မက္ဆီ၀န္ခံခ့ဲတ့ဲ ကိုပါအေမရိကျပိဳင္ပြဲက အမွန္တရားတစ္ခု

အာဂ်င္တီးနားအသင္းရဲ႕တိုက္စစ္မွဴးလီယြန္နယ္မက္ဆီဟာ သူ႔အေနနဲ႔ ကိုပါအေမရိကျပိဳင္ပြဲမွာ သူ႔ရဲ႕ေျခစြမ္းဟာအေကာင္းဆံုးပံုစံမွာရွိမေနဘူးလို႔ ၀န္ခံေျပာၾကားသြားခ့ဲပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဒီေန႔မနက္အေစာပိုင္းက ဗင္နီဇြဲလားအသင္းကိုႏွစ္ဂိုး ဂိုးမရွိနဲ႔အႏိုင္ယူခ့ဲျပီးတ့ဲေနာက္မွာေတာ့ ဆီမီးဖိုင္နယ္မွာ အိမ္ရွင္ဘရာဇီးအသင္းနဲ႔ရင္ဆိုင္ရမွာပဲျဖစ္ပါတယ္။ မက္ဆီဟာ ကိုပါအေမရိကျပိဳင္ပြဲမွာျပထားႏိုင္တ့ဲသူ႔ရဲ႕ေျခစြမ္းေတြနဲ႔ပတ္သက္ျပီး အားမလိုအားမရျဖစ္ေနတာလည္းပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ ကိုပါအေမရိကျပိဳင္ပြဲမွာ ပြဲေပါင္း(၄)ပြဲကစားျပီးတ့ဲအခ်ိန္အထိ မက္ဆီဟာ အာဂ်င္တီးနားအသင္းအတြက္ တစ္ဂိုးသာလ်ွင္သြင္းယူေပးထားႏိုင္ခ့ဲတာျဖစ္ပါတယ္။ အဆိုပါသြင္းဂိုးဟာလည္း ပင္နယ္တီျပစ္ဒဏ္ေဘာကတစ္ဆင့္သြင္းယူႏိုင္ခ့ဲတ့ဲ ဂိုးပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မက္ဆီတစ္ေယာက္သူ႔ရဲ႕ေျခစြမ္းေတြနဲ႔ပတ္သက္ျပီး အခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။

မက္ဆီက ” အမွန္တရားကေတာ့ ဒါကၽြန္ေတာ့္ရဲ႕အေကာင္းဆံုးပံုစံမဟုတ္ဘူးဆိုတာပါပဲ၊ ကၽြန္ေတာ္ေမ်ွာ္လင့္ထားခ့ဲသလိုမ်ိဳးလည္းမဟုတ္ပါဘူး၊ ဒီမွာပြဲတြအမ်ားၾကီးကစားခ့ဲပါတယ္၊ ဒါေပမ့ဲကၽြန္ေတာ္ေကာင္းေကာင္းမကစားႏိုင္ခ့ဲပါဘူး၊ ျပိဳင္ဘက္ေတြကိုလွည့္စားဖို႔၊ တစ္စံုတစ္ရာလုပ္ျပႏိုင္ဖို႔ ကၽြန္ေတာ့္အတြက္တကယ္ပဲရႈပ္ေထြးေနခ့ဲပါတယ္၊ ဒါေပမ့ဲ အေရးအၾကီးဆံုးအရာက ကၽြန္ေတာ္တို႔ ႏိုင္ပြဲေတြဆက္ယူႏိုင္ဖို႔ပါပဲ ” လို႔ေျပာၾကားသြားခ့ဲတာျဖစ္ပါတယ္။

မက္ဆီဟာ ႏိုင္ငံအသင္းမွာဆိုရင္ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ရေလ့ရွိျပီး၊ ႏိုင္ငံအသင္းမွာေျခစြမ္းေပ်ာက္ေလ့ရွိတာေၾကာင့္လည္း မက္ဆီဟာမၾကာခဏေ၀ဖန္ခံရေလ့ရွိတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မက္ဆီရဲ႕အာဂ်င္တီးနားအသင္းဟာ ဆီမီးဖိုင္နယ္ကိုတက္ေရာက္သြားႏိုင္ခ့ဲျပီျဖစ္ျပီး၊ အိမ္ရွင္ဘရာဇီးနဲ႔ေတြ႔ဆံုေနတာေၾကာင့္ အာဂ်င္တီးနားအတြက္ေတာ့ သတိၾကီးၾကီးထားရမယ့္ပြဲတစ္ပြဲျဖစ္ေနတာအမွန္ပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မက်ဆီဝန်ခံခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲက အမှန်တရားတစ်ခု

အာဂျင်တီးနားအသင်းရဲ့တိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ သူ့အနေနဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ သူ့ရဲ့ခြေစွမ်းဟာအကောင်းဆုံးပုံစံမှာရှိမနေဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်အစောပိုင်းက ဗင်နီဇွဲလားအသင်းကိုနှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူခဲ့ပြီးတဲ့နောက်မှာတော့ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးအသင်းနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာပြထားနိုင်တဲ့သူ့ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်နေတာလည်းပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲပေါင်း(၄)ပွဲကစားပြီးတဲ့အချိန်အထိ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် တစ်ဂိုးသာလျှင်သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာလည်း ပင်နယ်တီပြစ်ဒဏ်ဘောကတစ်ဆင့်သွင်းယူနိုင်ခဲ့တဲ့ ဂိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မက်ဆီတစ်ယောက်သူ့ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

မက်ဆီက ” အမှန်တရားကတော့ ဒါကျွန်တော့်ရဲ့အကောင်းဆုံးပုံစံမဟုတ်ဘူးဆိုတာပါပဲ၊ ကျွန်တော်မျှော်လင့်ထားခဲ့သလိုမျိုးလည်းမဟုတ်ပါဘူး၊ ဒီမှာပွဲတွအများကြီးကစားခဲ့ပါတယ်၊ ဒါပေမဲ့ကျွန်တော်ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ ပြိုင်ဘက်တွေကိုလှည့်စားဖို့၊ တစ်စုံတစ်ရာလုပ်ပြနိုင်ဖို့ ကျွန်တော့်အတွက်တကယ်ပဲရှုပ်ထွေးနေခဲ့ပါတယ်၊ ဒါပေမဲ့ အရေးအကြီးဆုံးအရာက ကျွန်တော်တို့ နိုင်ပွဲတွေဆက်ယူနိုင်ဖို့ပါပဲ ” လို့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ နိုင်ငံအသင်းမှာဆိုရင် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရလေ့ရှိပြီး၊ နိုင်ငံအသင်းမှာခြေစွမ်းပျောက်လေ့ရှိတာကြောင့်လည်း မက်ဆီဟာမကြာခဏဝေဖန်ခံရလေ့ရှိတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး၊ အိမ်ရှင်ဘရာဇီးနဲ့တွေ့ဆုံနေတာကြောင့် အာဂျင်တီးနားအတွက်တော့ သတိကြီးကြီးထားရမယ့်ပွဲတစ်ပွဲဖြစ်နေတာအမှန်ပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar