မန္ယူႏိုက္တက္အလိုရွိေနတ့ဲ ဘာစီလိုနာၾကယ္ပြင့္

မန္ယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ကြင္းလယ္လူ ရာကီတစ္ကိုေခးယူဖို႔ပစ္မွတ္ထားလာျပီး၊ ဘာစီလိုနာအသင္းထံသို႔ ရာကီတစ္ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္(၃၁.၄)သန္းနဲ႔ ေခၚယူဖို႔ကမ္းလွမ္းခ့ဲတယ္လို႔သိရပါတယ္။

ရာကီတစ္ဟာ ဘာစီလိုနာကိုျပီးခ့ဲတ့ဲ(၂၀၁၄)ခုႏွစ္က ဆီဗီလာအသင္းကေနေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ဘာစီလိုနာမွာ ရာကီတစ္ဆိုတ့ဲနာမည္တစ္လံုးကို ဘာစီလိုနာပရိသတ္ေတြအမွတ္ရေစႏိုင္ေလာက္သည့္အထိ ေျခစြမ္းျပကစားႏိုင္ခ့ဲပါတယ္။ အသက္(၃၁)ႏွစ္အရြယ္၇ွိျပီျဖစ္ျပီးေတာ့ ဘာစီလိုနာအတြက္ပြဲေပါင္း(၁၆၉)ပြဲပါ၀င္ကစားေပးခ့ဲကာ (၂၄)ဂိုးသြင္းယူေပးႏိုင္ခ့ဲတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

လက္ရွိထြက္ေပၚေနတ့ဲ ထြက္ေပၚေနတ့ဲသတင္းေတြအရ မန္ယူႏိုက္တက္ဟာ အသင္းရဲ႕ကြင္းလယ္ပိုင္းမွာ အေတြ႔အၾကံဳရွိတ့ဲကစားသမားေခၚယူဖို႔အလိုရွိေနတာျဖစ္ျပီး၊ ဘာစီလိုနာအသင္းရဲ႕ကြင္းလယ္လူရာကီတစ္ကို မ်က္စိက်ေနတာလည္းျဖစ္ပါတယ္။ ရာကီတစ္အေနနဲ႔လည္း ဘာစီလိုနာမွာ မက္ဆီနဲ႔အဆင္မေျပမႈေတြရွိေနတယ္လို႔ သတင္းေတြထြက္ေနျပီး၊ မန္ယူႏို္က္တက္နဲ႔အေျပာင္းေအရႊ႕ကျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။

ေပါ့ဘာရဲ႕မန္ယူႏိုက္တက္နဲ႔အနာ၈တ္ကလည္းမေသခ်ာျဖစ္ေနတာေၾကာင့္ မန္ယူႏိုက္တက္ဟာ အသင္းရဲ႕ကြင္းလယ္ပိုင္းအတြက္ ရာကီတစ္ကို မရရေအာင္ေခၚယူဖို႔ရွိေနျပီး၊ အေျပာင္းအေရႊ႕အမွန္တကယ္ပဲျဖစ္လာႏိုင္မလားဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်အလိုရှိနေတဲ့ ဘာစီလိုနာကြယ်ပွင့်

မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်လူ ရာကီတစ်ကိုခေးယူဖို့ပစ်မှတ်ထားလာပြီး၊ ဘာစီလိုနာအသင်းထံသို့ ရာကီတစ်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်(၃၁.၄)သန်းနဲ့ ခေါ်ယူဖို့ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။

ရာကီတစ်ဟာ ဘာစီလိုနာကိုပြီးခဲ့တဲ့(၂၀၁၄)ခုနှစ်က ဆီဗီလာအသင်းကနေရောက်ရှိခဲ့တာဖြစ်ပြီး၊ ဘာစီလိုနာမှာ ရာကီတစ်ဆိုတဲ့နာမည်တစ်လုံးကို ဘာစီလိုနာပရိသတ်တွေအမှတ်ရစေနိုင်လောက်သည့်အထိ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်၇ှိပြီဖြစ်ပြီးတော့ ဘာစီလိုနာအတွက်ပွဲပေါင်း(၁၆၉)ပွဲပါဝင်ကစားပေးခဲ့ကာ (၂၄)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ထွက်ပေါ်နေတဲ့သတင်းတွေအရ မန်ယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အတွေ့အကြုံရှိတဲ့ကစားသမားခေါ်ယူဖို့အလိုရှိနေတာဖြစ်ပြီး၊ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်လူရာကီတစ်ကို မျက်စိကျနေတာလည်းဖြစ်ပါတယ်။ ရာကီတစ်အနေနဲ့လည်း ဘာစီလိုနာမှာ မက်ဆီနဲ့အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်နေပြီး၊ မန်ယူနိုက်တက်နဲ့အပြောင်းအေရွှ့ကဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ပေါ့ဘာရဲ့မန်ယူနိုက်တက်နဲ့အနာ၈တ်ကလည်းမသေချာဖြစ်နေတာကြောင့် မန်ယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ရာကီတစ်ကို မရရအောင်ခေါ်ယူဖို့ရှိနေပြီး၊ အပြောင်းအရွှေ့အမှန်တကယ်ပဲဖြစ်လာနိုင်မလားဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar