ယူႏိုက္တက္အသင္းထံ တရား၀င္ေျပာင္းေရႊ႕ေရာက္ရွိလာျပီျဖစ္တဲ့ ၀မ္ဘစ္ဆာခါ နဲ႔အင္တာဗ်ဴး

ဘစ္ဆာခါဟာ ယူႏိုက္တက္ကိုေရာက္ရွိလာခဲ့လို႔ပထမဆံုးျဖစ္ေပၚလာတဲ့ခံစားခ်က္ကို ဖြင့္ဟသြားခဲ့ျပီး၊ သတင္းေထာက္ေတြရဲ႕ေမးျမန္မႈအေပၚမွာလည္း ေျဖၾကားမႈအခ်ိဳ႕ျပဳလုပ္သြားခဲ့ပါတယ္။ ၀မ္ဘစ္ဆာခါက-

” ေနာက္ဆံုးမွာေတာ့ ယူႏိုက္တက္နဲ႔လက္မွတ္ထိုးႏိုင္ခဲ့လို႔ အရမ္းပဲစိတ္လႈပ္ရွားမိပါတယ္၊ လူငယ္ေဘာလံုးသမားတိုင္း ဒီလိုအသင္းမ်ိဳးမွာ ကစားခ်င္ၾကပါတယ္၊ ဒီကလပ္ကို ကိုယ္စားျပဳခြင့္ရတာဟာ ဂုဏ္ယူစရာလည္းေကာင္းသလို ေက်းဇူးလည္းတင္မိပါတယ္”

“အသင္းေဖာ္အသစ္ေတြဆီကေန သင္ယူမႈေတြျပဳလုပ္သြားမွာျဖစ္ျပီး၊ အဆင့္တိုင္းကို တိုးတက္လာလိမ့္မယ္လို႔ ထင္ပါတယ္၊ မန္ခ်က္စတာယူႏိုက္တက္က အသင္းၾကီးတစ္သင္းျဖစ္သလို၊ ေတာင့္တင္းတဲ့ပရိသတ္အင္အားလည္းရွိတယ္၊ ျပီးေတာ့ ၾကီးမားတဲ့ မိသားစုတစ္ခုနဲ႔တူပါတယ္ ”

” ကြ်န္ေတာ္ငယ္ငယ္တုန္းက တိုက္စစ္မွဴးတစ္ေယာက္အေနနဲ႔ကစားခဲ့တာပါ၊ ၾကီးလာေတာ့ သီယာရီအြန္နရီလိုမ်ိဳးူ ကြ်န္ေတာ္ကစားခဲ့တယ္၊ ပရီးမီးယားလိဂ္မွာ သူလုပ္ခဲ့သလိုမ်ိဳး ကြ်န္ေတာ္လုပ္ျပခ်င္ခဲ့တာပါ၊ အဲတာကပဲကြ်န္ေတာ့္ကို ပိုျပီးၾကိဳးစားဖို႔ တိုက္တြန္းခဲ့တာပါ ”

” နည္းျပဆိုးလ္ရွားက ကြ်န္ေတာ္နဲ႔ပတ္သက္ျပီး သူဘယ္လိုခံစားရလဲဆိုတာ ေျပာျပခဲ့တယ္၊ အသင္းအတြက္စဥ္းစားထားတဲ့ သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြက ကြြ်န္ေတာ့္ကို သံသယေတြကင္းေစပါတယ္၊ အသင္းကိုျပန္ျပီးတည္ေဆာက္ဖို႔နဲ႔ေအာင္ျမင္မႈေတြျပန္လည္ရယူႏိုင္ဖို႔ အစီအစဥ္မွာ ကြ်န္ေတာ္လည္းတစ္စိတ္တစ္ပိုင္းပါ၀င္ခ်င္ပါတယ္ ” လို႔ဖြင့္ဟသြားခဲ့ပါတယ္။

ယူႏိုက္တက္မွာလည္း ဘစ္ဆာခါဟာ ခရစ္စတယ္ပဲေလ့တုန္းက သူ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၂၉)ကိုပဲ ဆက္လက္၀တ္ဆင္သြားမယ္လို႔လည္းသိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်အသင်းထံ တရားဝင်ပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်တဲ့ ဝမ်ဘစ်ဆာခါ နဲ့အင်တာဗျူး

ဘစ်ဆာခါဟာ ယူနိုက်တက်ကိုရောက်ရှိလာခဲ့လို့ပထမဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်ကို ဖွင့်ဟသွားခဲ့ပြီး၊ သတင်းထောက်တွေရဲ့မေးမြန်မှုအပေါ်မှာလည်း ဖြေကြားမှုအချို့ပြုလုပ်သွားခဲ့ပါတယ်။ ဝမ်ဘစ်ဆာခါက-

” နောက်ဆုံးမှာတော့ ယူနိုက်တက်နဲ့လက်မှတ်ထိုးနိုင်ခဲ့လို့ အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်၊ လူငယ်ဘောလုံးသမားတိုင်း ဒီလိုအသင်းမျိုးမှာ ကစားချင်ကြပါတယ်၊ ဒီကလပ်ကို ကိုယ်စားပြုခွင့်ရတာဟာ ဂုဏ်ယူစရာလည်းကောင်းသလို ကျေးဇူးလည်းတင်မိပါတယ်”

“အသင်းဖော်အသစ်တွေဆီကနေ သင်ယူမှုတွေပြုလုပ်သွားမှာဖြစ်ပြီး၊ အဆင့်တိုင်းကို တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်၊ မန်ချက်စတာယူနိုက်တက်က အသင်းကြီးတစ်သင်းဖြစ်သလို၊ တောင့်တင်းတဲ့ပရိသတ်အင်အားလည်းရှိတယ်၊ ပြီးတော့ ကြီးမားတဲ့ မိသားစုတစ်ခုနဲ့တူပါတယ် ”

” ကျွန်တော်ငယ်ငယ်တုန်းက တိုက်စစ်မှူးတစ်ယောက်အနေနဲ့ကစားခဲ့တာပါ၊ ကြီးလာတော့ သီယာရီအွန်နရီလိုမျိုးူ ကျွန်တော်ကစားခဲ့တယ်၊ ပရီးမီးယားလိဂ်မှာ သူလုပ်ခဲ့သလိုမျိုး ကျွန်တော်လုပ်ပြချင်ခဲ့တာပါ၊ အဲတာကပဲကျွန်တော့်ကို ပိုပြီးကြိုးစားဖို့ တိုက်တွန်းခဲ့တာပါ ”

” နည်းပြဆိုးလ်ရှားက ကျွန်တော်နဲ့ပတ်သက်ပြီး သူဘယ်လိုခံစားရလဲဆိုတာ ပြောပြခဲ့တယ်၊ အသင်းအတွက်စဉ်းစားထားတဲ့ သူ့ရဲ့အနာဂတ်အစီအစဉ်တွေက ကွျွန်တော့်ကို သံသယတွေကင်းစေပါတယ်၊ အသင်းကိုပြန်ပြီးတည်ဆောက်ဖို့နဲ့အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ အစီအစဉ်မှာ ကျွန်တော်လည်းတစ်စိတ်တစ်ပိုင်းပါဝင်ချင်ပါတယ် ” လို့ဖွင့်ဟသွားခဲ့ပါတယ်။

ယူနိုက်တက်မှာလည်း ဘစ်ဆာခါဟာ ခရစ်စတယ်ပဲလေ့တုန်းက သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၂၉)ကိုပဲ ဆက်လက်ဝတ်ဆင်သွားမယ်လို့လည်းသိရပါတယ်။

လူညိုချော@SportsGabar