ဆြြာရက္ကို ခ်စ္တယ္လို႔ေျပာလိုက္တ့ဲ ေနမာ

ဒီေန႔ မနက္အေစာပိုင္းကယွဥ္ျပိဳင္ကစားခ့ဲၾကတ့ဲ ဥရုေဂြးနဲ႔ ပီရူးတို႔ရဲ႕ ကိုပါအေမရိက ကြာတားဖိုင္နယ္ပြဲစဥ္မွာ ပီရူးအသင္းက ပင္နယ္တီအဆံုးအျဖတ္(၅-၄)ဂိုးနဲ႔အႏုိင္ယူျပီး၊ ဆီမီးဖိုင္နယ္ကိုတက္ေရာက္သြားႏိုင္ခ့ဲျပီျဖစ္ပါတယ္။

ပင္နယ္တီအဆံုးအျဖတ္ခံယူၾကရာမွာ ပီရူးအသင္းက ပင္နယ္(၅)လံုးစလံုးဂိုး၀င္ခ့ဲျပီး၊ ဥရုေဂြးကေတာ့ တစ္လံုးလြဲေခ်ာ္ခ့ဲပါတယ္။ အ့ဲဒီလြဲေခ်ာ္ခ့ဲတ့ဲ ပင္နယ္တီကို ကန္သြင္းခ့ဲတ့ဲ သူကေတာ့ ဥရုေဂြးနဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕အဓိကတိုက္စစ္မွဴး ဆြာရက္ပဲျဖစ္ပါတယ္။ ဥရုေဂြးဟာ အိမ္ျပန္ေစာခ့ဲရျပီးတ့ဲေနာက္မွာေတာ့ ပင္နယ္တီလြဲေခ်ာ္ခ့ဲတ့ဲ ဆြာရက္တစ္ေယာက္ ငိုေၾကြးေနခ့ဲတ့ဲ ဗီဒီယိုေတြထြက္ေပၚလာခ့ဲပါတယ္။

ဒီလိုအေျခအေနမွာ ဘာစီလိုနာကစားေဖာ္ေဟာင္း ေနမာကဆြာရက္ကို သူ႔ရဲ႕အင္စတာဂရမ္ေပၚမွတဆင့္ အာေပးစကားဆိုသြားခ့ဲပါတယ္။ ေနမာက ” ျပန္ထလိုက္စမ္းပါ ၊ မင္းကအေကာင္းဆံုးပါပဲ ၊ ငါမင္းကို ခ်စ္တယ္ သူငယ္ခ်င္းေရ ” ဆိုျပီး၊ သူ႔ရဲ႕အင္စတာဂရမ္မွာ ေရးျပီးတင္ထားခ့ဲတာျဖစ္ပါတယ္။ ေနာမာဟာ ဆြာရက္နဲ႔ ဘာစီလိုနာမွာ အခ်ိန္အေတာ္ၾကာ အတူတြဲကစားခ့ဲဖူးျပီး၊ မက္ဆီ၊ဆြာရက္နဲ႔ေနမာတို႔ရဲ႕(MSN)တိုက္စစ္အတြဲဟာ နာမည္ေက်ာ္ခ့ဲပါတယ္။

လက္၇ွိက်င္းပေနတ့ဲ ကိုပါအေအရိကျပိဳင္ပြဲမွာ ဥရုေဂြးအသင္းကလည္း ဗိုလ္စြဲဖို႔ေရပန္းစားခ့ဲတ့ဲအသင္းတစ္သင္းျဖစ္ေပမ့ဲ ပီရူးကိုရံႈးနိမ့္ခ့ဲတာေၾကာင့္ ျပိဳင္ပြဲကေနထြက္ခြာခ့ဲရျပီး၊ ဆီမီးဖိုင္နယ္မွာေတာ့ အိမ္ရွင္ဘရာဇီးနဲ႔အာဂ်င္တီးနား၊ ပီရူးနဲ႔ခ်ီလီတို႔ ေတြ႔ဆံုလ်က္ရွိေနပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ဇူလိုင္(၃)ရက္ေန႔မွာ ဘရာဇီးနဲ႔အာဂ်င္တီးနား၊ ဇူလိုင္(၄)ရက္ေန႔မွာ ပီရူးနဲ႔ခ်ီလီတို႔ ယွဥ္ျပိဳင္ကစားသြားၾကမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဆွာရက်ကို ချစ်တယ်လို့ပြောလိုက်တဲ့ နေမာ

ဒီနေ့ မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဥရုဂွေးနဲ့ ပီရူးတို့ရဲ့ ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပီရူးအသင်းက ပင်နယ်တီအဆုံးအဖြတ်(၅-၄)ဂိုးနဲ့အနိုင်ယူပြီး၊ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူကြရာမှာ ပီရူးအသင်းက ပင်နယ်(၅)လုံးစလုံးဂိုးဝင်ခဲ့ပြီး၊ ဥရုဂွေးကတော့ တစ်လုံးလွဲချော်ခဲ့ပါတယ်။ အဲ့ဒီလွဲချော်ခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ သူကတော့ ဥရုဂွေးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့အဓိကတိုက်စစ်မှူး ဆွာရက်ပဲဖြစ်ပါတယ်။ ဥရုဂွေးဟာ အိမ်ပြန်စောခဲ့ရပြီးတဲ့နောက်မှာတော့ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဆွာရက်တစ်ယောက် ငိုကြွေးနေခဲ့တဲ့ ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ဘာစီလိုနာကစားဖော်ဟောင်း နေမာကဆွာရက်ကို သူ့ရဲ့အင်စတာဂရမ်ပေါ်မှတဆင့် အာပေးစကားဆိုသွားခဲ့ပါတယ်။ နေမာက ” ပြန်ထလိုက်စမ်းပါ ၊ မင်းကအကောင်းဆုံးပါပဲ ၊ ငါမင်းကို ချစ်တယ် သူငယ်ချင်းရေ ” ဆိုပြီး၊ သူ့ရဲ့အင်စတာဂရမ်မှာ ရေးပြီးတင်ထားခဲ့တာဖြစ်ပါတယ်။ နောမာဟာ ဆွာရက်နဲ့ ဘာစီလိုနာမှာ အချိန်အတော်ကြာ အတူတွဲကစားခဲ့ဖူးပြီး၊ မက်ဆီ၊ဆွာရက်နဲ့နေမာတို့ရဲ့(MSN)တိုက်စစ်အတွဲဟာ နာမည်ကျော်ခဲ့ပါတယ်။

လက်၇ှိကျင်းပနေတဲ့ ကိုပါအအေရိကပြိုင်ပွဲမှာ ဥရုဂွေးအသင်းကလည်း ဗိုလ်စွဲဖို့ရေပန်းစားခဲ့တဲ့အသင်းတစ်သင်းဖြစ်ပေမဲ့ ပီရူးကိုရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီး၊ ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်ဘရာဇီးနဲ့အာဂျင်တီးနား၊ ပီရူးနဲ့ချီလီတို့ တွေ့ဆုံလျက်ရှိနေပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင်(၃)ရက်နေ့မှာ ဘရာဇီးနဲ့အာဂျင်တီးနား၊ ဇူလိုင်(၄)ရက်နေ့မှာ ပီရူးနဲ့ချီလီတို့ ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar