မက္ဆီကိုခ်ီးက်ဴးသြားခ့ဲတ့ဲ သီယာဂိုေဆးလ္ဗား

ဘရာဇီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားဟာ အာဂ်င္တီးနားနဲ႔ ရင္ဆိုင္ရမယ့္ ကိုပါအေမရိက ဆီးမီးဖိုင္နယ္ပြဲစဥ္မတိုင္မီ အာဂ်င္တီးနားအသင္းရဲ႕တိုက္စစ္မွဴး လီယြန္နယ္မက္ဆီကို ခ်ီးက်ဴးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။

မက္ဆီဟာ လက္ရွိကိုပါအေမရိကျပိဳင္ပြဲမွာ ေျခစြမ္းျပသႏိုင္ဖို႔ရုန္းကန္ေနရတာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ေနခ့ဲရတ့ဲသူျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ ဆီမီးဖိုင္နယ္မွာ ရင္ဆိုင္ရမယ့္ ဘရာဇီးအသင္းရဲ႕အသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားက ဘလြန္းဒီေအာ္(၅)ၾကိမ္ဆုရွင္ မက္ဆီကို အခုလိုပဲ ခ်ီးက်ဴးေျပာဆိုသြားခ့ဲပါတယ္။

ေဆးလ္ဗားက ” ကၽြန္ေတာ့္အတြက္ေတာ့ မက္ဆီက သမိုင္းတစ္ေလ်ွာက္အေကာင္းဆံုးကစားသမားတစ္ေယာက္ပါ၊ ကၽြန္ေတာ္ျမင္ဖူးသမ်ွထဲမွာလည္း သူကအေကာင္းဆံုးပါ၊ ႏိုင္ငံအသင္းမွာ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္မွာ ကၽြန္ေတာ္တို႔ ေတြ႔ဆံုရေလ့ရွိတ့ဲအခါတိုင္း သူကရင္ဆိုင္ဖို႔ခက္တ့ဲ သူတစ္ေယာက္ပါ၊ မင္းဘယ္ေလာက္သင္ယူထားပါေစ၊ သူ႔မွာရွိတ့ဲအရည္အေသြးေတြကို မင္းဘယ္ေတာ့မွ နားလည္ႏိုင္မွာမဟုတ္္ပါဘူး၊ တစ္ျခားသူေတြနဲ႔မတူညီတ့ဲ အရာေတြကို သူကလုပ္ႏိုင္တယ္ ” လို႔ ခ်ီးက်ဴးေျပာဆိုသြားခ့ဲတာပဲျဖစ္ပါတယ္။

ဘရာဇီးနဲ႔အာဂ်င္တီးနားအသင္းတို႔ရဲ႕ေတြ႔ဆံုမႈဟတကယ္ကိုအၾကိတ္အနယ္ရွိလာမွာ ေသခ်ာျပီးေတာ့ မက္ဆီအေနနဲ႔ ေဆးလ္ဗားေျပာသလို သူ႔ရဲ႕မတူညီတ့ဲေျခစြမ္းေတြကို ဘရာဇီးနဲ႔ပြဲမွာထုက္ျပႏိုင္မလား၊ ဒါမွမဟုတ္ ေဆးလ္ဗားကပဲ မက္ဆီကို ထိန္းခ်ဳပ္ျပီး ကစားသြားႏိုင္မလားဆိုတာ ဇူလိုင္လ(၃)ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္မွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မက်ဆီကိုချီးကျူးသွားခဲ့တဲ့ သီယာဂိုဆေးလ်ဗား

ဘရာဇီးအသင်းရဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားဟာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမယ့် ကိုပါအမေရိက ဆီးမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိကိုပါအမေရိကပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ဘရာဇီးအသင်းရဲ့အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက ဘလွန်းဒီအော်(၅)ကြိမ်ဆုရှင် မက်ဆီကို အခုလိုပဲ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဆေးလ်ဗားက ” ကျွန်တော့်အတွက်တော့ မက်ဆီက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ယောက်ပါ၊ ကျွန်တော်မြင်ဖူးသမျှထဲမှာလည်း သူကအကောင်းဆုံးပါ၊ နိုင်ငံအသင်းမှာ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ တွေ့ဆုံရလေ့ရှိတဲ့အခါတိုင်း သူကရင်ဆိုင်ဖို့ခက်တဲ့ သူတစ်ယောက်ပါ၊ မင်းဘယ်လောက်သင်ယူထားပါစေ၊ သူ့မှာရှိတဲ့အရည်အသွေးတွေကို မင်းဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပါဘူး၊ တစ်ခြားသူတွေနဲ့မတူညီတဲ့ အရာတွေကို သူကလုပ်နိုင်တယ် ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

ဘရာဇီးနဲ့အာဂျင်တီးနားအသင်းတို့ရဲ့တွေ့ဆုံမှုဟတကယ်ကိုအကြိတ်အနယ်ရှိလာမှာ သေချာပြီးတော့ မက်ဆီအနေနဲ့ ဆေးလ်ဗားပြောသလို သူ့ရဲ့မတူညီတဲ့ခြေစွမ်းတွေကို ဘရာဇီးနဲ့ပွဲမှာထုက်ပြနိုင်မလား၊ ဒါမှမဟုတ် ဆေးလ်ဗားကပဲ မက်ဆီကို ထိန်းချုပ်ပြီး ကစားသွားနိုင်မလားဆိုတာ ဇူလိုင်လ(၃)ရက်နေ့ နံနက် (၇)နာရီအချိန်မှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar