ဂရစ္မန္းကိုသတိ္ေပးမႈအခ်ိဳ႕ျပဳလုပ္သြားခ့ဲတ့ဲမန္ယူႏိုက္တက္

မန္ယူႏိုက္တက္ဟာ အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ျပီးဆိုထဲက အျခားပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းေတြထက္ပိုျပီး အလုပ္ေတြရႈေနခ့ဲတ့ဲ အသင္းတစ္သင္းပဲျဖစ္ပါတယ္။ အသင္းကိုျပန္လည္ျပင္ဆင္ဖို႔ နည္းျပဆိုးလ္ရွားအေနနဲ႔ကစားသမားေခၚယူမႈေတြအမ်ားအျပားျပဳလုပ္ဖို႔ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။

လက္ရွိမွာလည္း ဘာစီလိုနာအသင္းကိုေျပာင္းေရႊ႕ဖို႔အေလးသာေနတ့ဲ အက္သလက္တီကိုအသင္းရဲ႕တိုက္စစ္မွဴး ဂရစ္မန္းကို မန္ယူႏိုက္တက္အေနနဲ႔ သတိေပးမႈအခ်ိဳ႕ျပဳလုပ္သြားခ့ဲတယ္လို႔ သိရပါတယ္။ မန္ယူႏိုက္တက္ဟာ ဂရစ္မန္းကို ဘာစီလိုနာအသင္းနဲ႔အျပိဳင္ေခၚယူဖို႔ၾကိဳးစားေနတာျဖစ္ျပီးေတာ့ ကစာသမားက ဘာစီလိုနာကိုေျပာင္းေရႊ႕ဖို႔ ပိုျပီးစိတ္၀င္စားမႈရွိေနတယ္လို႔သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔အဆင္မေျပမႈေတြရွိေနတ့ဲတိုက္စစ္မွဴးေနမာကိုလည္းအသင္းမွာျပန္လည္ေခၚယူဖို႔ ိတ္၀င္စားမႈေတြရွိေနတာလည္းျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ျပီး၊ မန္ယူႏိုက္တက္က ဘာစီလိုနာကိုသာေျပာင္းေရႊ႕ဖို႔စိတ္၀င္စားေနတ့ဲ ဂရစ္မန္းကို သတိေပးသြားခ့ဲတာပဲျဖစ္ပါတယ္။ ဘာစီလိုနာဟာ လက္ရွိေနမာကိုေခၚယူဖို႔ၾကိဳးစားေနတာျဖစ္ျပီး၊ ေနမာသာဘာစီလိုနာကိုေရာက္လာခ့ဲရင္ ဂရစ္မန္းအေနနဲ႔ဘာစီလိုနာကိုေရာက္ရွိခ့ဲမယ္ဆိုရင္ေတာင္ ေနမာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္ ဆံုးရံႈးရႏိုင္တယ္ဆိုျပီးသတိေပးသြားခ့ဲတာျဖစ္ပါတယ္။

အကယ္လို႔ ေနမာသာဘာစီလိုနာကိုျပန္ေရာက္လာခ့ဲရင္ ဂရစ္မန္းအေနနဲ႔ ဆြာရက္၊မက္ဆီ၊ေကာ္တင္ဟိုနဲ႔ေနမာတို႔ၾကားမွာ ပံုမွန္ပြဲထြက္ခြင့္အတြက္ ရုန္းကန္ရႏိုင္တာကို မန္ယူႏိုက္တက္ကေထာက္ျပျပီး၊ ဂရစ္မန္းကို သတိေပးသြားခ့ဲတာျဖစ္ပါတယ္။ ဂရစ္မန္းအေနနဲ႔မန္ယူႏိုက္တက္မွာဆိုရင္ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ အမ်ားၾကီးအခြင့္သာေနတာပဲျဖစ္ပါတယ္။

ဒီအခ်က္ကိုေထာက္ျပျပီး မန္ယူနိုက္တက္ကဂရစ္မန္းကိုဆြဲေဆာင္မႈေတြျပဳလုပ္ခ့ဲတာျဖစ္ျပီး၊ မန္ယူႏိုက္တက္ရဲ႕သတိေပးစကားဟာဘာစီလိုနာကိုေျပာင္းေရႊ႕ဖို႔စိတ္အားထက္သန္ေနတ့ဲ ဂရစ္မန္းရဲ႕စိတ္ကိုေျပာင္းလဲႏိုင္ေစႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဂရစ်မန်းကိုသတိပေးမှုအချို့ပြုလုပ်သွားခဲ့တဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ပြီးဆိုထဲက အခြားပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေထက်ပိုပြီး အလုပ်တွေရှုနေခဲ့တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ အသင်းကိုပြန်လည်ပြင်ဆင်ဖို့ နည်းပြဆိုးလ်ရှားအနေနဲ့ကစားသမားခေါ်ယူမှုတွေအများအပြားပြုလုပ်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့အလေးသာနေတဲ့ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်မန်းကို မန်ယူနိုက်တက်အနေနဲ့ သတိပေးမှုအချို့ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်ဟာ ဂရစ်မန်းကို ဘာစီလိုနာအသင်းနဲ့အပြိုင်ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီးတော့ ကစာသမားက ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ ပိုပြီးစိတ်ဝင်စားမှုရှိနေတယ်လို့သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့အဆင်မပြေမှုတွေရှိနေတဲ့တိုက်စစ်မှူးနေမာကိုလည်းအသင်းမှာပြန်လည်ခေါ်ယူဖို့ ိတ်ဝင်စားမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး၊ မန်ယူနိုက်တက်က ဘာစီလိုနာကိုသာပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတဲ့ ဂရစ်မန်းကို သတိပေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနေမာကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး၊ နေမာသာဘာစီလိုနာကိုရောက်လာခဲ့ရင် ဂရစ်မန်းအနေနဲ့ဘာစီလိုနာကိုရောက်ရှိခဲ့မယ်ဆိုရင်တောင် နေမာကြောင့် ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးရနိုင်တယ်ဆိုပြီးသတိပေးသွားခဲ့တာဖြစ်ပါတယ်။

အကယ်လို့ နေမာသာဘာစီလိုနာကိုပြန်ရောက်လာခဲ့ရင် ဂရစ်မန်းအနေနဲ့ ဆွာရက်၊မက်ဆီ၊ကော်တင်ဟိုနဲ့နေမာတို့ကြားမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရနိုင်တာကို မန်ယူနိုက်တက်ကထောက်ပြပြီး၊ ဂရစ်မန်းကို သတိပေးသွားခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းအနေနဲ့မန်ယူနိုက်တက်မှာဆိုရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အများကြီးအခွင့်သာနေတာပဲဖြစ်ပါတယ်။

ဒီအချက်ကိုထောက်ပြပြီး မန်ယူနိုက်တက်ကဂရစ်မန်းကိုဆွဲဆောင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး၊ မန်ယူနိုက်တက်ရဲ့သတိပေးစကားဟာဘာစီလိုနာကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတဲ့ ဂရစ်မန်းရဲ့စိတ်ကိုပြောင်းလဲနိုင်စေနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar