ဘစ္ဆာခါဟာေျပာင္းေရႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ေျခစြမ္းကို ျပႏိုင္ပါလိမ့္မယ္- အန္ဒီကိုးလ္

သရဲနီတိုက္စစ္မွဴးေဟာင္းၾကီး အန္ဒီကိုးလ္က ယူႏိုက္တက္အသင္းထံကို အသစ္ေရာက္ရွိလာတဲ့ ညာေနာက္ခံလူ ဘစ္ဆာခါအေနနဲ႔ ေျပာင္းေရႊ႕ေၾကးနဲ႔ထိုက္တန္တဲ့ေျခစြမ္းကို ျပသႏိုင္လိမ့္မယ္လို႔ယံုၾကည္ေနပါတယ္။

ခရစ္စတယ္ပဲေလ့အသင္းကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၅၀)နဲ႔ေရာက္ရွိလာတဲ့ ဘစ္ဆာခါကို အသင္းကေနထြက္ခြာသြားျပီျဖစ္တဲ့ ဗလန္စီယာေနရာမွာအစားထိုးဖို႔ ယူႏိုက္တက္က စီစဥ္ထားတာပါ။ ၀မ္ဘစ္ဆာခါဟာ အသက္အရြယ္အားျဖင့္လည္းငယ္ရြယ္ေသးတာေၾကာင့္ ယူႏိုက္တက္ရဲ႕အနာဂတ္မွာ အခ်ိန္အၾကာၾကီးအက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ အန္ဒီကိုးလ္က ယူဆေနပါတယ္။

ဒါနဲ႔ပတ္သက္ျပီး ကစားသမားေဟာင္းၾကီးက-

” အက္ရွေလယန္းနဲ႔ဗလန္စီယာတို႔ကို မေလးစားတဲ့သေဘာေတာ့မဟုတ္ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ႏွစ္ဦးစလံုးက ယူႏိုက္တက္ရဲ႕ညာေနာက္ခံမွာ အေကာင္းဆံုးစြမ္းေဆာင္ျပခဲ့ျပီးပါျပီ၊ ဒါေပမဲ့ ဒီေကာင္ေလးက ယူနိုက္တက္ကို ႏွစ္အၾကာၾကီး အက်ိဳးျပဳဖို႔လာခဲ့တာပါ ”

” သူက ခရစ္စတယ္ပဲေလ့မွာ သူ႔ရဲ႕အစြမ္းအစကို အကုန္ျပသခဲ့ျပီးပါျပီ၊ ဒါက ကြ်န္ေတာ့္အတြက္သာမက ယူႏိုက္တက္ပရိသတ္ေတြအတြက္ပါ ေကာင္းေသာလာျခင္းပါပဲ၊ ယူႏိုက္တက္မွာ သူ ဒီ့ထက္ပိုျပီး တိုးတက္လာဦးမွာပါ “လို႔ ေျပာသြားပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘစ်ဆာခါဟာပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြနိုင်ပါလိမ့်မယ်- အန်ဒီကိုးလ်

သရဲနီတိုက်စစ်မှူးဟောင်းကြီး အန်ဒီကိုးလ်က ယူနိုက်တက်အသင်းထံကို အသစ်ရောက်ရှိလာတဲ့ ညာနောက်ခံလူ ဘစ်ဆာခါအနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။

ခရစ်စတယ်ပဲလေ့အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)နဲ့ရောက်ရှိလာတဲ့ ဘစ်ဆာခါကို အသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့ ဗလန်စီယာနေရာမှာအစားထိုးဖို့ ယူနိုက်တက်က စီစဉ်ထားတာပါ။ ဝမ်ဘစ်ဆာခါဟာ အသက်အရွယ်အားဖြင့်လည်းငယ်ရွယ်သေးတာကြောင့် ယူနိုက်တက်ရဲ့အနာဂတ်မှာ အချိန်အကြာကြီးအကျိုးပြုနိုင်လိမ့်မယ်လို့ အန်ဒီကိုးလ်က ယူဆနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကစားသမားဟောင်းကြီးက-

” အက်ရှလေယန်းနဲ့ဗလန်စီယာတို့ကို မလေးစားတဲ့သဘောတော့မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ဦးစလုံးက ယူနိုက်တက်ရဲ့ညာနောက်ခံမှာ အကောင်းဆုံးစွမ်းဆောင်ပြခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဒီကောင်လေးက ယူနိုက်တက်ကို နှစ်အကြာကြီး အကျိုးပြုဖို့လာခဲ့တာပါ ”

” သူက ခရစ်စတယ်ပဲလေ့မှာ သူ့ရဲ့အစွမ်းအစကို အကုန်ပြသခဲ့ပြီးပါပြီ၊ ဒါက ကျွန်တော့်အတွက်သာမက ယူနိုက်တက်ပရိသတ်တွေအတွက်ပါ ကောင်းသောလာခြင်းပါပဲ၊ ယူနိုက်တက်မှာ သူ ဒီ့ထက်ပိုပြီး တိုးတက်လာဦးမှာပါ “လို့ ပြောသွားပါတယ်။

လူညိုချော@SportsGabar