ေပါ့ဘာကိုလိုခ်င္ရင္ေပါင္သန္း(၁၅၀)

မန္ယူႏိုက္တက္အေနနဲ႔ ေပါ့ဘာကိုေခၚယူခ်င္တယ္ဆိုရင္ ကစားသမားအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၁၅၀)ေပးရလိမ့္မယ္လို႔ ေပါ့ဘာကိုေခၚယူဖို႔အလိုရွိေနတ့ဲ ရီးရဲလ္မက္ဒရစ္အသင္းကိုေျပာၾကားသြားခ့ဲပါတယ္။

ရီးရဲလ္ဟာ ေပါ့ဘာကိုေခၚယူဖို႔ျပီးခ့ဲတ့ဲ ေႏြရာသီကတည္းကခ်ိတ္ဆက္မႈေတြျပဳလုပ္ေနတာျဖစ္ျပီးေတာ့ ၊ ယခုေႏြရာသီေစ်းကြက္မွာလည္း ေပါ့ဘာကိုခေၚယူဖို႔ထပ္မံၾကိဳးစားလာျပန္တာလည္းျဖစ္ပါတယ္။ ေပါ့ဘာကိုေခၚယူဖို႔ အသင္းေဟာင္းဂ်ဳဗင္တပ္ကလည္း ျပင္ဆင္လာျပီး၊ ကစားသမားအေနနဲ႔ အေစာပိုင္းကရီးရဲလ္ကိုေျပာင္းေရႊ႕ဖို႔စိတ္အားထက္သန္ေနခ့ဲေပမ့ဲ အသင္းေဟာင္းဂ်ဳဗင္တပ္က ေခၚယူဖို႔စိတ္၀င္စားလာခ်ိန္မွာေတာ့ ဂ်ဳဗင္တပ္ဘက္ကိုသာေျပာင္းေ၇ႊ႕ဖို႔ စိတ္၀င္စားေနတာျဖစ္တယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္အသင္းကေတာ့ ေပါ့ဘာအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၁၅၀)သက္မွတ္ထားတယ္လို႔သိရပါတယ္။ ရီးရဲလ္အသင္းအေနနဲ႔ ဒီေႏြေစ်းကြက္ထဲမွာကစား(၆)ဦးအထိေခၚယူထားျပီျဖစ္ျပီးေတာ့ ေနာက္ထပ္ေခၚယူမႈေတြျပဳလုပ္ဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။ ဒါေပမ့ဲ ရီးရဲလ္ဟာ ေပါ့ဘာအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၁၅၀)အထိအသံုးျပဳဖို႔အလိုမရွိပဲ အသင္းရဲ႕တိုက္စစ္မွဴးဂါရက္ေဘးလ္ကိုအလိုက္ေပးျပီးေခၚယူဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။

ေပါ့ဘာကိုခေၚယူဖို႔ ဂ်ဳဗင္တပ္နဲ႔ ရီးရဲလ္တို႔ႏွစ္သင္းထဲကဘယ္အသင္းအသာရသြားမလဲဆိာကေတာ့ စိတ္၀င္စားစရာေကာင္းေနတာျဖစ္ျပီးေတာ့ ေပါ့ဘာကိုယ္တိုင္ကေတာ့ ရီးရဲလ္မက္ဒရစ္ထက္ ဂ်ဳဗင္တပ္ကိုသာေရြးခ်ယ္ဖို႔ပိုျပီးေတာ့ စိတ္အားထက္သန္ေနတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲလက္ရွိအေနအထားအရေတာ့ မန္ယူႏိုက္တက္အလိုရွိေနတ့ဲ ေျပာင္းေရႊေၾကးေပါင္သန္း(၁၅၀)ကို ေပးႏိုင္တ့ဲ အသင္းကသာေပါ့ဘာကိုရရွိသြားဖို႔ရွိေနတာေၾကာင့္ ဘယ္အသင္းကအသာရသြားမလဲဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပေါ့ဘာကိုလိုချင်ရင်ပေါင်သန်း(၁၅၀)

မန်ယူနိုက်တက်အနေနဲ့ ပေါ့ဘာကိုခေါ်ယူချင်တယ်ဆိုရင် ကစားသမားအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၁၅၀)ပေးရလိမ့်မယ်လို့ ပေါ့ဘာကိုခေါ်ယူဖို့အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်ဟာ ပေါ့ဘာကိုခေါ်ယူဖို့ပြီးခဲ့တဲ့ နွေရာသီကတည်းကချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပြီးတော့ ၊ ယခုနွေရာသီဈေးကွက်မှာလည်း ပေါ့ဘာကိုခေါ်ယူဖို့ထပ်မံကြိုးစားလာပြန်တာလည်းဖြစ်ပါတယ်။ ပေါ့ဘာကိုခေါ်ယူဖို့ အသင်းဟောင်းဂျုဗင်တပ်ကလည်း ပြင်ဆင်လာပြီး၊ ကစားသမားအနေနဲ့ အစောပိုင်းကရီးရဲလ်ကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေခဲ့ပေမဲ့ အသင်းဟောင်းဂျုဗင်တပ်က ခေါ်ယူဖို့စိတ်ဝင်စားလာချိန်မှာတော့ ဂျုဗင်တပ်ဘက်ကိုသာပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာဖြစ်တယ်လို့သိရပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ ပေါ့ဘာအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၁၅၀)သက်မှတ်ထားတယ်လို့သိရပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ ဒီနွေဈေးကွက်ထဲမှာကစား(၆)ဦးအထိခေါ်ယူထားပြီဖြစ်ပြီးတော့ နောက်ထပ်ခေါ်ယူမှုတွေပြုလုပ်ဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ဟာ ပေါ့ဘာအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၁၅၀)အထိအသုံးပြုဖို့အလိုမရှိပဲ အသင်းရဲ့တိုက်စစ်မှူးဂါရက်ဘေးလ်ကိုအလိုက်ပေးပြီးခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ပေါ့ဘာကိုခေါ်ယူဖို့ ဂျုဗင်တပ်နဲ့ ရီးရဲလ်တို့နှစ်သင်းထဲကဘယ်အသင်းအသာရသွားမလဲဆိာကတော့ စိတ်ဝင်စားစရာကောင်းနေတာဖြစ်ပြီးတော့ ပေါ့ဘာကိုယ်တိုင်ကတော့ ရီးရဲလ်မက်ဒရစ်ထက် ဂျုဗင်တပ်ကိုသာရွေးချယ်ဖို့ပိုပြီးတော့ စိတ်အားထက်သန်နေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအနေအထားအရတော့ မန်ယူနိုက်တက်အလိုရှိနေတဲ့ ပြောင်းရွှေကြေးပေါင်သန်း(၁၅၀)ကို ပေးနိုင်တဲ့ အသင်းကသာပေါ့ဘာကိုရရှိသွားဖို့ရှိနေတာကြောင့် ဘယ်အသင်းကအသာရသွားမလဲဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar