ဗန္ဒိုက္ကိုအေကာင္းစားခံစစ္မွဴးျဖစ္လာေစတဲ့လွ်ိဳ႕၀ွက္ခ်က္

လီဗာပူးလ္အသင္းရဲ႕အဓိကေနာက္ခံလူ ဗန္ဒိုက္ဟာ သူဘာေၾကာင့္ ဒီလိုကစားသမားေကာင္းတစ္ေယာက္ျဖစ္လာခဲ့ရသလဲဆိုတဲ့ အေၾကာင္းအရင္းကို ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။

နယ္သာလန္ႏိုင္ငံရဲ႕လမ္းၾကိဳလမ္းၾကားမွာ ေဘာလံုးကစားရင္းခက္ခဲၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ဖူးတဲ့ ေန႔ရက္ေတြက ယခုလိုလွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့ ကစားသမားဘ၀ကို ျဖစ္လာေစခဲ့တယ္လို႔ ဖြင့္ဟလိုက္တာပါ။ ၾကိဳးၾကာနီတို႔ရဲ႕ဗဟိုေနာက္ခံကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ဂိုးမေပးရတဲ့ပြဲ (၂၁)ပြဲအထိရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူပါ။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာလည္း လီဗာပူးလ္အသင္းဗိုလ္စြဲႏိုင္မႈမွာ အဓိကက်ခဲ့တဲ့ ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္ရဲ႕တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုလည္း ရယူထားႏိုင္ခဲ့သူပါ။ အခုလိုသူေအာင္ျမင္ေနရတဲ့ အေၾကာင္းအရင္းကို ဗန္ဒိုက္က ထုတ္ေဖာ္ေျပာၾကားခဲ့ရာမွာေတာ့ အားလံုးမထင္မွတ္ထားတဲ့ စကားလံုးေတြ ထြက္က်လာခဲ့ပါတယ္။

ဗန္ဒို္က္က-

” ဒါဟာ ငယ္စဥ္က လမ္းၾကိဳလမ္းၾကားေတြမွာ ေျပးလႊားေဆာ့ကစားခဲ့ဖူးတဲ့အက်ိဳးေက်းဇူးေတြျဖစ္ပါတယ္၊ ငယ္ငယ္က တစ္ဘက္္ကို (၅)ေယာက္စီလူခြဲကစားတဲ့ပြဲေတြကို ကြ်န္ေတာ္၀င္ကန္ခဲ့တယ္၊ အဲဒီတုန္းက ကြ်န္ေတာ္က တိုက္စစ္မွဴးတစ္ေယာက္အျဖစ္လည္း ကစားခဲ့ဖူးတာေပါ့ ”

” ဒါေၾကာင့္ကြ်န္ေတာ္ဟာ ပြဲတစ္ပြဲမွာ တိုက္စစ္မွဴးေတြ ဘယ္လိုကစားမလဲဆိုတာကို နားလည္ေနျပီး သူတို႔ဘာလုပ္မလဲဆိုတာေတြကို ၾကိဳတင္မွန္းဆလို႔ ရေနတာဗ်၊ ဒါက ကြ်န္ေတာ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘ၀မွာလည္း အေတြ႔အၾကံဳေကာင္းေတြအမ်ားၾကီးရေစတယ္ ” လို႔ဖြင့္ဟသြားခဲ့တာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ဗန်ဒိုက်ကိုအကောင်းစားခံစစ်မှူးဖြစ်လာစေတဲ့လျှို့ဝှက်ချက်

လီဗာပူးလ်အသင်းရဲ့အဓိကနောက်ခံလူ ဗန်ဒိုက်ဟာ သူဘာကြောင့် ဒီလိုကစားသမားကောင်းတစ်ယောက်ဖြစ်လာခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။

နယ်သာလန်နိုင်ငံရဲ့လမ်းကြိုလမ်းကြားမှာ ဘောလုံးကစားရင်းခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ရက်တွေက ယခုလိုလျှမ်းလျှမ်းတောက်အောင်မြင်တဲ့ ကစားသမားဘဝကို ဖြစ်လာစေခဲ့တယ်လို့ ဖွင့်ဟလိုက်တာပါ။ ကြိုးကြာနီတို့ရဲ့ဗဟိုနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ (၂၁)ပွဲအထိရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးလ်အသင်းဗိုလ်စွဲနိုင်မှုမှာ အဓိကကျခဲ့တဲ့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရယူထားနိုင်ခဲ့သူပါ။ အခုလိုသူအောင်မြင်နေရတဲ့ အကြောင်းအရင်းကို ဗန်ဒိုက်က ထုတ်ဖော်ပြောကြားခဲ့ရာမှာတော့ အားလုံးမထင်မှတ်ထားတဲ့ စကားလုံးတွေ ထွက်ကျလာခဲ့ပါတယ်။

ဗန်ဒိုက်က-

” ဒါဟာ ငယ်စဉ်က လမ်းကြိုလမ်းကြားတွေမှာ ပြေးလွှားဆော့ကစားခဲ့ဖူးတဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်၊ ငယ်ငယ်က တစ်ဘက်ကို (၅)ယောက်စီလူခွဲကစားတဲ့ပွဲတွေကို ကျွန်တော်ဝင်ကန်ခဲ့တယ်၊ အဲဒီတုန်းက ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်အဖြစ်လည်း ကစားခဲ့ဖူးတာပေါ့ ”

” ဒါကြောင့်ကျွန်တော်ဟာ ပွဲတစ်ပွဲမှာ တိုက်စစ်မှူးတွေ ဘယ်လိုကစားမလဲဆိုတာကို နားလည်နေပြီး သူတို့ဘာလုပ်မလဲဆိုတာတွေကို ကြိုတင်မှန်းဆလို့ ရနေတာဗျ၊ ဒါက ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာလည်း အတွေ့အကြုံကောင်းတွေအများကြီးရစေတယ် ” လို့ဖွင့်ဟသွားခဲ့တာပါ။

လူညိုချော@SportsGabar