ဗန္ဒီဘီ့ခ္ရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီးအၾကံေပးသြားခ့ဲတ့ဲရွႏိုက္ဒါ

တစ္ခ်ိန္က နယ္သာလန္အသင္းရဲ႕အထင္ကရတိုက္စစ္မွဴးၾကီးရွႏိုက္ဒါဟာ ေအဂ်က္လူငယ္ကစားသမားေလး ဗန္ဒီဘီ့ခ္ရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီး၊အၾကံေပးေျပာဆုိသြားခ့ဲတယ္လို႔သိရပါတယ္။

ဗန္ဒီဘီ့ခ္ဟာျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ခုႏွစ္ေဘာလံုးရာသီမွာ သြင္းဂိုး(၁၇)ဂိုးနဲ႔ဂိုးဖန္တီးမႈ (၁၃)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခ့ဲတာျဖစ္ျပီး၊ ကစားသမားရဲ႕ေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းၾကီးအေတာ္ေတာ္မ်ားမ်ား ေခၚယူဖို႔ခ်ိတ္ဆက္မႈေတြျပဳလုပ္လ်က္ရွိေနတာပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ နယ္သာလန္အေက်ာ္အေမာ္ ရွႏိုက္ဒါက ဗန္ဒီဘီ့ခ္ကို ရီးရဲလ္အသင္းအပါအ၀င္ ကမ္းလွမ္းတ့ဲအသင္းေတြအမ်ားၾကီး၇ွိေနတ့ဲအေပၚမွာ အခုလိုပဲအၾကံေပးေျပာဆိုသြား့ဲပါတယ္။

ရွႏိုက္ဒါက ” ဒါက ဒိုနီ(ဗန္ဒီဘီ့ခ္)အတြက္တကယ္ကိုေကာင္းပါတယ္၊ ဒီလိုကမ္းလွမ္းမႈေတြက သူနဲ႔ထိုက္တန္ပါတယ္၊ သူ႔မွာလူတိုင္းလိုက္လုပ္ဖို႔မျဖစ္ႏိုင္တ့ဲ အရည္အခ်င္းေတြရွိပါတယ္၊ သူ႔အေနနဲ႔တိုးတက္ဖိုပအလိုရွိတယ္ဆိုရင္ ရီးရဲလ္အသင္းကသူနဲ႔ထိုက္တန္ပါတယ္၊ အျခားအသင္းေတြရဲ႕ကမ္းလွမ္းမငေတြက္ိုျငင္းပယ္ျပီး၊ ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕တာက သူ႔အတြက္ ပိုေကာင္းပါတယ္ ” လို႔ေျပာဆိုခ့ဲတာပဲျဖစ္ပါတယ္။

ရွႏိုက္ဒါဟာ ရီးရဲလ္နဲ႔အင္တာတို႔မွာကစားခ့ဲဖူးျပီးေတာ့ ဗန္ဒီဘီ့ခ္ကို ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ဖို႔ တိုက္တြန္းေျပာဆိုမႈေတြျပဳလုပ္ေနတာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ရွႏိုက္ဒါက ကမာၻ႕ေအကာင္းဆံုးေဘာလံုးအသင္းေတြထဲကတစ္သင္းျဖစ္တ့ဲ ၇ီးရဲလ္မွာ ဗန္ဒီဘီ့ခ္အေနနဲ႔ ကစားဖို႔ ထိုက္တန္တ့ဲေျခစြမ္းေတြရွိတယ္လို႔ ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္အသင္းရဲ႕နည္းျပအေနနဲ႔လည္း ဗန္ဒီဘီ့ခ္ကိုေခၚယူဖို႔ အထူးစိတ္၀င္စားလ်က္ရွိေနတာျဖစ္ျပီး၊ ရီးရဲလ္အေနနဲ႔ဒီေႏြေစ်းကြက္ထဲမွာကစားသမား(၆)ဦးအထိေခၚယူထားျပီးျဖစ္ေပမ့ဲ ေနာက္ထပ္ေခးယူမႈေတြျပဳလုပ္ဖို႔ရွိေနေသးတာေၾကာင့္ ဗန္ဒီဘီ့ခ္ကိုအရေခၚယူသြားမလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဗန်ဒီဘီ့ခ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးအကြံပေးသွားခဲ့တဲ့ရှနိုက်ဒါ

တစ်ချိန်က နယ်သာလန်အသင်းရဲ့အထင်ကရတိုက်စစ်မှူးကြီးရှနိုက်ဒါဟာ အေဂျက်လူငယ်ကစားသမားလေး ဗန်ဒီဘီ့ခ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး၊အကြံပေးပြောဆိုသွားခဲ့တယ်လို့သိရပါတယ်။

ဗန်ဒီဘီ့ခ်ဟာပြီးခဲ့တဲ့(၂၀၁၈-၁၉)ခုနှစ်ဘောလုံးရာသီမှာ သွင်းဂိုး(၁၇)ဂိုးနဲ့ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပြီး၊ ကစားသမားရဲ့ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးအတော်တော်များများ ခေါ်ယူဖို့ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ နယ်သာလန်အကျော်အမော် ရှနိုက်ဒါက ဗန်ဒီဘီ့ခ်ကို ရီးရဲလ်အသင်းအပါအဝင် ကမ်းလှမ်းတဲ့အသင်းတွေအများကြီး၇ှိနေတဲ့အပေါ်မှာ အခုလိုပဲအကြံပေးပြောဆိုသွား့ဲပါတယ်။

ရှနိုက်ဒါက ” ဒါက ဒိုနီ(ဗန်ဒီဘီ့ခ်)အတွက်တကယ်ကိုကောင်းပါတယ်၊ ဒီလိုကမ်းလှမ်းမှုတွေက သူနဲ့ထိုက်တန်ပါတယ်၊ သူ့မှာလူတိုင်းလိုက်လုပ်ဖို့မဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်၊ သူ့အနေနဲ့တိုးတက်ဖိုပအလိုရှိတယ်ဆိုရင် ရီးရဲလ်အသင်းကသူနဲ့ထိုက်တန်ပါတယ်၊ အခြားအသင်းတွေရဲ့ကမ်းလှမ်းမငတွေကိုငြင်းပယ်ပြီး၊ ရီးရဲလ်အသင်းကိုပြောင်းရွှေ့တာက သူ့အတွက် ပိုကောင်းပါတယ် ” လို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ရှနိုက်ဒါဟာ ရီးရဲလ်နဲ့အင်တာတို့မှာကစားခဲ့ဖူးပြီးတော့ ဗန်ဒီဘီ့ခ်ကို ရီးရဲလ်အသင်းကိုပြောင်းရွှေ့ဖို့ တိုက်တွန်းပြောဆိုမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရှနိုက်ဒါက ကမ္ဘာ့အေကာင်းဆုံးဘောလုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ ရီးရဲလ်မှာ ဗန်ဒီဘီ့ခ်အနေနဲ့ ကစားဖို့ ထိုက်တန်တဲ့ခြေစွမ်းတွေရှိတယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်အသင်းရဲ့နည်းပြအနေနဲ့လည်း ဗန်ဒီဘီ့ခ်ကိုခေါ်ယူဖို့ အထူးစိတ်ဝင်စားလျက်ရှိနေတာဖြစ်ပြီး၊ ရီးရဲလ်အနေနဲ့ဒီနွေဈေးကွက်ထဲမှာကစားသမား(၆)ဦးအထိခေါ်ယူထားပြီးဖြစ်ပေမဲ့ နောက်ထပ်ခေးယူမှုတွေပြုလုပ်ဖို့ရှိနေသေးတာကြောင့် ဗန်ဒီဘီ့ခ်ကိုအရခေါ်ယူသွားမလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar