လမ္းပတ္ကိုေႏြးေထြးစြာၾကိဳဆိုမယ္ဆိုတ့ဲ ၀ီလီယမ္

ခ်ဲလ္ဆီးအသင္းရဲ႕ေတာင္ပံတိုက္စစ္မွဴး ၀ီလီယမ္ဟာ အသင္းရဲ႕နည္းျပရာထူးအတြက္ ခ်ဲလ္ဆီးကစားသမားေဟာင္းလမ္းပတ္နဲ႔သတင္းေတြထြက္ေနတ့ဲအေပၚမွာ သူ႔အေနနဲ႔ လမ္းပတ္သာေရာက္လာခ့ဲရင္ ေႏြးေထြးစြာၾကိဳဆိုသြားမယ္လို႔ေျပာၾကားလိုက္ပါတယ္။

နည္းျပဆာရီ ဂ်ဳဗင္တပ္အသင္းဆီကို ေျပာင္းေရႊ႕သြားျပီးတ့ဲေနာက္ပိုင္းမွာ လစ္လပ္သြားတ့ဲနည္းျပရာထူးအတြက္ အသင္းရဲ႕ကစားသမားေဟာင္း လမ္းပတ္ကေရပန္းစားေနခ့ဲတာျဖစ္ျပီး၊ မၾကာခင္မွာလည္း အသင္းရဲ႕နည္းျပအျဖစ္တရား၀င္ျမင္ေတြ႕ရဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ အသက္(၄၁)ႏွစ္အရြယ္လမ္းပတ္ဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ လက္ရွိနည္းျပေနတ့ဲ ဒါဘီေကာင္တီအသင္းကိုအေကာင္းဆံုး ပံုစံေတြနဲ႔ ကိုင္တြယ္ထားႏိုင္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။

အသင္းရဲ႕ကစားသမား ၀ီလီယမ္အေနနဲ႔လည္း လမ္းပတ္ရဲ႕သတင္းေတြနဲ႔ပတ္သက္ျပီး၊ အခုလိုမ်ိဳးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။ ၀ီလီယမ္က ” သူက အသင္းနဲ႔အတူေအာင္ျမင္မႈေတြအမ်ားၾကီးကိုရယူထားႏိုင္ခ့ဲျပီးျဖစ္တာေၾကာင့္ သူကေလးစားမႈေတြနဲ႔ထိုက္တန္တ့ဲသူတစ္ေယာက္ပါပဲ၊ ခ်ဲလ္ဆီးက သူ႔ကိုေခၚယူမယ္ဆိုရင္ ကၽြန္ေတာ္သူ႔ကိုေႏြးေထြးစြာၾကိဳဆိုမွာပါ၊ သူ႔အေနနဲ႔ အသင္းရဲ႕နည္းျပျဖစ္လာဖို႔ေသခ်ာသလားဆိုတာကေတာ့ ကၽြန္ေတာ္မသိပါဘူး၊ ဒါေပမ့ဲ ဒီတာ၀န္ကို သူယူလိမ့္မယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္၊ သူသာေရာက္လာခ့ဲရင္ အသင္းအတြက္ေအာင္ျမင္မႈေတြကိ္ု သူကယူေဆာင္ေပးႏိုင္ပါလိမ့္မယ္ ” လို႔ ေျပာၾကားသြားခ့ဲပါတယ္။

လမ္းပတ္ဟာခ်ဲလ္ဆီးအသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ကစားခ့ဲျပီးတ့ဲေနာက္မွာေတာ့ အသင္းရ႕ဲသြင္းဂိုးအမ်ားဆံုးကစားသမားတစ္ေယာက္လည္းျဖစ္လာခ့ဲပါတယ္။ (၂၀၁၆)ခုႏွစ္မွာ ကစားသမားဘ၀ကအနားယူခ့ဲျပီး၊ ျပီးခ့ဲတ့ဲႏွစ္က နည္ူးျပေလာကထဲကိုစတင္၀င္ေရာက္ခ့ဲပါတယ္။ နည္းျပဘ၀ပထမဆံုးကလပ္အသင္းအျဖစ္ ဒါဘီအသင္းကိုကိုင္တြယ္ခ့ဲတာျဖစ္ျပီး၊ အသင္းကုိပရီးမီးယားလိဂ္ဆီကိုတက္ေရာက္ႏုိင္ဖို႔ အနီးစပ္ဆံုးအေနအထားတစ္ရပ္အထိစြမ္းေဆာင္ေပးႏိုင္ခ့ဲတ့ဲ နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ခ်ဲလ္ဆီးကိုသာေရာက္ရွိခ့ဲရင္ ကစားသမားဘ၀ကလို အသင္းကိုေအာင္ျမင္မႈေတြ ထပ္ျပီးေတာ့ ယူေပးႏိုင္ဦးမလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လမ်းပတ်ကိုနွေးထွေးစွာကြိုဆိုမယ်ဆိုတဲ့ ဝီလီယမ်

ချဲလ်ဆီးအသင်းရဲ့တောင်ပံတိုက်စစ်မှူး ဝီလီယမ်ဟာ အသင်းရဲ့နည်းပြရာထူးအတွက် ချဲလ်ဆီးကစားသမားဟောင်းလမ်းပတ်နဲ့သတင်းတွေထွက်နေတဲ့အပေါ်မှာ သူ့အနေနဲ့ လမ်းပတ်သာရောက်လာခဲ့ရင် နွေးထွေးစွာကြိုဆိုသွားမယ်လို့ပြောကြားလိုက်ပါတယ်။

နည်းပြဆာရီ ဂျုဗင်တပ်အသင်းဆီကို ပြောင်းရွှေ့သွားပြီးတဲ့နောက်ပိုင်းမှာ လစ်လပ်သွားတဲ့နည်းပြရာထူးအတွက် အသင်းရဲ့ကစားသမားဟောင်း လမ်းပတ်ကရေပန်းစားနေခဲ့တာဖြစ်ပြီး၊ မကြာခင်မှာလည်း အသင်းရဲ့နည်းပြအဖြစ်တရားဝင်မြင်တွေ့ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ အသက်(၄၁)နှစ်အရွယ်လမ်းပတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လက်ရှိနည်းပြနေတဲ့ ဒါဘီကောင်တီအသင်းကိုအကောင်းဆုံး ပုံစံတွေနဲ့ ကိုင်တွယ်ထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အသင်းရဲ့ကစားသမား ဝီလီယမ်အနေနဲ့လည်း လမ်းပတ်ရဲ့သတင်းတွေနဲ့ပတ်သက်ပြီး၊ အခုလိုမျိုးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဝီလီယမ်က ” သူက အသင်းနဲ့အတူအောင်မြင်မှုတွေအများကြီးကိုရယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် သူကလေးစားမှုတွေနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါပဲ၊ ချဲလ်ဆီးက သူ့ကိုခေါ်ယူမယ်ဆိုရင် ကျွန်တော်သူ့ကိုနွေးထွေးစွာကြိုဆိုမှာပါ၊ သူ့အနေနဲ့ အသင်းရဲ့နည်းပြဖြစ်လာဖို့သေချာသလားဆိုတာကတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမဲ့ ဒီတာဝန်ကို သူယူလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူသာရောက်လာခဲ့ရင် အသင်းအတွက်အောင်မြင်မှုတွေကို သူကယူဆောင်ပေးနိုင်ပါလိမ့်မယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

လမ်းပတ်ဟာချဲလ်ဆီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့ပြီးတဲ့နောက်မှာတော့ အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာ ကစားသမားဘဝကအနားယူခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က နည်ူးပြလောကထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ နည်းပြဘဝပထမဆုံးကလပ်အသင်းအဖြစ် ဒါဘီအသင်းကိုကိုင်တွယ်ခဲ့တာဖြစ်ပြီး၊ အသင်းကိုပရီးမီးယားလိဂ်ဆီကိုတက်ရောက်နိုင်ဖို့ အနီးစပ်ဆုံးအနေအထားတစ်ရပ်အထိစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ချဲလ်ဆီးကိုသာရောက်ရှိခဲ့ရင် ကစားသမားဘဝကလို အသင်းကိုအောင်မြင်မှုတွေ ထပ်ပြီးတော့ ယူပေးနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar