ဘာကာပရိသတ္ေတြကိုေတာင္းပန္ဖို႔ ေနမာကိုတိုက္တြန္းလိုက္တဲ့ ရီဗယ္ဒို

ျပီးခဲ့တဲ့ေသာၾကာေန႔တုန္းက ဘရာဇီးလ္ကစားသမားေဟာင္းၾကီး ရီဗယ္ဒိုဟာ ေနမာအေနနဲ႔ ဘာစီလိုနာအသင္းထံျပန္ေရာက္လာခဲ့ရင္ ဘာစီလိုနာပရိသတ္ေတြကို ေတာင္းပန္သင့္တယ္လို႔ တိုက္တြန္းသြားခဲ့ပါတယ္။

အသင္းက သူ႔ကိုေရာင္းထုတ္ဖို႔ အလိုမရွိခဲ့ေပမဲ့ ေနမာဟာ ဘာစီလိုနာကို ေျခစံုကန္ကာ ပီအက္ဂ်ီရဲ႕ပံုေအာကမ္းလွမ္းမႈေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္သြားခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ (၂)ႏွစ္ၾကာျပီးတဲ့ေနာက္မွာ ပီအက္စ္ဂ်ီမွာ ျပႆနာေပါင္းစံုရင္ဆိုင္ခဲ့ရတဲ့ ေနမာဟာ ဘာကာကိုစြန္႔ခြာခဲ့မိတဲ့ သူ႔လုပ္ရပ္ကမွားယြင္းေၾကာင္း သိခဲ့ပါတယ္။

ဒါေၾကာင့္ လာမယ့္ေႏြအေျပာင္းအေရႊ႕မွာ သူ႔အေနနဲ႔ပီအက္စ္ဂ်ီမွာ မကစားခ်င္ေတာ့ဘူးလို႔ အတိအလင္းေျပာၾကားထားျပီး အသင္းေဟာင္းထံျပန္လာဖို႔ကိုပဲ တတြတ္တြတ္ေျပာဆိုေနခဲ့တာလည္းျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေနမာနဲ႔တစ္ႏိုင္ငံတည္းသားၾကီး ရီဗယ္ဒိုက-

” ဘာစီလိုနာကိုျပန္ဖို႔က သူ႔အတြက္ တကယ့္ကိုခက္ခဲတဲ့ဆံုးျဖတ္ခ်က္တစ္ခုပါ၊ သူထြက္သြားခဲ့စဥ္တုန္းက ပရိသတ္ေတြအေနနဲ႔ သူ႔အေပၚစိတ္ဆိုးေဒါသထြက္ခဲ့ၾကပါတယ္၊ တကယ္လို႔ ဘာစီလိုနာဆီသူျပန္လာခဲ့ရင္ ပရိသတ္တခ်ိဳ႕ရဲ႕အျပစ္တင္ျခင္းခံရမယ့္အခ်ိန္ေတြ ရွိလာႏိုင္ပါတယ္ ”

” ဒါေၾကာင့္ ေနမာအေနနဲ႔ လူသိရွင္ၾကားေတာင္းပန္သင့္တယ္၊ သူ မွားခဲ့ေၾကာင္းနဲ႔ ႏူးကမ့္ဟာ သူ႔ရဲ႕အိမ္ျဖစ္ေၾကာင္းကို ေျပာသင့္တယ္၊ ဒါဆိုရင္ ပရိသတ္ေတြအားလံုးကလည္း သူ႔ကို နားလည္ေပးၾကပါလိမ့္မယ္၊ ျပီးေတာ့ လြယ္လြယ္ကူကူပဲ သူ႔ကို ခြင့္လႊတ္ၾကပါလိမ့္မယ္ ” လို႔တိုက္တြန္းေျပာဆိုသြားခဲ့တာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ဘာကာပရိသတ်တွေကိုတောင်းပန်ဖို့ နေမာကိုတိုက်တွန်းလိုက်တဲ့ ရီဗယ်ဒို

ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဘရာဇီးလ်ကစားသမားဟောင်းကြီး ရီဗယ်ဒိုဟာ နေမာအနေနဲ့ ဘာစီလိုနာအသင်းထံပြန်ရောက်လာခဲ့ရင် ဘာစီလိုနာပရိသတ်တွေကို တောင်းပန်သင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။

အသင်းက သူ့ကိုရောင်းထုတ်ဖို့ အလိုမရှိခဲ့ပေမဲ့ နေမာဟာ ဘာစီလိုနာကို ခြေစုံကန်ကာ ပီအက်ဂျီရဲ့ပုံအောကမ်းလှမ်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ (၂)နှစ်ကြာပြီးတဲ့နောက်မှာ ပီအက်စ်ဂျီမှာ ပြဿနာပေါင်းစုံရင်ဆိုင်ခဲ့ရတဲ့ နေမာဟာ ဘာကာကိုစွန့်ခွာခဲ့မိတဲ့ သူ့လုပ်ရပ်ကမှားယွင်းကြောင်း သိခဲ့ပါတယ်။

ဒါကြောင့် လာမယ့်နွေအပြောင်းအရွှေ့မှာ သူ့အနေနဲ့ပီအက်စ်ဂျီမှာ မကစားချင်တော့ဘူးလို့ အတိအလင်းပြောကြားထားပြီး အသင်းဟောင်းထံပြန်လာဖို့ကိုပဲ တတွတ်တွတ်ပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နေမာနဲ့တစ်နိုင်ငံတည်းသားကြီး ရီဗယ်ဒိုက-

” ဘာစီလိုနာကိုပြန်ဖို့က သူ့အတွက် တကယ့်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါ၊ သူထွက်သွားခဲ့စဉ်တုန်းက ပရိသတ်တွေအနေနဲ့ သူ့အပေါ်စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်၊ တကယ်လို့ ဘာစီလိုနာဆီသူပြန်လာခဲ့ရင် ပရိသတ်တချို့ရဲ့အပြစ်တင်ခြင်းခံရမယ့်အချိန်တွေ ရှိလာနိုင်ပါတယ် ”

” ဒါကြောင့် နေမာအနေနဲ့ လူသိရှင်ကြားတောင်းပန်သင့်တယ်၊ သူ မှားခဲ့ကြောင်းနဲ့ နူးကမ့်ဟာ သူ့ရဲ့အိမ်ဖြစ်ကြောင်းကို ပြောသင့်တယ်၊ ဒါဆိုရင် ပရိသတ်တွေအားလုံးကလည်း သူ့ကို နားလည်ပေးကြပါလိမ့်မယ်၊ ပြီးတော့ လွယ်လွယ်ကူကူပဲ သူ့ကို ခွင့်လွှတ်ကြပါလိမ့်မယ် ” လို့တိုက်တွန်းပြောဆိုသွားခဲ့တာပါ။

လူညိုချော@SportsGabar