ယူႏိုက္တက္ရဲ႕ ပထမဆံုး ေခၚယူမႈျဖစ္လာေတာ့မယ့္ ေပါင္ (၁၈)သန္းတန္ ကစားသမား

ဆိုးလ္ရွားလက္ထက္မွာမွာ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ဖို႔ ဘတ္ဂ်က္ရထားေပမယ့္ အျပီးသတ္ေခၚယူမႈကို ဘယ္သူ႕ကိုမွ လုပ္မထားႏုိင္ေသးပါဘူး။ နာမည္ၾကီး ကစားသမားေတြ အမ်ားၾကီးနဲ႔ သတင္းထြက္ေနသလို ေျပာင္းေရႊ႕ေၾကးအျမင့္ေတြ ျဖစ္ေနတာေၾကာင့္ ေစ်းႏႈန္းညိွႏိႈင္းမႈေတြမွာ ၾကန္႔ၾကာေနတယ္လို႔ ယူဆရပါတယ္။

ဒါေပမဲ့ အခု ေနာက္ဆံုးတစ္ေခါက္ေခၚယူဖို႔ သတင္းထြက္လာတဲ့ ကစားသမားနဲ႔ အေျပာင္းအေရႊ႕ကေတာ့ မၾကာခင္ရက္ပိုင္းအတြင္းမွာ အျပီးသတ္ႏိုင္ေတာ့မယ္လို႔ ဆိုပါတယ္။ အဲဒါကေတာ့ ဆြမ္ဆီးအသင္းရဲ႕ လူငယ္ေျခတက္ေတာင္ပံ ကစားသမားေလး ဒန္နီရယ္ဂ်ိမ္းကို ေပါင္ (၁၈)သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ျပီလို႔ ခိုင္မာတဲ့ အရင္းအျမစ္ေတြအရ သိရပါတယ္။

ဆြမ္ဆီးဟာ သူတို႔ရဲ႕ ေ၀းလ္လက္ေရြးစင္ ေတာင္ပံကစားသမားကို စေနေန႔မွာ ကစားမယ့္ ယူရို (၂၀၂၀)ပြဲစဥ္ေျခစစ္ပြဲမတိုင္ခင္မွာ အျပီးသတ္သြားမယ္လို႔ ဆိုပါတယ္။ ကနဦးေပးေခ်မႈအေနနဲ႔ ေပါင္ (၁၅)သန္းကို သေဘာတူညီမွာျဖစ္ျပီး က်န္ရွိေနတဲ့ ပမာဏကို အျပီးသတ္ေၾကညာတဲ့ေန႔မွာမွ ေပးေခ်သြားမွာျဖစ္လို႔ စုစုေပါင္း ေပါင္ (၁၈)သန္းေလာက္က်သင့္မွာပါ။

သူ႕ရဲ႕ေျခစြမ္းကို ခ်န္ပီယံရွစ္မွာ ျပသခဲ့ျပီးတဲ့ေနာက္ ေ၀းလ္လက္ေရြးစင္ပါျဖစ္လာခဲ့ျပီး၊ လိဒ္အသင္းနဲ႔ ကနဦးသေဘာတူညီခဲ့ေပမယ့္ တန္းတက္ခြင့္မရျခင္းနဲ႔အတူ ပ်က္ျပယ္ခဲ့ပါတယ္။ ယူႏုိက္တက္ကေတာ့ မိခင္ဆြမ္ဆီးကလပ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၈)သန္းေပးရမွာျဖစ္ျပီး၊ အဲဒီထဲက (၅)ရာခိုင္ႏႈန္းကိုေတာ့ ကစားသမားကို ေက်ာင္းသားဘ၀ကေန ဆြမ္ဆီးေခၚယူခဲ့တဲ့ ဟူးကလပ္အတြက္ ေပးရမွာပါ။

ေငြေၾကး သေဘာတူညီမႈရခဲ့ျပီလို႔ သတင္းေတြက အတည္ျပဳထားတဲ့အတြက္ ေရာက္မေရာက္ တရား၀င္ေၾကညာခ်က္ကို ေစာင့္ဆိုင္းေနဖို႔ပဲ ရွိေတာ့သလို ဆိုးလ္ရွားရဲ႕ ပထမဆံုးေခၚယူမႈ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

ယူနိုက်တက်ရဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်လာတော့မယ့် ပေါင် (၁၈)သန်းတန် ကစားသမား

ဆိုးလ်ရှားလက်ထက်မှာမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ဖို့ ဘတ်ဂျတ်ရထားပေမယ့် အပြီးသတ်ခေါ်ယူမှုကို ဘယ်သူ့ကိုမှ လုပ်မထားနိုင်သေးပါဘူး။ နာမည်ကြီး ကစားသမားတွေ အများကြီးနဲ့ သတင်းထွက်နေသလို ပြောင်းရွှေ့ကြေးအမြင့်တွေ ဖြစ်နေတာကြောင့် ဈေးနှုန်းညှိနှိုင်းမှုတွေမှာ ကြန့်ကြာနေတယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ အခု နောက်ဆုံးတစ်ခေါက်ခေါ်ယူဖို့ သတင်းထွက်လာတဲ့ ကစားသမားနဲ့ အပြောင်းအရွှေ့ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ အပြီးသတ်နိုင်တော့မယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ဆွမ်ဆီးအသင်းရဲ့ လူငယ်ခြေတက်တောင်ပံ ကစားသမားလေး ဒန်နီရယ်ဂျိမ်းကို ပေါင် (၁၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ ခိုင်မာတဲ့ အရင်းအမြစ်တွေအရ သိရပါတယ်။

ဆွမ်ဆီးဟာ သူတို့ရဲ့ ဝေးလ်လက်ရွေးစင် တောင်ပံကစားသမားကို စနေနေ့မှာ ကစားမယ့် ယူရို (၂၀၂၀)ပွဲစဉ်ခြေစစ်ပွဲမတိုင်ခင်မှာ အပြီးသတ်သွားမယ်လို့ ဆိုပါတယ်။ ကနဦးပေးချေမှုအနေနဲ့ ပေါင် (၁၅)သန်းကို သဘောတူညီမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ပမာဏကို အပြီးသတ်ကြေညာတဲ့နေ့မှာမှ ပေးချေသွားမှာဖြစ်လို့ စုစုပေါင်း ပေါင် (၁၈)သန်းလောက်ကျသင့်မှာပါ။

သူ့ရဲ့ခြေစွမ်းကို ချန်ပီယံရှစ်မှာ ပြသခဲ့ပြီးတဲ့နောက် ဝေးလ်လက်ရွေးစင်ပါဖြစ်လာခဲ့ပြီး၊ လိဒ်အသင်းနဲ့ ကနဦးသဘောတူညီခဲ့ပေမယ့် တန်းတက်ခွင့်မရခြင်းနဲ့အတူ ပျက်ပြယ်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ မိခင်ဆွမ်ဆီးကလပ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်းပေးရမှာဖြစ်ပြီး၊ အဲဒီထဲက (၅)ရာခိုင်နှုန်းကိုတော့ ကစားသမားကို ကျောင်းသားဘဝကနေ ဆွမ်ဆီးခေါ်ယူခဲ့တဲ့ ဟူးကလပ်အတွက် ပေးရမှာပါ။

ငွေကြေး သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေက အတည်ပြုထားတဲ့အတွက် ရောက်မရောက် တရားဝင်ကြေညာချက်ကို စောင့်ဆိုင်းနေဖို့ပဲ ရှိတော့သလို ဆိုးလ်ရှားရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရွှေရင်အေး@SportsGabar