မန္ယူႏိုက္တက္ကေနထြက္ခြာဖြယ္ရွိေနတဲ့ ဒါမီယန္

မန္ယူႏိုက္တက္အသင္းရဲ႕ညာေနာက္ခံလူ ဒါမီယန္ဟာ အသင္းနဲ႔အတူ ေလးရာသီၾကာျဖတ္သန္းျပီးတ့ဲေနာက္မွာေတာ့ မန္ယူႏိုက္တက္နဲ႔လမ္းခြဲေတာ့မယ္လို႔သိရပါတယ္။ ဒါမီယန္ကိုေခၚယူဖို႔ ဗလင္ဆီယာအသင္းကစိတ္၀င္စားေနတယ္လို႔သိရျပီး၊ ဒါမီယန္ကိုေျပာင္းေႊရ႕ေၾကးေပါင္(၁၀)သန္းနဲ႔ ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

ဒါမီယန္ဟာ လြန္ခ့ဲတ့ဲ (၂၀၁၁)ခုႏွစ္က စီးရီးဘီမွာကစားေနခ့ဲတ့ဲ တို၇ီႏိုအသင္းကိုစတင္ေရာက္ရွိခ့ဲျပီး၊ စီးရီးဘီကေနစီးရီးေအကိုတန္းတက္နိုင္ခ့ဲတ့ဲ တိုရီႏိုအသင္းမွာ အဓိကကစားသမားအျဖစ္ပါ၀င္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။ (၂၀၁၅)ခုႏွစ္မွာေတာ့ မန္ယူႏိုက္တက္အသင္းကို ေလးႏွစ္သက္တမ္းရွိစာခ်ဳပ္နဲ႔ေျပာင္းေရႊ႕ခ့ဲတာလည္းျဖစ္ပါတယ္။

ဒီႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ဒါမီယန္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳဖို႔ အလိုမရွိတာေၾကာင့္ ျပီးခ့ဲတ့ဲ ဇန္န၀ါရီကာလက တစ္နွစ္သက္တမ္းရွိစာခ်ဳပ္ကိုခ်ဳပ္ဆိုခ့ဲပါတယ္။ ဒါမီယန္ဟာ နည္းျပ ဗန္ေဂါလက္ထက္မွာ မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ေၾကးေပါင္(၁၂)သန္း၀န္းက်င္နဲ႔ေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။

ဗန္ေဂါလက္ထက္သူ႕ရဲ႕ပထမဆံုးေဘာလံုးရာသီမွာ ဒါမီယန္က မန္ယူႏိုက္တက္အတြက္ျပိဳင္ပြဲစံု (၃၉)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊ အသင္းရဲ႕အဓိက ကစားသမားအျဖစ္ပါ၀င္ခ့ဲပါတယ္။ ဒါေပမ့ဲ နည္းျပေမာ္ရင္ဟို အသင္းကိုေရာက္ရွိျပီးေနာက္ပိုင္းမွာေတာ့ ပြဲထြက္ခြင့္ေပ်ာက္ဆံုးခ့ဲပါတယ္။ သူ႕ရဲကဒုတိယေျမာက္ေဘာလံုးရာသီမွာ ဒါမီယန္ဟာ ျပိဳင္ပြဲစံု(၂၉)ပြဲ႕သာလ်ွင္ပါ၀င္ကစားခြင့္ရခ့ဲတာပဲျဖစ္ပါတယ္။

ဒီႏွစ္ေဘာလံုးရာသီမွာေတာ့ ဒါမီယန္ဟာ မန္ယူႏိုက္တက္အတြက္ျပိဳင္ပြဲစံု (၇)ပြဲသာလ်ွင္ပါ၀င္ခြင့္ရခ့ဲတာလည္းျဖစ္ပါတယ္။ ဒါမီယန္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္အတြက္ မန္ယူႏိုက္တက္ကေနထြက္ခြာဖို႔အလိုရွိေနျပီး၊ လာလီဂါကလပ္ ဗလင္ဆီယာအသင္းက ဒါမီယန္ကိုေခၚယူဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။ ဒါမီယန္အေနနဲ႔ မန္ယူႏိုက္တက္ကေနထြက္ခြာျဖစ္မလားဆိုတာ ဒီေႏြေစ်းကက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ကနေထွက်ခွာဖွယ်ရှိနေတဲ့ ဒါမီယန်

မန်ယူနိုက်တက်အသင်းရဲ့ညာနောက်ခံလူ ဒါမီယန်ဟာ အသင်းနဲ့အတူ လေးရာသီကြာဖြတ်သန်းပြီးတဲ့နောက်မှာတော့ မန်ယူနိုက်တက်နဲ့လမ်းခွဲတော့မယ်လို့သိရပါတယ်။ ဒါမီယန်ကိုခေါ်ယူဖို့ ဗလင်ဆီယာအသင်းကစိတ်ဝင်စားနေတယ်လို့သိရပြီး၊ ဒွမီယန်ကိုပြောင်းရေ့ကြေးပေါင်(၁၀)သန်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဒါမီယန်ဟာ လွန်ခဲ့တဲ့ (၂၀၁၁)ခုနှစ်က စီးရီးဘီမှာကစားနေခဲ့တဲ့ တိုရီနိုအသင်းကိုစတင်ရောက်ရှိခဲ့ပြီး၊ စီးရီးဘီကနေစီးရီးအေကိုတန်းတက်နိုင်ခဲ့တဲ့ တိုရီနိုအသင်းမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်မှာတော့ မန်ယူနိုက်တက်အသင်းကို လေးနှစ်သက်တမ်းရှိစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒါမီယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုဖို့ အလိုမရှိတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီကာလက တစ်နှစ်သက်တမ်းရှိစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ ဒါမီယန်ဟာ နည်းပြ ဗန်ဂေါလက်ထက်မှာ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ကြေးပေါင်(၁၂)သန်းဝန်းကျင်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဗန်ဂေါလက်ထက်သူ့ရဲ့ပထမဆုံးဘောလုံးရာသီမှာ ဒါမီယန်က မန်ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ (၃၉)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ အသင်းရဲ့အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြမော်ရင်ဟို အသင်းကိုရောက်ရှိပြီးနောက်ပိုင်းမှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပါတယ်။ သူ့ရဲကဒုတိယမြောက်ဘောလုံးရာသီမှာ ဒါမီယန်ဟာ ပြိုင်ပွဲစုံ(၂၉)ပွဲ့သာလျှင်ပါဝင်ကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ ဒါမီယန်ဟာ မန်ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ (၇)ပွဲသာလျှင်ပါဝင်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ဒါမီယန်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် မန်ယူနိုက်တက်ကနေထွက်ခွာဖို့အလိုရှိနေပြီး၊ လာလီဂါကလပ် ဗလင်ဆီယာအသင်းက ဒါမီယန်ကိုခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ဒါမီယန်အနေနဲ့ မန်ယူနိုက်တက်ကနေထွက်ခွာဖြစ်မလားဆိုတာ ဒီနွေဈေးကက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar