ေနမာကို အသင္းမွာပဲဆက္ရွိေနေစခ်င္တ့ဲ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္

ဘာစီလိုနာကိုျပန္လည္ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြထြက္ေနတ့ဲ ပီအက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္မွဴးေနမာကို အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားက အသင္းမွာပဲဆက္ရွိေနေစခ်င္တယ္လို႔ေျပာၾကားသြားခ့ဲပါတယ္။

လြန္ခ့ဲတ့ဲ (၂၀၁၇)ခုႏွစ္က ဘာစီလိုနာကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီအသင္းကိုေျပာင္းေရႊ႕ခ့ဲတ့ဲ ေနမာဟာ ျပင္သစ္ဘီလူၾကီးမွာ ပံုမွန္ေျခစြမ္းေတြျပႏိုင္ဖို႕ရုန္းကန္ေနခ့ဲရတာျဖစ္ပါတယ္။ ေနမာတစ္ေယာက္ ပီအက္စ္ဂ်ီမွာ အဆင္မေျပမႈေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ရုန္းကန္ေနရခ်ိန္မွာ အသင္းေဟာင္းဘာစီလိုနာကိုျပန္လည္တမ္းတေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာကို ဒီေႏြထဲမွာျပန္လည္ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္လာေနျပီး၊ ဒီလိုအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ ေဆးလ္ဗားက သူ႔အေနနဲ႔ ေနမာကိုအသင္းမွာပဲဆက္ရွ္ိေနေစခ်င္တ့ဲအေၾကာင္းကိုအခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ ေဆးလ္ဗားက ” တကယ္ကေတာ့ ေနမာကိုအသင္းမာရွိေနေစခ်င္တာေပါ့ေနာ္၊ ဒါေပမ့ဲ သူ႔အေနနဲ႔အသင္းမွာေပ်ာ္ရႊင္ဖို႔လည္းလိုပါတယ္၊ သူကအျမဲတမ္းလူေကာင္းတစ္ေယာက္ပါ၊ သူဘယ္အသင္းကိုပဲေရာက္ေရာက္ သူေပ်ာ္ပါေစလို႔ ကၽြန္ေတာ္ေမ်ွာ္လင့္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ေနမာဟာ ေျခစြမ္းပိုင္ေကာင္းမြန္တ့ဲကစားသမားတစ္ေယာက္ျဖစ္ေပမ့ဲ ဒဏ္ရာျပႆနာေတြနဲ႔မၾကာခဏရင္ဆိုင္ရေလ့ရွိတ့ဲကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိဘရာဇီးႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနတ့ဲ ကိုပါအေမရိကျပိဳင္ပြဲကို ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခ့ဲရသလို၊ ျပီးခ့ဲတ့ဲ(၂၀၁၈)ခုႏွစ္ ရုရွားကမာၻ႔ဖလားမွာလည္း ဒဏ္ရာျပႆနာေၾကာင့္ ျပိဳင္ပြဲနဲ႔လြဲေခ်ာ္ခ့ဲရတ့ဲသူပဲျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔အတူျဖတ္သန္းခ့ဲတ့ဲ (၂)ရာသီအတြင္း ပြဲေပါင္း(၃၇)ပြဲသာပါ၀င္ကစားေပးႏိုင္ခ့ဲတာျဖစ္ပါတယ္။ အသင္းေဖာ္ေတြနဲ႔အဆင္မေျပမႈေတြရွိေနသလုိ၊ ေနမာကိုယ္တိုင္လည္း ပီအက္စ္ဂ်ီမွာမေပ်ာ္မရႊင္ျဖစ္ေနတာေၾကာင့္ ဘာစီလိုနာကို တကယ္ပဲျပန္လည္ေရာက္ရွိလာမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာကို အသင်းမှာပဲဆက်ရှိနေစေချင်တဲ့ ပီအက်စ်ဂျီအသင်းခေါင်းဆောင်

ဘာစီလိုနာကိုပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာကို အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက အသင်းမှာပဲဆက်ရှိနေစေချင်တယ်လို့ပြောကြားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၇)ခုနှစ်က ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ပြင်သစ်ဘီလူကြီးမှာ ပုံမှန်ခြေစွမ်းတွေပြနိုင်ဖို့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ နေမာတစ်ယောက် ပီအက်စ်ဂျီမှာ အဆင်မပြေမှုပေါင်းသောင်းခြောက်ထောင်နဲ့ ရုန်းကန်နေရချိန်မှာ အသင်းဟောင်းဘာစီလိုနာကိုပြန်လည်တမ်းတနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာကို ဒီနွေထဲမှာပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပြီး၊ ဒီလိုအချိန်မှာ ပီအက်စ်ဂျီအသင်းခေါင်းဆောင် ဆေးလ်ဗားက သူ့အနေနဲ့ နေမာကိုအသင်းမှာပဲဆက်ရှိနေစေချင်တဲ့အကြောင်းကိုအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ဆေးလ်ဗားက ” တကယ်ကတော့ နေမာကိုအသင်းမာရှိနေစေချင်တာပေါ့နော်၊ ဒါပေမဲ့ သူ့အနေနဲ့အသင်းမှာပျော်ရွှင်ဖို့လည်းလိုပါတယ်၊ သူကအမြဲတမ်းလူကောင်းတစ်ယောက်ပါ၊ သူဘယ်အသင်းကိုပဲရောက်ရောက် သူပျော်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

နေမာဟာ ခြေစွမ်းပိုင်ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့မကြာခဏရင်ဆိုင်ရလေ့ရှိတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရသလို၊ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ရုရှားကမ္ဘာ့ဖလားမှာလည်း ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲနဲ့လွဲချော်ခဲ့ရတဲ့သူပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့အတူဖြတ်သန်းခဲ့တဲ့ (၂)ရာသီအတွင်း ပွဲပေါင်း(၃၇)ပွဲသာပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းဖော်တွေနဲ့အဆင်မပြေမှုတွေရှိနေသလို၊ နေမာကိုယ်တိုင်လည်း ပီအက်စ်ဂျီမှာမပျော်မရွှင်ဖြစ်နေတာကြောင့် ဘာစီလိုနာကို တကယ်ပဲပြန်လည်ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar