ဥေရာပမွာ စြမ္းေဆာင္ရည္အေကာင္းဆံုးကစားသမားျဖစ္ခဲ့တဲ့ မက္ဆီ

ျပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ေဘာလံုးရာသီအတြင္း ဥေရာပထိပ္တန္းလိဂ္ၾကီး (၅)ခုမွာ ကစားလ်က္ရွိတဲ့ ကစားသမားေတြထဲကမွ စြမ္းေဆာင္ရည္အေကာင္းဆံုးကစားသမား (၁၀)ေယာက္ကို စစ္တမ္းျပဳစုရာမွာေတာ့ လီယြန္နယ္မက္ဆီဟာ ထိပ္ဆံုးက ဦးေဆာင္နိုင္ခဲ့ပါတယ္။

မက္ဆီဟာ လာလီဂါမွာ ဘာစီလိုနာအတြက္ ပြဲခ်ိန္မိနစ္ေပါင္း(၂၇၁၀)မိနစ္ကစားေပးခဲ့ျပီး၊ (၃၆)ဂိုးသြင္းယူႏိုင္ခဲ့ကာ ဂိုးဖန္တီးမႈ (၁၃)ၾကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီဟာ ပြဲရဲ႕အေကာင္းဆံုးကစားသမားဆု (Man of the Match) ကိုလည္း (၁၇)ၾကိမ္အထိ ရရွိထားခဲ့ပါတယ္။ ဒါေၾကာင့္ Rating (၈.၄၈)နဲ႔ စြမ္းေဆာင္ရည္အေကာင္းဆံုးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယေနရာမွာေတာ့ ျပင္သစ္လီဂူးခ်န္ပီယံပီအက္စ္ဂ်ီအသင္းရဲ႕လူငယ္တိုက္စစ္မွဴး ဘာေပက Rating (၈)နဲ႔ ရပ္တည္ေနပါတယ္။ ဘာေပဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီ လီဂူး၀မ္းျပိဳင္ပြဲမွာ ပြဲေပါင္း (၂၉)ပြဲကစားခဲ့ျပီး၊ (၂၃၄၄)မိနစ္ကစားခဲ့ကာ (၃၃)ဂိုးသြင္း၊ (၇)ၾကိမ္ဂိုးဖန္တီးေပးခဲ့ပါတယ္။

တတိယေနရာမွာရွိေနတဲ့သူက ဘယ္သူမွထင္မွတ္မထားတဲ့ ကစားသမားတစ္ဦးျဖစ္ခဲ့ျပီး၊ သူကေတာ့ ျပင္သစ္လီဂူးကလပ္နီမက္အသင္းရဲ႕အသက္(၂၇)ႏွစ္အရြယ္ ကြင္းလယ္ခံစစ္ကစားသမား ဆာဗာနီယာပဲျဖစ္ပါတယ္။ ပြဲခ်ိန္စုစုေပါင္း(၂၈၆၆)မိနစ္ကစားထားတဲ့ ဆာဗာနီယာဟာ (၆)ဂိုးသာသြင္းယူႏိုင္ခဲ့ေပမဲ့ ဂိုးဖန္တီးမႈ(၁၄)ၾကိမ္အထိျပဳလုပ္ႏိုင္ခဲ့ျပီး rating (၇.၈၉)ရွိခဲ့တာေၾကာင့္ အဆင့္(၃)ေနရာဟာ သူနဲ႔ထိုက္တန္ခဲ့ပါတယ္။

ရီးရဲလ္အသင္းထံေျပာင္းေရႊ႕သြားျပီျဖစ္တဲ့ ခ်ဲလ္ဆီးကစားသမား ဟာဇက္ကေတာ့ rating(၇.၈၁)နဲ႔ အဆင့္(၄)ေနရာမွာ ရွိေနျပီး၊ (man of the match) (၁၄)ၾကိမ္ရရွိထားကာ သြင္းဂိုး(၁၆)ဂိုးနဲ႔ ဂိုးဖန္တီးမႈ(၁၅)ၾကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ rating(၇.၆၈)နဲ႔အဆင့္(၅)ခ်ိတ္ခဲ့ျပီး သူ႔ေနာက္မွာေတာ့ လီ၀မ္ေဒါစကီး(၇.၆၅)၊ ဂိုမက္ဇ္(၇.၆၄)၊ နီကိုးလပ္ပီပီ(၇.၆၄)၊ စတာလင္(၇.၆၁)နဲ႔ အယ္လ္ကန္တာရာ (၇.၅၉)တို႔အစဥ္လိုက္ရပ္တည္ေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဥရောပမှာ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ မက်ဆီ

ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ဘောလုံးရာသီအတွင်း ဥရောပထိပ်တန်းလိဂ်ကြီး (၅)ခုမှာ ကစားလျက်ရှိတဲ့ ကစားသမားတွေထဲကမှ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား (၁၀)ယောက်ကို စစ်တမ်းပြုစုရာမှာတော့ လီယွန်နယ်မက်ဆီဟာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ လာလီဂါမှာ ဘာစီလိုနာအတွက် ပွဲချိန်မိနစ်ပေါင်း(၂၇၁၀)မိနစ်ကစားပေးခဲ့ပြီး၊ (၃၆)ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ပွဲရဲ့အကောင်းဆုံးကစားသမားဆု (Man of the Match) ကိုလည်း (၁၇)ကြိမ်အထိ ရရှိထားခဲ့ပါတယ်။ ဒါကြောင့် Rating (၈.၄၈)နဲ့ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ ပြင်သစ်လီဂူးချန်ပီယံပီအက်စ်ဂျီအသင်းရဲ့လူငယ်တိုက်စစ်မှူး ဘာပေက Rating (၈)နဲ့ ရပ်တည်နေပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ ပွဲပေါင်း (၂၉)ပွဲကစားခဲ့ပြီး၊ (၂၃၄၄)မိနစ်ကစားခဲ့ကာ (၃၃)ဂိုးသွင်း၊ (၇)ကြိမ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

တတိယနေရာမှာရှိနေတဲ့သူက ဘယ်သူမှထင်မှတ်မထားတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး၊ သူကတော့ ပြင်သစ်လီဂူးကလပ်နီမက်အသင်းရဲ့အသက်(၂၇)နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမား ဆာဗာနီယာပဲဖြစ်ပါတယ်။ ပွဲချိန်စုစုပေါင်း(၂၈၆၆)မိနစ်ကစားထားတဲ့ ဆာဗာနီယာဟာ (၆)ဂိုးသာသွင်းယူနိုင်ခဲ့ပေမဲ့ ဂိုးဖန်တီးမှု(၁၄)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး rating (၇.၈၉)ရှိခဲ့တာကြောင့် အဆင့်(၃)နေရာဟာ သူနဲ့ထိုက်တန်ခဲ့ပါတယ်။

ရီးရဲလ်အသင်းထံပြောင်းရွှေ့သွားပြီဖြစ်တဲ့ ချဲလ်ဆီးကစားသမား ဟာဇက်ကတော့ rating(၇.၈၁)နဲ့ အဆင့်(၄)နေရာမှာ ရှိနေပြီး၊ (man of the match) (၁၄)ကြိမ်ရရှိထားကာ သွင်းဂိုး(၁၆)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၅)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုကတော့ rating(၇.၆၈)နဲ့အဆင့်(၅)ချိတ်ခဲ့ပြီး သူ့နောက်မှာတော့ လီဝမ်ဒေါစကီး(၇.၆၅)၊ ဂိုမက်ဇ်(၇.၆၄)၊ နီကိုးလပ်ပီပီ(၇.၆၄)၊ စတာလင်(၇.၆၁)နဲ့ အယ်လ်ကန်တာရာ (၇.၅၉)တို့အစဉ်လိုက်ရပ်တည်နေပါတယ်။

လူညိုချော@SportsGabar