ဇီဒန္းရဲ႕ခုႏွစ္ေယာက္ေျမာက္ပစ္မွတ္ မာေနး

ဒီေႏြေစ်းကြက္ထဲမွာ ကစားသမားေခၚယူမႈေတြအမ်ားအျပားျပဳလုပ္လ်က္ရွိေနတ့ဲ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကစားသမား(၆)ဦးအထိေခၚယူထားျပီးျဖစ္ကာ၊ ခုႏွစ္ေယာက္ေျမာက္ကစားသမားေခၚယူမႈကိုျပဳလုပ္ဖို႔ လီဗာပူးလ္အသင္းရဲ႕ကစားသမား မာေနးကို ပစ္မွတ္ထားေနတယ္လို႔သိရပါတယ္။

လြန္ခ့ဲတ့ဲ(၂၀၁၆)ခုႏွစ္က လီဗာပူးလ္အသင္းကို ေဆာက္သမ္တန္အသင္းကေနေျပာင္းေရႊ႕လာခ့ဲတာျဖစ္ျပီး၊ နည္းျပကေလာ့လက္ေအာက္မွာ မာေနးတစ္ေယာက္ ေတာက္ပလာခ့ဲပါတယ္။ မာေနးဟာ လက္ရွိအခ်ိန္အထိအသင္းအတြက္ပြဲေပါင္း(၁၂၃)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၅၉)အထိ သြင္းယူေပးထားႏိုင္ခ့ဲတ့ဲ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။

နာမည္ၾကီးသတင္းစာတစ္ခုရဲ႕အဆိုအရ စပိ္န္ဘီလူးၾကီး ရီးရဲလ္ဟာ မာေနးကိုေခၚယူဖို႔အတြက္ ခ်ိတ္ဆက္မႈေတြျပဳလုပ္လ်က္ရွိေနတယ္လို႕သိရပါတယ္။ ရီးရဲလ္အသင္းဟာမာေနးကိုေခၚယူဖို႔အတြက္ လီဗာပူးလ္နည္းျပ ကေလာ့စိတ္၀င္စားေနတ့ဲ ရီးရဲလ္အသင္းရဲ႕လူငယ္တိုက္စစ္မွဴးေလး အဆန္စီယို ကိုအသံုးခ်သြားမယ္လို႔ သတင္းေတြအရသိရျပီး၊ မာနေးနဲ႔အလဲအထပ္လုပ္ျပီးေခၚယူဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဒါေပမ့ဲ မာေနးကေတာ့ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္ျပီး အခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ မာေနးက ” ကၽြန္ေတာ့္အတါက္ေတာ့ပိုျပီးအေရးၾကီးတ့ဲအရာက ကၽြန္ေတာ္လီဗာပူးလ္မွာရွိေနတယ္ဆိုတာပါပဲ၊ ျပီးေတာ့ ဒီမွာကၽြန္ေတာ္ေပ်ာ္ပါတယ္၊ ကမာၻေပၚက အေကာင္းဆံုးအသင္းေတြထဲကတစ္သင္းအတြက္ ကၽြန္ေတာ္ျပင္ဆင္မႈေတြျပဳလုပ္ေနပါတယ္၊ ဒီအေပၚမွာပဲအာရံုစိုက္ခြင့္ေပးပါ၊ အႏိုင္ရဖို႔အတြက္ပဲအာရံုစိုက္ထားပါရေစ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

မာေနးကိုေခၚယူဖို႔ ရီးရဲလ္အသင္းက အရင္ထဲက မ်က္စိက်ေနတာျဖစ္ျပီး၊ ကေလာ့လိုခ်င္ေနတ့ဲ အဆန္စီယိုနဲ႔ အလဲအထပ္လုပ္ျပီးေခၚယူဖို႔ျပင္ဆင္ေနတာျဖစ္တ့ဲအတြက္ အေျပာင္းအေရႊ႕ဟာျဖစ္လာႏိုင္ဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဇီဒန်းရဲ့ခုနှစ်ယောက်မြောက်ပစ်မှတ် မာနေး

ဒီနွေဈေးကွက်ထဲမှာ ကစားသမားခေါ်ယူမှုတွေအများအပြားပြုလုပ်လျက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကစားသမား(၆)ဦးအထိခေါ်ယူထားပြီးဖြစ်ကာ၊ ခုနှစ်ယောက်မြောက်ကစားသမားခေါ်ယူမှုကိုပြုလုပ်ဖို့ လီဗာပူးလ်အသင်းရဲ့ကစားသမား မာနေးကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့(၂၀၁၆)ခုနှစ်က လီဗာပူးလ်အသင်းကို ဆောက်သမ်တန်အသင်းကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ နည်းပြကလော့လက်အောက်မှာ မာနေးတစ်ယောက် တောက်ပလာခဲ့ပါတယ်။ မာနေးဟာ လက်ရှိအချိန်အထိအသင်းအတွက်ပွဲပေါင်း(၁၂၃)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၅၉)အထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

နာမည်ကြီးသတင်းစာတစ်ခုရဲ့အဆိုအရ စပိန်ဘီလူးကြီး ရီးရဲလ်ဟာ မာနေးကိုခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိနေတယ်လို့သိရပါတယ်။ ရီးရဲလ်အသင်းဟာမာနေးကိုခေါ်ယူဖို့အတွက် လီဗာပူးလ်နည်းပြ ကလော့စိတ်ဝင်စားနေတဲ့ ရီးရဲလ်အသင်းရဲ့လူငယ်တိုက်စစ်မှူးလေး အဆန်စီယို ကိုအသုံးချသွားမယ်လို့ သတင်းတွေအရသိရပြီး၊ မာနေးနဲ့အလဲအထပ်လုပ်ပြီးခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ မာနေးကတော့ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားသွားခဲ့ပါတယ်။ မာနေးက ” ကျွန်တော့်အတါက်တော့ပိုပြီးအရေးကြီးတဲ့အရာက ကျွန်တော်လီဗာပူးလ်မှာရှိနေတယ်ဆိုတာပါပဲ၊ ပြီးတော့ ဒီမှာကျွန်တော်ပျော်ပါတယ်၊ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲကတစ်သင်းအတွက် ကျွန်တော်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်၊ ဒီအပေါ်မှာပဲအာရုံစိုက်ခွင့်ပေးပါ၊ အနိုင်ရဖို့အတွက်ပဲအာရုံစိုက်ထားပါရစေ ” လို့ပြောကြားသွားခဲ့ပါတယ်။

မာနေးကိုခေါ်ယူဖို့ ရီးရဲလ်အသင်းက အရင်ထဲက မျက်စိကျနေတာဖြစ်ပြီး၊ ကလော့လိုချင်နေတဲ့ အဆန်စီယိုနဲ့ အလဲအထပ်လုပ်ပြီးခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်တဲ့အတွက် အပြောင်းအရွှေ့ဟာဖြစ်လာနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar