အာဆင္နယ္မွာကစားခ်င္ေနတဲ့ ဇာဟာရဲ႕ဆႏၵကိုပယ္ခ်ခဲ့တဲ့ ခရစ္စတယ္ပဲေလ့

ခရစ္စတယ္ပဲေလ့အသင္းဟာ အာဆင္နယ္အသင္းထံေျပာင္းေရႊ႕ကစားခ်င္ေနတဲ့ တိုက္စစ္မွဴးဇာဟာရဲ႕ဆႏၵကို မ်က္ကြယ္ျပဳလိုက္ပါတယ္။

ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၈၀)သတ္မွတ္ထားတဲ့ အိုင္ဗရီကို႔စ္လက္ေရြးစင္ဟာ ျပီးခဲ့တဲ့ရက္ပိုင္းက အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ကစားခြင့္ျပဳဖို႔ အသင္းထံ ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမဲ့ ခရစ္စတယ္ပဲေလ့အသင္းကေတာ့ သူ႔ကိုေရာင္းခ်လိုျခင္းမရွိပါဘူး။

အေၾကာင္းကေတာ့ ခရစ္စတယ္ပဲေလ့ဟာ ကစားသမားအင္အားျဖည့္တင္းမႈ မယ္မယ္ရရမလုပ္ႏိုင္ေသးတဲ့အျပင္ ညာေနာက္ခံလူ ၀မ္ဘစ္ဆာခါကို လည္း မန္ယူႏိုက္တက္အသင္းထံလက္လႊတ္ထားရျပီးျဖစ္လို႔ ေနာက္ထပ္ ဇာဟာကိုသာထပ္မံဆံုးရံႈးရရင္ သူတို႔အတြက္ အင္အားဆုတ္ယုတ္သြားမွာကို ပဲေလ့က ေၾကာက္ေနတာပါ။

ေနာက္တစ္ခ်က္က ခရစ္စတယ္ပဲေလ့အသင္းဟာ ဘစ္ဆာခါကိုေရာင္းခ်ရာကေန ေငြေၾကးအတန္အသင့္ရရွိထားျပီး၊ ဒီ ေပါင္သန္း(၅၀)ဆိုတဲ့ပမာဏဟာ ပဲေလ့ဥကၠ႒ စတိဗ္ပါရစ္ခ်္အတြက္ေတာ့ ေစ်းကြက္မွာ အသင္းနဲ႔သင့္ေတာ္မယ့္ ကစားသမားသစ္ေတြ၀ယ္ယူအားျဖည့္ဖို႔ လံုေလာက္ေနပါတယ္။ ဒါေၾကာင့္ ေလာေလာဆယ္မွာ ပဲေလ့ဟာ ေငြေၾကးလိုအပ္ခ်က္ ၾကီးၾကီးမားမားမရွိပဲ ဇာဟာကို အာဆင္နယ္ထံေျပာင္းကစားဖို႔ အလြယ္တကူ ခြင့္မျပဳႏိုင္ျဖစ္ေနတာပါ။

ျပီးေတာ့ ခရစ္စတယ္ပဲေလ့အေနနဲ႔ အေျပာင္းအေရႊ႕စရိတ္ ေပါင္သန္း (၄၀)သာရရွိထားတဲ့ အာဆင္နယ္ဆီက ဇာဟာရဲ႕အေျပာင္းအေရႊ႕အတြက္ သူတို႔အလိုရွိေနတဲ့ ေပါင္သန္း(၈၀)ကို ရရွိဖို႔ကလည္း မျဖစ္ႏိုင္သေလာက္ပါ။ ဒါေပမဲ့ အာဆင္နယ္က ကစားသမားရဲ႕ဆႏၵကို အခြင့္အေရးယူျပီး ေ႔ရွဆက္တိုးလာခဲ့မယ္ဆိုရင္ေတာ့ ပဲေလ့အေနနဲ႔ ဇာဟာရဲ႕အတင္းအၾကပ္ ဖိအားေပးေတာင္းဆိုမႈေတြနဲ႔ၾကံဳေတြရႏိုင္တဲ့ အေနအထားမွာရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အာဆင်နယ်မှာကစားချင်နေတဲ့ ဇာဟာရဲ့ဆန္ဒကိုပယ်ချခဲ့တဲ့ ခရစ်စတယ်ပဲလေ့

ခရစ်စတယ်ပဲလေ့အသင်းဟာ အာဆင်နယ်အသင်းထံပြောင်းရွှေ့ကစားချင်နေတဲ့ တိုက်စစ်မှူးဇာဟာရဲ့ဆန္ဒကို မျက်ကွယ်ပြုလိုက်ပါတယ်။

ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)သတ်မှတ်ထားတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားခွင့်ပြုဖို့ အသင်းထံ ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ခရစ်စတယ်ပဲလေ့အသင်းကတော့ သူ့ကိုရောင်းချလိုခြင်းမရှိပါဘူး။

အကြောင်းကတော့ ခရစ်စတယ်ပဲလေ့ဟာ ကစားသမားအင်အားဖြည့်တင်းမှု မယ်မယ်ရရမလုပ်နိုင်သေးတဲ့အပြင် ညာနောက်ခံလူ ဝမ်ဘစ်ဆာခါကို လည်း မန်ယူနိုက်တက်အသင်းထံလက်လွှတ်ထားရပြီးဖြစ်လို့ နောက်ထပ် ဇာဟာကိုသာထပ်မံဆုံးရှုံးရရင် သူတို့အတွက် အင်အားဆုတ်ယုတ်သွားမှာကို ပဲလေ့က ကြောက်နေတာပါ။

နောက်တစ်ချက်က ခရစ်စတယ်ပဲလေ့အသင်းဟာ ဘစ်ဆာခါကိုရောင်းချရာကနေ ငွေကြေးအတန်အသင့်ရရှိထားပြီး၊ ဒီ ပေါင်သန်း(၅၀)ဆိုတဲ့ပမာဏဟာ ပဲလေ့ဥက္ကဋ္ဌ စတိဗ်ပါရစ်ချ်အတွက်တော့ ဈေးကွက်မှာ အသင်းနဲ့သင့်တော်မယ့် ကစားသမားသစ်တွေဝယ်ယူအားဖြည့်ဖို့ လုံလောက်နေပါတယ်။ ဒါကြောင့် လောလောဆယ်မှာ ပဲလေ့ဟာ ငွေကြေးလိုအပ်ချက် ကြီးကြီးမားမားမရှိပဲ ဇာဟာကို အာဆင်နယ်ထံပြောင်းကစားဖို့ အလွယ်တကူ ခွင့်မပြုနိုင်ဖြစ်နေတာပါ။

ပြီးတော့ ခရစ်စတယ်ပဲလေ့အနေနဲ့ အပြောင်းအရွှေ့စရိတ် ပေါင်သန်း (၄၀)သာရရှိထားတဲ့ အာဆင်နယ်ဆီက ဇာဟာရဲ့အပြောင်းအရွှေ့အတွက် သူတို့အလိုရှိနေတဲ့ ပေါင်သန်း(၈၀)ကို ရရှိဖို့ကလည်း မဖြစ်နိုင်သလောက်ပါ။ ဒါပေမဲ့ အာဆင်နယ်က ကစားသမားရဲ့ဆန္ဒကို အခွင့်အရေးယူပြီး ေ့ရှဆက်တိုးလာခဲ့မယ်ဆိုရင်တော့ ပဲလေ့အနေနဲ့ ဇာဟာရဲ့အတင်းအကြပ် ဖိအားပေးတောင်းဆိုမှုတွေနဲ့ကြုံတွေရနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

လူညိုချော@SportsGabar