား

ဘဝရောက်လာတဲ့အခါမှာလည်း တဖြည်းဖြည်းစုဆောင်းမိလာတဲ့ အတွေ့အကြုံတွေက ကျွန်တော်အတွက် တကယ်ပဲအရေးပါခဲ့ပါတယ်၊ နောက်ထပ် အနာဂတ်မှာဖြစ်လာမယ့် နောက်ခံလူတွေကိုလည်းအကြံပေးချင်ပါတယ်၊ လမ်းတွေပေါ်မှာသူငယ်ချင်းတွေနဲ့ဘောလုံးကစားပါ၊ ကိုယ်သွားမယ့်လမ်းကြောင်းမှာ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေဖို့ လိုပါတယ် ” လို့ သူ့ရဲ့လျှို့ဝှက်ချက်ကိုပြောပြသွားခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ခြေစွမ်းကောင်းပြီး၊နာမည်ကျော်ကြားသလောက် ကိုယ့်ကိုယ်ကိုနှိမ့်ချပြီးတော့ နေတတ်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူနောက်ထပ်ဘောလုံးရာသီတွေမှာလည်းအောင်မြင်မှုတွေထပ်မံပြီးတော့ ယူဆောင်ပေးနိုင်ဦးမလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar