ဒီလစ္ေရာက္ရွိေၾကာင္းကို တနလၤာေန႔မွာ ဂ်ဴဗင္တပ္တရား၀င္ေၾကျငာမယ္

ရက္အေတာ္ၾကာေဆြးေႏြးခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္နဲ႔ေအဂ်က္တို႔ဟာ (၁၉)ႏွစ္အရြယ္ေနာက္ခံလူ ဒီလစ္အတြက္ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔အတူ သေဘာတူညီမႈရခဲ့ျပီျဖစ္ျပီး တနလၤာေန႔မွာေတာ့ တရား၀င္ေၾကျငာသြားမယ္လို႔သိရပါတယ္။

အေျပာင္းအေရႊ႕ကာလမွာ ဥေရာပအသင္းၾကီးေတာ္ေတာ္မားမ်ားနဲ႔သတင္းထြက္ေပၚခဲ့တဲ့ ဒီလစ္ဟာ ေအဂ်က္နဲ႔အတူ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့သူျဖစ္ျပီး နယ္သာလန္လက္ေရြးစင္အသင္းၾကီးမွာလည္း အဓိကေနာက္ခံလူတစ္ဦးအျဖစ္ လီဗာပူးလ္ခံစစ္မွဴးဗန္ဒိုက္နဲ႔အတူရပ္တည္ေနပါတယ္။

လိဂ္ျပိဳင္ပြဲေတြျပီးဆံုးခ်ိန္မွာတုန္းက သူ႔ရဲ႕အနာဂတ္ကို ေသခ်ာမသိေသးဘူးလို႔ ၀န္ခံထားတဲ့ဒီလူငယ္ဟာ ေနရွင္လိဂ္ဗိုလ္လုပြဲမွာ ေပၚတူဂီအသင္းနဲ႔ ရင္ဆိုင္ခဲ့ရျပီး ေရာ္နယ္ဒို ရဲ႕ဆြဲေဆာင္မႈနဲ႔ ၾကံဳေတြ႕ခဲ့ရတာပါ။ ေပၚတူဂီနဲ႔နယ္သာလန္အသင္းတို႔ရဲ႕ဗိုလ္လုပြဲစဥ္အျပီးမွာ စီေရာ္နယ္ဒိုဟာ ဒီလစ္ကို ဂ်ဴဗင္တပ္ထံေျပာင္းေရႊ႕လာဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

ဒီအေၾကာင္းကို ဒီလစ္ကိုယ္တိုင္က ဂုဏ္ယူစြာနဲ႔ဖြင့္ဟေျပာၾကားခဲ့တာျဖစ္ျပီး၊ စီေရာ္နယ္ဒိုက သူ႔ရဲ႕စံျပကစားသမားလို႔လည္း ၀န္ခံခဲ့တာပါ။ ဒီအခ်က္ေတြကပဲ ဒီလစ္ကို ဂ်ဴဗင္တပ္ထံေျပာင္းေရႊ႕ျဖစ္ဖို႔ တြန္းအားေပးခဲ့တာျဖစ္ျပီး၊ အခုအခ်ိန္မွာေတာ့ ဒီလူငယ္ကစားသမားအတြက္ ဂ်ဴဗင္တပ္နဲ႔ေအဂ်က္တို႔ဟာ ေပါင္(၆၇.၃)သန္းနဲ႔ ကနဦးသေဘာတူညီမႈရခဲ့ပါျပီ။

ဒါေပမဲ့ ဂ်ဴဗင္တပ္အေနနဲ႔ ဒီလစ္ေရာက္ရွိေၾကာင္းကိုေတာ့ တနလၤာေန႔မွာမွ တရား၀င္ေၾကျငာမႈ ျပဳလုပ္သြားမယ္လို႔သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဒီလစ်ရောက်ရှိကြောင်းကို တနင်္လာနေ့မှာ ဂျူဗင်တပ်တရားဝင်ကြေငြာမယ်

ရက်အတော်ကြာဆွေးနွေးခဲ့ပြီးနောက် ဂျူဗင်တပ်နဲ့အေဂျက်တို့ဟာ (၁၉)နှစ်အရွယ်နောက်ခံလူ ဒီလစ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့အတူ သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး တနင်္လာနေ့မှာတော့ တရားဝင်ကြေငြာသွားမယ်လို့သိရပါတယ်။

အပြောင်းအရွှေ့ကာလမှာ ဥရောပအသင်းကြီးတော်တော်မားများနဲ့သတင်းထွက်ပေါ်ခဲ့တဲ့ ဒီလစ်ဟာ အေဂျက်နဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သူဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းကြီးမှာလည်း အဓိကနောက်ခံလူတစ်ဦးအဖြစ် လီဗာပူးလ်ခံစစ်မှူးဗန်ဒိုက်နဲ့အတူရပ်တည်နေပါတယ်။

လိဂ်ပြိုင်ပွဲတွေပြီးဆုံးချိန်မှာတုန်းက သူ့ရဲ့အနာဂတ်ကို သေချာမသိသေးဘူးလို့ ဝန်ခံထားတဲ့ဒီလူငယ်ဟာ နေရှင်လိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ရော်နယ်ဒို ရဲ့ဆွဲဆောင်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ပေါ်တူဂီနဲ့နယ်သာလန်အသင်းတို့ရဲ့ဗိုလ်လုပွဲစဉ်အပြီးမှာ စီရော်နယ်ဒိုဟာ ဒီလစ်ကို ဂျူဗင်တပ်ထံပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီအကြောင်းကို ဒီလစ်ကိုယ်တိုင်က ဂုဏ်ယူစွာနဲ့ဖွင့်ဟပြောကြားခဲ့တာဖြစ်ပြီး၊ စီရော်နယ်ဒိုက သူ့ရဲ့စံပြကစားသမားလို့လည်း ဝန်ခံခဲ့တာပါ။ ဒီအချက်တွေကပဲ ဒီလစ်ကို ဂျူဗင်တပ်ထံပြောင်းရွှေ့ဖြစ်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာတော့ ဒီလူငယ်ကစားသမားအတွက် ဂျူဗင်တပ်နဲ့အေဂျက်တို့ဟာ ပေါင်(၆၇.၃)သန်းနဲ့ ကနဦးသဘောတူညီမှုရခဲ့ပါပြီ။

ဒါပေမဲ့ ဂျူဗင်တပ်အနေနဲ့ ဒီလစ်ရောက်ရှိကြောင်းကိုတော့ တနင်္လာနေ့မှာမှ တရားဝင်ကြေငြာမှု ပြုလုပ်သွားမယ်လို့သိရပါတယ်။

လူညိုချော@SportsGabar