unicode
ဇာဟာကိုယုံမှတ်ပြီး ပုံအပ်တော့မယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းရဲ့တိုက်စစ်မှူးဇာဟာကိုခေါ်ယူဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့သိရပါတယ်။ သတင်းတွေအရ ဇာဟာဟာ ခရစ္စပဲလေ့ကနေထွက်ပြီး၊ အာဆင်နယ်ကိုပြောင်းရွှေ့ဖို့အလိုရှိနေတယ်လို့လည်းသိရပါတယ်။
အိုင်ဗရီကို့စ်အသင်းရဲ့တိုက်စစ်မှူး ဇာဟာ ဟာ အပြောင်းအရွှေ့ဈေးကိုရောက်တိုင်း အသင်းကနေထွက်ခွာဖို့ နာမည်ကြီးတဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့၊ ဒီတစခါမှာတော့ အာဆင်နယ်ပအသင်းကိူပြောင်းရွှေ့ဖို့အတွက် ကစားသမားကိုယ်တိုင် အလို၇ှိနေတာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ ဇာဟာ အတွက်အောင်မြင်တဲ့ရာသီလို့ဆိုနိုင်ပြီး၊အသင်းရဲ့နည်းပြ ရွိုင်ဟော့ဆန်ရဲ့လက်အောက်မှာ ခြေစွမ်းပြကစားကာ သွင်းဂိုး(၁၀)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာခရစ္စပဲလေ့အသင်းနဲ့အတူကစားသမားဘဝစတင်ခဲ့ပြီးတော့ (၂၀၁၃)ခုနှစ်မှာမန်ယူနိုက်တက်ကိုရောက်ရှိခဲ့ပါတယ်။ မန်ယူနိုက်တက်နဲ့အတူပုံစံကောင်းပြနိုင်ဖို့အတွက် ဇာဟာတစ်ယောက်ရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာတော့ ခရစ္စပဲလေ့အသင်းကိုပြန်လည်အငှားချခံခဲ့ရပြီးတော့ နောက်ပိုင်းမှာအပြီးသတ်ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့(၂၀၁၅)ကတည်းကခုချိန်ထိ ဇာဟာဟာ ခရစ္စပဲလေ့အတွက် ပွဲပေါင်း(၁၄၇)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ (၃၁)ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု (၂၄)ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းဟာ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၈၀)သတ်မှတ်ထားတာဖြစ်ပြီးတော့၊ အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်ကို ရောင်းချပြီး ဇာဟာကိုခေါ်ယူနိုင်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
အာဆင်နယ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေမတိုင်မီ ဇာဟာကိုအရခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
Sirဇော်ကြီး@Sportsgabar