ဘာကာဆီ ေနမာျပန္လာမယ့္ကိစၥနဲ႔စပ္လ်ဥ္းျပီးေျပာၾကားလိုက္တဲ့ ပက္ဒရို

ခ်ဲလ္ဆီးကစားသမား ပက္ဒရိုဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာအေနနဲ႔ ဘာစီလိုနာထံ ျပန္မလာႏိုင္စရာအေၾကာင္းမရွိဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

ေနမာနဲ႔ပက္ဒရိုတို႔ဟာ ဘာစီလိုနာမွာ အတူတကြကစားရင္းေအာင္ျမင္မႈေတြ အတူတူသိမ္းပိုက္ႏိုင္ခဲ့ၾကတဲ့ အသင္းေဖာ္ေဟာင္းေတြလည္းျဖစ္ၾကပါတယ္။ ဘရာဇီးလ္တိုက္စစ္မွဴးေနမာဟာ (၂၀၁၇)အတြင္း ဘာစီလိုနာအသင္းကေနထြက္ခြာခဲ့ကာ ပီအက္စ္ဂ်ီအသင္းမွာ (၂)ႏွစ္ၾကာကစားခဲ့ျပီးေနာက္ အသင္းေဟာင္းဆီ ျပန္လာခ်င္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ လာမယ့္ေႏြရာသီမွာ ႏူးကမ့္ကို ျပန္လည္အေျခခ်ဖြယ္ရွိတဲ့ ေနမာနဲ႔ပတ္သက္လို႔ ပက္ဒရိုက-

” ေနမာဟာ ကမာၻအေကာင္းဆံုးေတြထဲကတစ္ေယာက္ပါ၊ ဒါကို ဘာကာနဲ႔ပီအက္စ္ဂ်ီမွာ သက္ေသျပခဲ့ျပီးသားပါ၊ သူ႔အေနနဲ႔ ဘာကာကိုျပန္လာဖို႔ျဖစ္ႏိုင္တာေပါ့၊ လူတိုင္းက ႏူးကမ့္ဆီ သူျပန္လာတာကို ျမင္ေတြ႔ရပါလိမ့္မယ္ ” လို႔အခိုင္အမာထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပက္ဒရိုဟာ တီကီတာကာကစားဟန္နဲ႔ ဥေရာပကို ဘာစီလိုနာ လႊမ္းမိုးခဲ့စဥ္က ကြင္းလယ္မွာ ဇာဗီ အင္နီေယစတာတို႔နဲ႔တြဲဖက္ညီစြာ ကစားခဲ့တဲ့ သူျဖစ္ျပီး၊ (၂၀၁၅)ခုႏွစ္မွာေတာ့ ခ်ဲလ္ဆီးအသင္းထံ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘာကာဆီ နေမာပြန်လာမယ့်ကိစ္စနဲ့စပ်လျဉ်းပြီးပြောကြားလိုက်တဲ့ ပက်ဒရို

ချဲလ်ဆီးကစားသမား ပက်ဒရိုဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာအနေနဲ့ ဘာစီလိုနာထံ ပြန်မလာနိုင်စရာအကြောင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

နေမာနဲ့ပက်ဒရိုတို့ဟာ ဘာစီလိုနာမှာ အတူတကွကစားရင်းအောင်မြင်မှုတွေ အတူတူသိမ်းပိုက်နိုင်ခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေလည်းဖြစ်ကြပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ (၂၀၁၇)အတွင်း ဘာစီလိုနာအသင်းကနေထွက်ခွာခဲ့ကာ ပီအက်စ်ဂျီအသင်းမှာ (၂)နှစ်ကြာကစားခဲ့ပြီးနောက် အသင်းဟောင်းဆီ ပြန်လာချင်နေတာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီမှာ နူးကမ့်ကို ပြန်လည်အခြေချဖွယ်ရှိတဲ့ နေမာနဲ့ပတ်သက်လို့ ပက်ဒရိုက-

” နေမာဟာ ကမ္ဘာအကောင်းဆုံးတွေထဲကတစ်ယောက်ပါ၊ ဒါကို ဘာကာနဲ့ပီအက်စ်ဂျီမှာ သက်သေပြခဲ့ပြီးသားပါ၊ သူ့အနေနဲ့ ဘာကာကိုပြန်လာဖို့ဖြစ်နိုင်တာပေါ့၊ လူတိုင်းက နူးကမ့်ဆီ သူပြန်လာတာကို မြင်တွေ့ရပါလိမ့်မယ် ” လို့အခိုင်အမာထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပက်ဒရိုဟာ တီကီတာကာကစားဟန်နဲ့ ဥရောပကို ဘာစီလိုနာ လွှမ်းမိုးခဲ့စဉ်က ကွင်းလယ်မှာ ဇာဗီ အင်နီယေစတာတို့နဲ့တွဲဖက်ညီစွာ ကစားခဲ့တဲ့ သူဖြစ်ပြီး၊ (၂၀၁၅)ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

လူညိုချော@SportsGabar