လက္တြဲခဲ့သမွ်နည္းျပေတြထဲမွာ အေကာင္းဆံုးနည္းျပကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ရြန္းနီ

အေမရိကန္ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္မွာကစားလ်က္ရွိတဲ့ တိုက္စစ္မွဴးၾကီး ၀ိန္းရြန္းနီကေတာ့ သူလက္တြဲခဲ့သမွ် နည္းျပေတြထဲမွာ အေကာင္းဆံုးနည္းျပက လူး၀စ္ဗန္ေဂါျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဖာဂူဆန္၊ ေမာ္ရင္ဟို၊ ကာပယ္လ္လို၊ အဲရစ္ဆင္ နဲ႔ ေဒးဗစ္မိုယက္တို႔လို နည္းျပေကာင္းေတြရဲ႕လက္ေအာက္မွာလည္း ကစားခဲ့ဖူးတဲ့ ရြန္းနီအေနနဲ႔ ယူႏိုက္တက္မွာ ေအာင္ျမင္မႈမ်ားစြာ ရယူႏိုင္ခဲ့တဲ့ ဖာဂူဆန္ကို ကေ်ာ္လြန္ျပီး ဗန္ေဂါကို အေကာင္းဆံုးလို႔ သတ္မွတ္ခဲ့တာကေတာ့ အနည္းငယ္ အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။

ဗန္ေဂါဟာ ေဒးဗစ္မိုယက္အလြန္ ယူႏိုက္တက္နည္းျပရာထူးကို ဆက္ခံခဲ့သူျဖစ္ျပီးသူကိုင္တြယ္ခဲ့တဲ့ (၃)ႏွစ္တာကာလအတြင္း ယူႏိုက္တက္အတြက္ အက္ဖ္ေအဖလားေအာင္ပြဲကိုသာ ရယူေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔လက္ထက္မွာ ယူႏိုက္တက္ရဲ႕ကစားကြက္ဟာ ေနာက္ျပန္ေပးေနတာကပိုမ်ားျပီး တိုက္စစ္ဆင္မႈ နည္းခဲ့လို႔ ပရိသတ္ေတြရဲ႕ျငိဳျငင္မႈကို ခံခဲ့ရပါတယ္။

ဒါေပမဲ့ ရြန္းနီကေတာ့-

” ကြ်န္ေတာ္နဲ႔အလုပ္အတူတူတြဲလုပ္ခဲ့ဖူးတဲ့ နည္းျပေတြထဲမွာ ဗန္ေဂါကေတာ့ တစ္ရာ ရာခိုင္ႏႈန္းအျပည့္ အေကာင္းဆံုးသူပါပဲ။ သူ႔ရဲ႕နည္းဗ်ဴဟာကြ်မ္းက်င္မႈ၊ ပြဲၾကိဳျပင္ဆင္မႈ နဲ႔အခ်က္အလက္အေသးစိတ္ကအစအာရံုစိုက္တက္မႈေတြဟာ အံ့ၾသစရာေကာင္းပါတယ္၊ သူ႕လိုနည္းျပမ်ိဳး ကြ်န္ေတာ္မေတြ႔ဖူးပါဘူး ”

” ဗန္ေဂါဆီကေန ကြ်န္ေတာ္အမ်ားၾကီးသင္ယူခြင့္ရခဲ့ပါတယ္။ ဒီအေတြ႔အၾကံဳေတြကို ကြ်န္ေတာ္နည္းျပျဖစ္လာတဲ့အခါက်ရင္လည္း ေသခ်ာေပါက္ ျပန္လည္အသံုးခ်သြားမွာပါ ” လို႔ ေျပာပါတယ္။

ဗန္ေဂါဟာ (၂၀၁၆)ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔လမ္းခြဲခဲ့ျပီးေနာက္ပိုင္း လက္ရွိအခ်ိန္အထိ ေဘာလံုးေလာကထဲကို ျပန္လည္၀င္ေရာက္မလာေသးပဲ အနားယူေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လက်တွဲခဲ့သမျှနည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ရွန်းနီ

အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်မှာကစားလျက်ရှိတဲ့ တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကတော့ သူလက်တွဲခဲ့သမျှ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြက လူးဝစ်ဗန်ဂေါဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာဂူဆန်၊ မော်ရင်ဟို၊ ကာပယ်လ်လို၊ အဲရစ်ဆင် နဲ့ ဒေးဗစ်မိုယက်တို့လို နည်းပြကောင်းတွေရဲ့လက်အောက်မှာလည်း ကစားခဲ့ဖူးတဲ့ ရွန်းနီအနေနဲ့ ယူနိုက်တက်မှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဖာဂူဆန်ကို ကျော်လွန်ပြီး ဗန်ဂေါကို အကောင်းဆုံးလို့ သတ်မှတ်ခဲ့တာကတော့ အနည်းငယ် အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ဗန်ဂေါဟာ ဒေးဗစ်မိုယက်အလွန် ယူနိုက်တက်နည်းပြရာထူးကို ဆက်ခံခဲ့သူဖြစ်ပြီးသူကိုင်တွယ်ခဲ့တဲ့ (၃)နှစ်တာကာလအတွင်း ယူနိုက်တက်အတွက် အက်ဖ်အေဖလားအောင်ပွဲကိုသာ ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့လက်ထက်မှာ ယူနိုက်တက်ရဲ့ကစားကွက်ဟာ နောက်ပြန်ပေးနေတာကပိုများပြီး တိုက်စစ်ဆင်မှု နည်းခဲ့လို့ ပရိသတ်တွေရဲ့ငြိုငြင်မှုကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ရွန်းနီကတော့-

” ကျွန်တော်နဲ့အလုပ်အတူတူတွဲလုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ ဗန်ဂေါကတော့ တစ်ရာ ရာခိုင်နှုန်းအပြည့် အကောင်းဆုံးသူပါပဲ။ သူ့ရဲ့နည်းဗျူဟာကျွမ်းကျင်မှု၊ ပွဲကြိုပြင်ဆင်မှု နဲ့အချက်အလက်အသေးစိတ်ကအစအာရုံစိုက်တက်မှုတွေဟာ အံ့သြစရာကောင်းပါတယ်၊ သူ့လိုနည်းပြမျိုး ကျွန်တော်မတွေ့ဖူးပါဘူး ”

” ဗန်ဂေါဆီကနေ ကျွန်တော်အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကို ကျွန်တော်နည်းပြဖြစ်လာတဲ့အခါကျရင်လည်း သေချာပေါက် ပြန်လည်အသုံးချသွားမှာပါ ” လို့ ပြောပါတယ်။

ဗန်ဂေါဟာ (၂၀၁၆)ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်မလာသေးပဲ အနားယူနေပါတယ်။

လူညိုချော@SportsGabar