ဥေရာပရဲ႕စြမ္းေဆာင္ရည္အေကာင္းဆံုးအသင္းအျဖစ္ မန္စီးတီးရပ္တည္

ျပီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ေဘာလံုးရာသီအတြင္း ဥေရာပထိပ္တန္းလိဂ္ျပိဳင္ပြဲ(၅)ခုမွာ စြမ္းေဆာင္ရည္အေကာင္းဆံုးအသင္းအျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းက ထိပ္ဆံုးမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

စစ္တမ္းေတြအရ မန္စီးတီးဟာ ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ (၆၄) ရာခိုင္ႏႈန္းအထိရယူႏိုင္ခဲ့ျပီး၊ ေဘာလံုးေပးပို႔မႈ (၈၉)ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မန္စီးတီးရဲ႕ Rating ကလည္း (၇.၀၉)အထိရွိခဲ့ကာ အျမင့္ဆံုးျဖစ္ခဲ့ပါတယ္။ မန္စီးတီးရဲ႕ေနာက္ဒုတိယေနရာမွာေတာ့ သြင္းဂိုး (၁၀၅)ဂိုးအထိသြင္းယူနိုင္ခဲ့တဲ့ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းက rating (၇.၀၅)နဲ႔ ရပ္တည္ေနပါတယ္။

ပီအက္စ္ဂ်ီဟာ ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ (၆၀.၄)ရာခိုင္ႏႈန္းအထိရွိချ့ပီး ေဘာလံုးေပးပို႔မႈ (၈၈.၉) ရာခိုင္ႏႈန္းအထိတိက်ခဲ့တာပါ။ တတိယေနရာမွာေတာ့ ဂ်ာမန္ဘီလူးၾကီး ဘိုင္ယန္ျမဴးနစ္အသင္းက rating (၇.၀၃)ရရွိထားကာ ေဘာလံုးေပးပို႔မႈ (၈၇.၅)ရာခိုင္ႏႈန္းတိက်ခဲ့ပါတယ္။ သြင္းဂိုးကလည္း (၈၈)ဂိုးအထိသြင္းယူႏိုင္ခဲ့ျပီးေတာ့ ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ(၆၂.၂)ရာခိုင္ႏႈန္းရွိခဲ့ကာ ပီအက္စ္ဂ်ီထက္ ပိုမ်ားခဲ့ပါတယ္။

ဥေရာပခ်န္ပီယံလိဂ္ဆုဖလားကိုဆြတ္ခူးႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းကေတာ့ အဆင့္(၄)ေနရာမွာသာရပ္တည္ႏိုင္ခဲ့ျပီး ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ (၅၈.၈)ရာခိုင္ႏႈန္း၊ ေပးပို႔မႈ (၈၄.၄)ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ခဲ့ပါတယ္။ ၾကိဳးၾကာနီတို႔ဟာ (၈၉)ဂိုးအထိသြင္းယူႏိုင္ခဲ့ျပီး ratingကေတာ့ (၇.၀၁)ရွိခဲ့ပါတယ္။

လာလီဂါခ်န္ပီယံ ဘာစီလိုနာအသင္းကေတာ့ rating (၆.၉၉)နဲ႔ အဆင့္(၅)ေနရာမွာသာရပ္တည္ႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုရဲ႕အီတလီခ်န္ပီယံဂ်ဴဗင္တပ္အသင္းကလည္း ဘြန္ဒက္လီဂါကလပ္ေတြျဖစ္ၾကတဲ့ လိုက္ဇစ္နဲ႔ေဒါ့မြန္တို႔ရဲ႕ေနာက္ အဆင့္(၈)မွာသာရပ္တည္ႏိုင္ခဲ့ျပီး ratingကေတာ့ (၆.၉၃)သာရွိခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီတုန္းက ရလဒ္ေတြဆိုးရြားခဲ့တဲ့ ရီးရဲလ္အသင္းကေတာ့ rating (၆.၈၆)နဲ႔ အဆင့္(၁၇)မွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

အျခားေသာပရီးမီးယားလိဂ္အသင္းေတြျဖစ္ၾကတဲ့ ခ်ဲလ္ဆီးနဲ႔စပါးတို႔ဟာလည္းရီးရဲလ္အသင္းရဲ႕အထက္မွာ အစဥ္လိုက္ ရပ္တည္ႏိုင္ခဲ့ၾကေပမဲ့ နာမည္ၾကီး မန္ခ်က္စတာယူႏိုက္တက္နဲ႔အာဆင္နယ္အသင္းတို႔ကေတာ့ ထိပ္ဆံုး အသင္း(၂၀)မွာေတာင္ ပါ၀င္လာခဲ့ျခင္းမရွိပါဘူး။

လူညိဳေခ်ာ@SportsGabar

unicode

ဥရောပရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် မန်စီးတီးရပ်တည်

ပြီးခဲ့တဲ့ (၂၀၁၈-၂၀၁၉)ဘောလုံးရာသီအတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

စစ်တမ်းတွေအရ မန်စီးတီးဟာ ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု (၆၄) ရာခိုင်နှုန်းအထိရယူနိုင်ခဲ့ပြီး၊ ဘောလုံးပေးပို့မှု (၈၉)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ Rating ကလည်း (၇.၀၉)အထိရှိခဲ့ကာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ မန်စီးတီးရဲ့နောက်ဒုတိယနေရာမှာတော့ သွင်းဂိုး (၁၀၅)ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက rating (၇.၀၅)နဲ့ ရပ်တည်နေပါတယ်။

ပီအက်စ်ဂျီဟာ ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု (၆၀.၄)ရာခိုင်နှုန်းအထိရှိခြ့ပီး ဘောလုံးပေးပို့မှု (၈၈.၉) ရာခိုင်နှုန်းအထိတိကျခဲ့တာပါ။ တတိယနေရာမှာတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက rating (၇.၀၃)ရရှိထားကာ ဘောလုံးပေးပို့မှု (၈၇.၅)ရာခိုင်နှုန်းတိကျခဲ့ပါတယ်။ သွင်းဂိုးကလည်း (၈၈)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးတော့ ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၆၂.၂)ရာခိုင်နှုန်းရှိခဲ့ကာ ပီအက်စ်ဂျီထက် ပိုများခဲ့ပါတယ်။

ဥရောပချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ အဆင့်(၄)နေရာမှာသာရပ်တည်နိုင်ခဲ့ပြီး ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု (၅၈.၈)ရာခိုင်နှုန်း၊ ပေးပို့မှု (၈၄.၄)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါတယ်။ ကြိုးကြာနီတို့ဟာ (၈၉)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ratingကတော့ (၇.၀၁)ရှိခဲ့ပါတယ်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကတော့ rating (၆.၉၉)နဲ့ အဆင့်(၅)နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့အီတလီချန်ပီယံဂျူဗင်တပ်အသင်းကလည်း ဘွန်ဒက်လီဂါကလပ်တွေဖြစ်ကြတဲ့ လိုက်ဇစ်နဲ့ဒေါ့မွန်တို့ရဲ့နောက် အဆင့်(၈)မှာသာရပ်တည်နိုင်ခဲ့ပြီး ratingကတော့ (၆.၉၃)သာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရလဒ်တွေဆိုးရွားခဲ့တဲ့ ရီးရဲလ်အသင်းကတော့ rating (၆.၈၆)နဲ့ အဆင့်(၁၇)မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခြားသောပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့စပါးတို့ဟာလည်းရီးရဲလ်အသင်းရဲ့အထက်မှာ အစဉ်လိုက် ရပ်တည်နိုင်ခဲ့ကြပေမဲ့ နာမည်ကြီး မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်အသင်းတို့ကတော့ ထိပ်ဆုံး အသင်း(၂၀)မှာတောင် ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

လူညိုချော@SportsGabar