ေရႊဖိနပ္ဆုကို အလန္၀ိႈက္ ရသြားႏိုင္တဲ့အခ်က္ကိုထုတ္ေျပာလိုက္တဲ့ အဂၤလန္ဂိုးသမား

ကမာၻ႔ဖလားျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ အဂၤလန္အမ်ိဳးသမီးအသင္းရဲ႕ဂိုးသမားျဖစ္သူ မာရီအာ့စ္က တိုက္စစ္မွဴး အလန္၀ိႈက္အေနနဲ႔ ဒီျပိဳင္ပြဲမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားစာရင္းမွာ ထိပ္ဆံုးကရပ္တည္ႏိုင္ခဲ့ရင္ ေရႊဖိနပ္ဆုကို ရရွိမွာျဖစ္ေၾကာင္းခန္႔မွန္းေျပာဆိုလိုက္ပါတယ္။

ျပီးခဲ့တဲ့ၾကာသပေတးေန႔ကယွဥ္ျပိဳင္ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာ အဂၤလန္အမ်ိဳးသမီးအသင္းဟာ ေနာ္ေ၀ကို (၃)ဂိုးျပတ္အႏိုင္ရရွိခဲ့ျပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။ အဲဒီ့ပြဲမွာ အဂၤလန္တိုက္စစ္မွဴးအလန္၀ိႈက္က တစ္ဂိုးသြင္းယူႏိုင္ခဲ့ျပီး ကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ အေမရိကန္တိုက္စစ္မွဴး အဲလက္ေမာ္ဂန္နဲ႔(၅)ဂိုးစီတူညီခဲ့ျပီး ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။

ဒါ့ေၾကာင့္ အသက္(၃၀)အရြယ္ရွိျပီျဖစ္တဲ့အလန္၀ိႈက္ဟာ ကမာၻ႔ဖလားျပိဳင္ပြဲတစ္ေလွ်ာက္ အဂၤလန္အမ်ိဳးသမီးအသင္းရဲ႕ဂိုးသြင္းအမ်ားဆံုးကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ မာရီအာ့စ္အတြက္ ယခုႏွစ္ကမာၻ႔ဖလားျပိဳင္ပြဲဟာ ပထမဆံုးအၾကိမ္ျဖစ္ျပီး အဂၤလန္အသင္းလူစာရင္းမွာ အရန္ဂိုးသမားအျဖစ္ ပါ၀င္လာခဲ့တာျဖစ္ပါတယ္။ အသင္းေဖာ္အလန္၀ိႈက္နဲ႔ပတ္သက္ျပီး မာရီအာ့စ္က-

” အလန္ကအလုပ္အရမ္းၾကိဳးစားတယ္၊ ျပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ရင့္က်က္တည္ျငိမ္တဲ႔တိုက္စစ္မွဴးတစ္ဦးအျဖစ္ သူကတိုးတက္လာခဲ့တာပါ၊ ဒါေၾကာင့္ သူဟာ ေရႊဖိနပ္ဆုနဲ႔ထိုက္တန္ပါတယ္၊ ျပိဳင္ပြဲရဲ႕ထိပ္ဆံုးဂိုးသြင္းသူေနရာမွာ ရပ္တည္ႏိုင္ခဲ့ရင္ေတာ့ သူေရႊဖိနပ္ဆုကို ေသခ်ာေပါက္ရမွာပါ ” လို႔ေနာက္ေျပာင္သြားခဲ့ပါတယ္။

ဆက္လက္ျပီး မာရီအာ့စ္က သူ႕အေနနဲ႔ ကမာၻ႔ဖလားၾကီးကို ကိုင္ေျမွာက္သြားခ်င္တယ္လို႔ဖြင့္ဟခဲ့ျပီး ဒီ့အတြက္လည္း ေန႔တိုင္းမွာ အာရံုစူးစိုက္မႈအျပည့္နဲ႔ ၾကိဳးစားအားထုတ္ေနတယ္လို႔လည္း ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ရွှေဖိနပ်ဆုကို အလန်ဝှိုက် ရသွားနိုင်တဲ့အချက်ကိုထုတ်ပြောလိုက်တဲ့ အင်္ဂလန်ဂိုးသမား

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ဂိုးသမားဖြစ်သူ မာရီအာ့စ်က တိုက်စစ်မှူး အလန်ဝှိုက်အနေနဲ့ ဒီပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နိုင်ခဲ့ရင် ရွှေဖိနပ်ဆုကို ရရှိမှာဖြစ်ကြောင်းခန့်မှန်းပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အမျိုးသမီးအသင်းဟာ နော်ဝေကို (၃)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အဲဒီ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူးအလန်ဝှိုက်က တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အမေရိကန်တိုက်စစ်မှူး အဲလက်မော်ဂန်နဲ့(၅)ဂိုးစီတူညီခဲ့ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ဒါ့ကြောင့် အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့အလန်ဝှိုက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အင်္ဂလန်အမျိုးသမီးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ မာရီအာ့စ်အတွက် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အင်္ဂလန်အသင်းလူစာရင်းမှာ အရန်ဂိုးသမားအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အသင်းဖော်အလန်ဝှိုက်နဲ့ပတ်သက်ပြီး မာရီအာ့စ်က-

” အလန်ကအလုပ်အရမ်းကြိုးစားတယ်၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ရင့်ကျက်တည်ငြိမ်တဲ့တိုက်စစ်မှူးတစ်ဦးအဖြစ် သူကတိုးတက်လာခဲ့တာပါ၊ ဒါကြောင့် သူဟာ ရွှေဖိနပ်ဆုနဲ့ထိုက်တန်ပါတယ်၊ ပြိုင်ပွဲရဲ့ထိပ်ဆုံးဂိုးသွင်းသူနေရာမှာ ရပ်တည်နိုင်ခဲ့ရင်တော့ သူရွှေဖိနပ်ဆုကို သေချာပေါက်ရမှာပါ ” လို့နောက်ပြောင်သွားခဲ့ပါတယ်။

ဆက်လက်ပြီး မာရီအာ့စ်က သူ့အနေနဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်သွားချင်တယ်လို့ဖွင့်ဟခဲ့ပြီး ဒီ့အတွက်လည်း နေ့တိုင်းမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးစားအားထုတ်နေတယ်လို့လည်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar