လိုင္လီၾကယ္ပြင့္ကို ရရွိဖို႔ အခြင့္အသာဆံုးျဖစ္ေနတဲ့ လီဗာပူးလ္

ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ လိုင္လီၾကယ္ပြင့္ နီကိုးလပ္ပီပီကို ရရွိဖို႔ နီးစပ္ေနျပီလို႔သိရပါတယ္။

စပါးအသင္းကလည္း စိတ္၀င္စားေနတဲ့ ပီပီဟာ ဒီရာသီ လိုင္လီအသင္းအတြက္ ျပင္သစ္လီဂူးအပါအ၀င္ ျပိဳင္ပြဲစံု (၂၄)ဂိုးသြင္းယူထားခဲ့ျပီး၊ (၁၁) ၾကိမ္ဂိုးဖန္တီးထားႏိုင္ပါတယ္။ လိုင္လီအသင္းကေတာ့ သူတို႔ရဲ႕ အိုင္ဗရီကို႔ ကစားသမားအတြက္ ယူရိုသန္း (၈၀) တန္ေၾကးသတ္မွတ္ထားတာေၾကာင့္ ေခၚယူဖို႔ေတာ့ အခက္ေတြ႔ႏိုင္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဆာလက္၊ ဖာမီႏို၊ မာေနးတို႔လိုတိုက္စစ္ကစားသမားေတြအျပင္ သူတို႔ေနရာကိုအစား၀င္ႏိုင္တဲ့ အိုရီဂီ၊ ၀ီနယ္ဒန္တို႔လို ကစားသမားေကာင္းေတြကိုပါ ပိုင္ဆိုင္ထားပါေသးတယ္။ ဒါေၾကာင့္ လီဗာပူးလ္ဟာ ျပိဳင္ပြဲတိုင္းကို ေတာင့္တင္းတဲ့ တိုက္စစ္အခင္းအက်င္းနဲ႔ ပြဲထြက္ႏိုင္ေပမယ့္လည္း ေနာက္ထပ္ နီကိုးလပ္ပီပီကိုပါ ထပ္မံ စိတ္၀င္စားလာခဲ့ျပီး ေခၚယူႏိုင္ဖို႔ နီးစပ္တဲ့အေျခအေနကို ေရာက္ရွိေနျပီလို႔လည္းသိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္ လိုင္လီအသင္းက အလိုရွိေနတဲ့ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ဖို႔ အသင့္ရွိေနျပီး နည္းျပဆိုးလ္ရွားရဲ႕ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္မွာ နီကိုးလပ္ပီပီကို ေခၚယူအားျဖည့္ႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ကစားသမားဘက္က ေခါင္းညိမ့္လာမယ့္ အခ်ိန္ကိုေစာင့္ဖို႔သာ လိုေနတာျဖစ္ျပီး လီဗာပူးလ္အသင္းနဲ႔အျပိဳင္ေရပန္းစားေနတာပါ။

ဒါေပမဲ့လည္း ျပင္သစ္က လာတဲ့သတင္းေတြအရ နီကိုးလက္ပီပီဟာ လာမယ့္ႏွစ္ခ်န္ပီယံလိဂ္၀င္ခြင့္ကိုလြဲေခ်ာ္ခဲ့တဲ့ မန္ယူႏိုက္တက္ထက္ ခ်န္ပီယံလိဂ္ဖလားကို ပူပူေႏြးေႏြးဆြတ္ခူးထားႏိုင္တဲ့ လီဗာပူးလ္အသင္းထံကို ေျပာင္းေရႊ႕ဖို႔ ပိုမိုဆႏၵရွိေနတယ္လို႔သိရပါတယ္။ ဥေရာပခ်န္ပီယံအေနနဲ႔က ေျပာင္းေရႊ႕ေၾကးကို ေပးဖို႔ တြန္႔ဆုတ္ေနေပမဲ့ ကစားသမားရဲ႕ဆႏၵဟာ ပီပီကို ရရွိဖို႔ လီဗာပူးလ္အတြက္ အေကာင္းဆံုးအခြင့္အေရးတစ္ခုျဖစ္လာတာပါ။

လူညိဳေခ်ာ@SportsGabar

unicode

လိုင်လီကြယ်ပွင့်ကို ရရှိဖို့ အခွင့်အသာဆုံးဖြစ်နေတဲ့ လီဗာပူးလ်

ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လိုင်လီကြယ်ပွင့် နီကိုးလပ်ပီပီကို ရရှိဖို့ နီးစပ်နေပြီလို့သိရပါတယ်။

စပါးအသင်းကလည်း စိတ်ဝင်စားနေတဲ့ ပီပီဟာ ဒီရာသီ လိုင်လီအသင်းအတွက် ပြင်သစ်လီဂူးအပါအဝင် ပြိုင်ပွဲစုံ (၂၄)ဂိုးသွင်းယူထားခဲ့ပြီး၊ (၁၁) ကြိမ်ဂိုးဖန်တီးထားနိုင်ပါတယ်။ လိုင်လီအသင်းကတော့ သူတို့ရဲ့ အိုင်ဗရီကို့ ကစားသမားအတွက် ယူရိုသန်း (၈၀) တန်ကြေးသတ်မှတ်ထားတာကြောင့် ခေါ်ယူဖို့တော့ အခက်တွေ့နိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလက်၊ ဖာမီနို၊ မာနေးတို့လိုတိုက်စစ်ကစားသမားတွေအပြင် သူတို့နေရာကိုအစားဝင်နိုင်တဲ့ အိုရီဂီ၊ ဝီနယ်ဒန်တို့လို ကစားသမားကောင်းတွေကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် လီဗာပူးလ်ဟာ ပြိုင်ပွဲတိုင်းကို တောင့်တင်းတဲ့ တိုက်စစ်အခင်းအကျင်းနဲ့ ပွဲထွက်နိုင်ပေမယ့်လည်း နောက်ထပ် နီကိုးလပ်ပီပီကိုပါ ထပ်မံ စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူနိုင်ဖို့ နီးစပ်တဲ့အခြေအနေကို ရောက်ရှိနေပြီလို့လည်းသိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည် လိုင်လီအသင်းက အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အသင့်ရှိနေပြီး နည်းပြဆိုးလ်ရှားရဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ နီကိုးလပ်ပီပီကို ခေါ်ယူအားဖြည့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကစားသမားဘက်က ခေါင်းညိမ့်လာမယ့် အချိန်ကိုစောင့်ဖို့သာ လိုနေတာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့အပြိုင်ရေပန်းစားနေတာပါ။

ဒါပေမဲ့လည်း ပြင်သစ်က လာတဲ့သတင်းတွေအရ နီကိုးလက်ပီပီဟာ လာမယ့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်ကိုလွဲချော်ခဲ့တဲ့ မန်ယူနိုက်တက်ထက် ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားနိုင်တဲ့ လီဗာပူးလ်အသင်းထံကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတယ်လို့သိရပါတယ်။ ဥရောပချန်ပီယံအနေနဲ့က ပြောင်းရွှေ့ကြေးကို ပေးဖို့ တွန့်ဆုတ်နေပေမဲ့ ကစားသမားရဲ့ဆန္ဒဟာ ပီပီကို ရရှိဖို့ လီဗာပူးလ်အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်လာတာပါ။

လူညိုချော@SportsGabar