မန္ယူႏိုက္တက္ကိုအမွန္တကယ္ေက်ာခိုင္းသြားခ့ဲျပီျဖစ္တ့ဲဗလန္စီယာ

မန္ယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္ၾကီး ဗလန္စီယာဟာ သူ႔ရဲ႕မိခင္ႏိုင္ငံက ကလပ္အသင္းတစ္သင္းျဖစ္တ့ဲ အီေကြေဒါစီးရီးေအ အသင္းအယ္လ္ဒီကြာတိုအသင္းကိုေျပာင္းေရႊ႕ခ့ဲျပီျဖစ္တယ္လို႔သိရပါတယ္။ ဒီေျပာင္းေရႊ႕မႈဟာ ဗလန္စီယာအတြက္ ဥေရာပမွာ (၁၄)ႏွစ္ၾကာက်င္လည္ခ့ဲျပီးတ့ဲေနာက္မွောေတာ့ မိခင္ႏိုင္ငံကို ပထမဆံုးအၾကိမ္ျပန္တ့ဲ အိမ္ျပန္ခရီးတစ္ခုလည္းျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းနဲ႔အတူ ဆယ္စုႏွစ္တစ္ခုအၾကာ အတူ၇ွိေနခ့ဲျပီးတ့ဲေနာက္မွာေတာ့ ျပီးခ့ဲတ့ဲေဘာလံုးရာသီမကုန္ခင္ကတည္းက ရာသီကုန္ရင္ အသင္းကေနထြက္ခြာေတာ့မယ္လို႔ ဖြင့္ဟေျပာၾကားခ့ဲတ့ဲသူပဲျဖစ္ပါတယ္။ မန္ယူႏိုက္တက္နဲ႔သူ႔ရဲ႕ေနာက္ဆံုးရာသီမွာ ဗလန္စီယာဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ (၆)ပြဲသာလ်ွင္ပါ၀င္ကစားခြင့္ရခ့ဲတာပဲျဖစ္ပါတယ္။

ဗလန္စီယာဟာ သူ႔ရဲ႕ကစားသမားဘ၀အစပိုင္းကို အီေကြေဒါကလပ္ အီးအိုင္ ေနစီယြန္နယ္အသင္းနဲ႔စတင္ခ့ဲတာျဖစ္ျပီး၊ သံုးႏွစ္ၾကာကစားျပီးတ့ဲေနာက္မွာေတာ့ လာလီဂါကလပ္ ဗီလာရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ ဗီလာရီးရဲလ္ကတဆင့္ ပရီးမီးယားလိဂ္ကလပ္ ၀ီဂန္အသင္းကို(၂၀၀၇)ခုႏွစ္မွာေရာက္ရွိခ့ဲျပီး၊ (၂၀၀၉)ခုႏွစ္မွာေတာ့ မန္ယူႏိုက္တက္အသင္းၾကီးဆီသို႔ေရာက္ရွိလာခ့ဲပါတယ္။

ဗလန္စီယာဟာ မန္ယူႏိုက္တက္နည္းျပၾကီး ဖာဂူဆန္ရဲ႕လက္ေအာက္မွာ ေတာက္ပခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ခ့ဲျပီးေတာ့၊ ေနာက္ပိုင္းမွာ အသင္းရဲ႕ကပၸတိန္ရာထူးကို မန္ယူႏိုက္တက္က ေပးအပ္ခ့ဲတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ၾကံဳေတြ႔ခ့ဲရျပီး၊ ဗလန္စီယာရဲ႕ညာေနာက္ခံေနရာကို အက္ရွေလယန္းနဲ႔ ဒါေလာ့တို႔က ရယူေနခ့ဲတာေၾကာင့္ အသင္းေခါင္းေဆာင္ၾကီးက အသင္းကေနထြက္ခြာဖို႔ဆံုးျဖတ္ခ့ဲတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ေဘာလံုးပြဲစဥ္ေတြကိုၾကည့္ရတာႏွစ္သတ္တ့ဲေဘာလံုး၀ါသနာရွင္ေတြအတြက္ေတာ့ တစ္ခ်ိန္ကလ်င္ျမန္တ့ဲေျပးအား၊တိုးအားေတြနဲ႔ ကစားတတ္တ့ဲ ဗလန္စီယာရဲ႕ကစားပံုေတြကို လာမယ့္ရာသီမွာ လြမ္းဆြတ္ေနၾကရေတာ့မွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ကိုအမှန်တကယ်ကျောခိုင်းသွားခဲ့ပြီဖြစ်တဲ့ဗလန်စီယာ

မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ကြီး ဗလန်စီယာဟာ သူ့ရဲ့မိခင်နိုင်ငံက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အီကွေဒေါစီးရီးအေ အသင်းအယ်လ်ဒီကွာတိုအသင်းကိုပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဒီပြောင်းရွှေ့မှုဟာ ဗလန်စီယာအတွက် ဥရောပမှာ (၁၄)နှစ်ကြာကျင်လည်ခဲ့ပြီးတဲ့နောက်မှောတော့ မိခင်နိုင်ငံကို ပထမဆုံးအကြိမ်ပြန်တဲ့ အိမ်ပြန်ခရီးတစ်ခုလည်းဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုအကြာ အတူ၇ှိနေခဲ့ပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမကုန်ခင်ကတည်းက ရာသီကုန်ရင် အသင်းကနေထွက်ခွာတော့မယ်လို့ ဖွင့်ဟပြောကြားခဲ့တဲ့သူပဲဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့သူ့ရဲ့နောက်ဆုံးရာသီမှာ ဗလန်စီယာဟာ ဒဏ်ရာပြဿနာတွေကြောင့် (၆)ပွဲသာလျှင်ပါဝင်ကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ဗလန်စီယာဟာ သူ့ရဲ့ကစားသမားဘဝအစပိုင်းကို အီကွေဒေါကလပ် အီးအိုင် နေစီယွန်နယ်အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး၊ သုံးနှစ်ကြာကစားပြီးတဲ့နောက်မှာတော့ လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲလ်ကတဆင့် ပရီးမီးယားလိဂ်ကလပ် ဝီဂန်အသင်းကို(၂၀၀၇)ခုနှစ်မှာရောက်ရှိခဲ့ပြီး၊ (၂၀၀၉)ခုနှစ်မှာတော့ မန်ယူနိုက်တက်အသင်းကြီးဆီသို့ရောက်ရှိလာခဲ့ပါတယ်။

ဗလန်စီယာဟာ မန်ယူနိုက်တက်နည်းပြကြီး ဖာဂူဆန်ရဲ့လက်အောက်မှာ တောက်ပခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီးတော့၊ နောက်ပိုင်းမှာ အသင်းရဲ့ကပ္ပတိန်ရာထူးကို မန်ယူနိုက်တက်က ပေးအပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပြီး၊ ဗလန်စီယာရဲ့ညာနောက်ခံနေရာကို အက်ရှလေယန်းနဲ့ ဒါလော့တို့က ရယူနေခဲ့တာကြောင့် အသင်းခေါင်းဆောင်ကြီးက အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေကိုကြည့်ရတာနှစ်သတ်တဲ့ဘောလုံးဝါသနာရှင်တွေအတွက်တော့ တစ်ချိန်ကလျင်မြန်တဲ့ပြေးအား၊တိုးအားတွေနဲ့ ကစားတတ်တဲ့ ဗလန်စီယာရဲ့ကစားပုံတွေကို လာမယ့်ရာသီမှာ လွမ်းဆွတ်နေကြရတော့မှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar