ဥရုေဂြးတို႔ ပီရူးကိုရံႈးခဲ့ရတဲ့ အေၾကာင္းအရင္း (၃)ရပ္

ဆြာရက္ဇ္၊ ကာဗာနီတို႔ရဲ႕ နာမည္ၾကီးဥရုေဂြးအသင္းဟာ ကိုပါအေမရိကျပိဳင္ပြဲရဲ႕ ကြာတားအဆင့္ကေနပဲထြက္ခဲ့ရပါျပီ။ ပြဲခ်ိန္မိနစ္(၉၀)အတြင္း သေရက်ေနခဲ့လို႔ပင္နယ္တီအဆံုးအျဖတ္ခြံယူရာမွာ ပီရူးက (၅)ဂိုး၊ (၄)ဂိုးနဲ႔အႏိုင္ရသြားခဲ့တာပါ။ ဥရုေဂြးဟာ ပီရူးထက္လူစာရင္းအရေရာ အစဥ္အလာအရပါ အသာရခဲ့ေပမဲ့ ဘာေၾကာင့္ရံႈးနိမ့္သြားခဲ့ရလဲဆိုတဲ့ အေၾကာင္းအရင္းေတြကေတာ့ ခိုင္ခိုင္လံုလံုရွိေနပါတယ္။

၁။ အခြင့္အေရးေတြျဖဳန္းတီးပစ္ခဲ့မႈ

ဒီပြဲမွာ ဥရုေဂြးဟာ ပီရူးကို အသာစီးကစားႏိုင္ခဲ့ျပီး ပြဲခ်ိန္အေစာပိုင္း မိနစ္ေတြမွာ အပိုင္အခြင့္အေရးေတြရခဲ့ေပမဲ့ အသံုးမခ်ႏိုင္ခဲ့ပါဘူး။ ပြဲခ်ိန္မိနစ္ (၃၇)မွာလည္း ကာဗာနီအေနနဲ႔ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းကန္ခြင့္ရခဲ့ေပမဲ့ လြဲေခ်ာ္ခဲ့ျပန္ပါတယ္။ ပြဲခ်ိန္(၅၃)မိနစ္မွာ ရရွိလာတဲ့အပိုင္အခြင့္အေရးတစ္ခုကိုေတာ့ ကာဗာနီက ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ေပမဲ့ လူကြ်ံေနခဲ့ပါတယ္။ ဒီပြဲမွာ ဥရုေဂြးဟာ (၃)ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ ကံဆိုးစြာနဲ႔ (၃)ဂိုးစလံုးလူကြ်ံေဘာေတြျဖစ္ေနခဲ့လို႔ ဂိုးအျဖစ္ခြင့္ျပဳမေပးခဲ့ပဲ ပယ္ခ်ခံခဲ့ရပါတယ္။

၂။ ပီရူးအသင္းရဲ႕တုန္႔ျပန္အား

ဥရုေဂြးအသင္းရဲ႕မရပ္မနားတိုက္စစ္ဆင္မႈေတြကို တည္တည္ျငိမ္ျငိမ္နဲ႔ ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့တဲ့ ပီရူးအသင္းကို မျဖစ္မေနခ်ီးက်ဴးရမွာျဖစ္ပါတယ္။ ပီရူးမွာ ပစ္ဇာရိုတို႔လို အရည္အေသြးျမင့္တိုက္စစ္မွဴးေတြမရွိေတာ့ေပမဲ့ အသင္းလိုက္စုစည္းမႈအားနဲ႔ ဥရုေဂြးကို ဒုကၡေပးႏိုင္ခဲ့တာပါ။ ပီရူးရဲ႕တန္ျပန္တိုက္စစ္ေတြဟာ ဥရုေဂြးေနာက္တန္းကို ထိထိေရာက္ေရာက္ျခိမ္းေျခာက္ႏိုင္ခဲ့ျပီး၊ ပင္နယ္တီအဆံုးအျဖတ္မွာလည္း ပီရူးဟာ ကန္သြင္းခ်က္အားလံုးဂိုး၀င္ေအာင္ကန္သြင္းႏိုင္ခဲ့လို႔ ဆီမီးအဆင့္ကို ထိုက္ထိုက္တန္တန္တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ဆြာရက္ဇ္ရဲ႕ပင္နယ္တီလြဲေခ်ာ္မႈ

ဆြာရက္ဇ္ရဲ႕ပင္နယ္တီလြဲေခ်ာ္မႈက ဒီပြဲရဲ႕အၾကီးမားဆံုး အဆံုးအျဖတ္တစ္ခု ျဖစ္ခဲ့တာပါ။ ပင္နယ္တီလြဲေခ်ာ္တယ္ဆိုတာ ဂိုးေပါက္လြဲကန္တာကိုဆိုလိုတာမဟုတ္ပါဘူး။ ဆြာရက္ဇ္ရဲ႕ကန္သြင္းခ်က္ကို ပီရူးဂိုးသမားကာကြယ္ႏိုင္ခဲ့လို႔ ပင္နယ္တီအခြင့္အေရးလြဲေခ်ာ္ရျခင္းကိုဆိုလိုပါတယ္။ ဆြာရက္ဇ္အေနနဲ႔ ပင္နယ္တီအဆံုးအျဖတ္မွာ ပထမဆံုးကန္သြင္းခြင့္ရခဲ့ျပီး ကံမေကာင္းစြာနဲ႔ပဲ သူ႔ရဲ႕ကန္သြင္းခ်က္ဟာ ပီရူးဂိုးသမားဒိုင္ဗင္ပစ္တဲ့ဘက္နဲ႔တိုက္ဆိုင္သြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ႏွစ္ဘက္အသင္းေတြဟာ ကန္သြင္းခ်က္အားလံုးဂိုး၀င္ခဲ့ၾကတဲ့အတြက္ ဆြာရက္ဇ္ရဲ႕ပထမဆံုးလြဲေခ်ာ္မႈက အဆံုးအျဖတ္ျဖစ္သြားခဲ့ရတာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ဥရုဂွေးတို့ ပီရူးကိုရှုံးခဲ့ရတဲ့ အကြောင်းအရင်း (၃)ရပ်

ဆွာရက်ဇ်၊ ကာဗာနီတို့ရဲ့ နာမည်ကြီးဥရုဂွေးအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲရဲ့ ကွာတားအဆင့်ကနေပဲထွက်ခဲ့ရပါပြီ။ ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေခဲ့လို့ပင်နယ်တီအဆုံးအဖြတ်ခွံယူရာမှာ ပီရူးက (၅)ဂိုး၊ (၄)ဂိုးနဲ့အနိုင်ရသွားခဲ့တာပါ။ ဥရုဂွေးဟာ ပီရူးထက်လူစာရင်းအရရော အစဉ်အလာအရပါ အသာရခဲ့ပေမဲ့ ဘာကြောင့်ရှုံးနိမ့်သွားခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့ ခိုင်ခိုင်လုံလုံရှိနေပါတယ်။

၁။ အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့မှု

ဒီပွဲမှာ ဥရုဂွေးဟာ ပီရူးကို အသာစီးကစားနိုင်ခဲ့ပြီး ပွဲချိန်အစောပိုင်း မိနစ်တွေမှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန်မိနစ် (၃၇)မှာလည်း ကာဗာနီအနေနဲ့ ဂိုးသမားနဲ့တစ်ယောက်ချင်းကန်ခွင့်ရခဲ့ပေမဲ့ လွဲချော်ခဲ့ပြန်ပါတယ်။ ပွဲချိန်(၅၃)မိနစ်မှာ ရရှိလာတဲ့အပိုင်အခွင့်အရေးတစ်ခုကိုတော့ ကာဗာနီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပေမဲ့ လူကျွံနေခဲ့ပါတယ်။ ဒီပွဲမှာ ဥရုဂွေးဟာ (၃)ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ (၃)ဂိုးစလုံးလူကျွံဘောတွေဖြစ်နေခဲ့လို့ ဂိုးအဖြစ်ခွင့်ပြုမပေးခဲ့ပဲ ပယ်ချခံခဲ့ရပါတယ်။

၂။ ပီရူးအသင်းရဲ့တုန့်ပြန်အား

ဥရုဂွေးအသင်းရဲ့မရပ်မနားတိုက်စစ်ဆင်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ ပီရူးအသင်းကို မဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။ ပီရူးမှာ ပစ်ဇာရိုတို့လို အရည်အသွေးမြင့်တိုက်စစ်မှူးတွေမရှိတော့ပေမဲ့ အသင်းလိုက်စုစည်းမှုအားနဲ့ ဥရုဂွေးကို ဒုက္ခပေးနိုင်ခဲ့တာပါ။ ပီရူးရဲ့တန်ပြန်တိုက်စစ်တွေဟာ ဥရုဂွေးနောက်တန်းကို ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်ခဲ့ပြီး၊ ပင်နယ်တီအဆုံးအဖြတ်မှာလည်း ပီရူးဟာ ကန်သွင်းချက်အားလုံးဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ဆီမီးအဆင့်ကို ထိုက်ထိုက်တန်တန်တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ဆွာရက်ဇ်ရဲ့ပင်နယ်တီလွဲချော်မှု

ဆွာရက်ဇ်ရဲ့ပင်နယ်တီလွဲချော်မှုက ဒီပွဲရဲ့အကြီးမားဆုံး အဆုံးအဖြတ်တစ်ခု ဖြစ်ခဲ့တာပါ။ ပင်နယ်တီလွဲချော်တယ်ဆိုတာ ဂိုးပေါက်လွဲကန်တာကိုဆိုလိုတာမဟုတ်ပါဘူး။ ဆွာရက်ဇ်ရဲ့ကန်သွင်းချက်ကို ပီရူးဂိုးသမားကာကွယ်နိုင်ခဲ့လို့ ပင်နယ်တီအခွင့်အရေးလွဲချော်ရခြင်းကိုဆိုလိုပါတယ်။ ဆွာရက်ဇ်အနေနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဆုံးကန်သွင်းခွင့်ရခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ကန်သွင်းချက်ဟာ ပီရူးဂိုးသမားဒိုင်ဗင်ပစ်တဲ့ဘက်နဲ့တိုက်ဆိုင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ဘက်အသင်းတွေဟာ ကန်သွင်းချက်အားလုံးဂိုးဝင်ခဲ့ကြတဲ့အတွက် ဆွာရက်ဇ်ရဲ့ပထမဆုံးလွဲချော်မှုက အဆုံးအဖြတ်ဖြစ်သွားခဲ့ရတာပါ။

လူညိုချော@SportsGabar