ယူရိုပါလိဂ္ျပိဳင္ပြဲကေန (၁)နွစ္ ထုတ္ပယ္ခံလိုက္ရတဲ့ ေအစီမီလန္

စီးရီးေအကလပ္ ေအစီမီလန္အသင္းဟာ ယူအီးအက္ဖ္ေအကခ်မွတ္ထားတဲ့ အက္အက္ပီ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္ လာမယ့္ႏွစ္ ယူရိုပါလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ (၁)ႏွစ္ ပိတ္ပင္ခံခဲ့ရတယ္လို႔သိရပါတယ္။

အက္ဖ္အက္ဖ္ပီ ဆိုတာကေတာ့ ဘ႑ာေရးမွ်ေခ်စည္းမ်ဥ္းတစ္ခုျဖစ္ျပီး၊ အၾကမ္းဖ်င္းအားျဖင့္ ယူအီးအက္ဖ္ေအလက္ေအာက္မွာရွိတဲ့ ဥေရာပကလပ္အသင္းေတြဟာ ကစားသမားေခၚယူမႈ၊ ေရာင္းခ်မႈတို႔ နဲ႔ပတ္သက္လို႔ ဘ႑ာေရးမွ်ေခ်စည္းမ်ဥ္းကို ေဖာက္ဖ်က္ေၾကာင္းေတြ႔ရွိပါက အေရးယူခံရမွာျဖစ္ပါတယ္။

ေအစီမီလန္အေနနဲ႔ အက္ဖ္အက္ဖ္ပီစည္းမ်ဥ္းနဲ႔ ျငိစြန္းတဲ႔ ဘယ္လိုျပစ္မႈမ်ိဳးကို ေဖာ္ဖ်က္ခဲ့သလဲဆိုတာ အေသးစိတ္မေဖာ္ျပခဲ့ေပမဲ့ ျပစ္မႈထင္ရွားခဲ့တာေၾကာင့္ အခုလို တစ္ႏွစ္တိတိ ပြဲပယ္ခဲ့တာလို႔ လည္းသိရပါတယ္။

ေအစီမီလန္ရဲ႕ ဥေရာပေဘာလံုးျပိဳင္ပြဲေတြကေန ပြဲပယ္ခံရမႈကိုေတာ့ အားကစားေရးရာ ခံုသမာဓိရံုး(CAS)က အမိန္႔ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ (CAS) က-

” လာမယ့္(၂၀၁၉-၂၀၂၀)ေဘာလံုးရာသီအတြင္း က်င္းပမယ့္ ဥေရာပကလပ္အသင္းေဘာလံုးျပိဳင္ပြဲ အသီးသီးကေန ေအစီမီလန္ကို ထုတ္ပယ္လိုက္သည္ ” လို႔ အမိန္႔ထုတ္ျပန္သြားခဲ့တာလည္းျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေဘာလံုးရာသီ စီးရီးေအျပိဳင္ပြဲမွာ အင္တာမီလန္အသင္းရဲ႕ေနာက္ အဆင့္(၅)ေနရာမွာ (၁)မွတ္အကြာနဲ႔ ရပ္တည္ႏိုင္ခဲ့လို႔ ယူရိုပါလိဂ္၀င္ခြင့္သာရခဲ့တဲ့ ေအစီမီလန္တို႔အတြက္ အခုလို ဥေရာပျပိဳင္ပြဲေတြကေန (၁)ႏွစ္ထုတ္ပယ္ခံလိုက္ရတာက ေငြေၾကးအက်ိဳးအျမတ္အရေရာ၊ အသင္းရဲ႕ဂုဏ္သိကၡာကိုပါ မ်ားစြာထိခိုက္ခဲ့ရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူရိုပါလိဂ်ပြိုင်ပွဲကနေ (၁)နှစ် ထုတ်ပယ်ခံလိုက်ရတဲ့ အေစီမီလန်

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ယူအီးအက်ဖ်အေကချမှတ်ထားတဲ့ အက်အက်ပီ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် လာမယ့်နှစ် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၁)နှစ် ပိတ်ပင်ခံခဲ့ရတယ်လို့သိရပါတယ်။

အက်ဖ်အက်ဖ်ပီ ဆိုတာကတော့ ဘဏ္ဍာရေးမျှချေစည်းမျဉ်းတစ်ခုဖြစ်ပြီး၊ အကြမ်းဖျင်းအားဖြင့် ယူအီးအက်ဖ်အေလက်အောက်မှာရှိတဲ့ ဥရောပကလပ်အသင်းတွေဟာ ကစားသမားခေါ်ယူမှု၊ ရောင်းချမှုတို့ နဲ့ပတ်သက်လို့ ဘဏ္ဍာရေးမျှချေစည်းမျဉ်းကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက အရေးယူခံရမှာဖြစ်ပါတယ်။

အေစီမီလန်အနေနဲ့ အက်ဖ်အက်ဖ်ပီစည်းမျဉ်းနဲ့ ငြိစွန်းတဲ့ ဘယ်လိုပြစ်မှုမျိုးကို ဖော်ဖျက်ခဲ့သလဲဆိုတာ အသေးစိတ်မဖော်ပြခဲ့ပေမဲ့ ပြစ်မှုထင်ရှားခဲ့တာကြောင့် အခုလို တစ်နှစ်တိတိ ပွဲပယ်ခဲ့တာလို့ လည်းသိရပါတယ်။

အေစီမီလန်ရဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေကနေ ပွဲပယ်ခံရမှုကိုတော့ အားကစားရေးရာ ခုံသမာဓိရုံး(CAS)က အမိန့်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ (CAS) က-

” လာမယ့်(၂၀၁၉-၂၀၂၀)ဘောလုံးရာသီအတွင်း ကျင်းပမယ့် ဥရောပကလပ်အသင်းဘောလုံးပြိုင်ပွဲ အသီးသီးကနေ အေစီမီလန်ကို ထုတ်ပယ်လိုက်သည် ” လို့ အမိန့်ထုတ်ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲမှာ အင်တာမီလန်အသင်းရဲ့နောက် အဆင့်(၅)နေရာမှာ (၁)မှတ်အကွာနဲ့ ရပ်တည်နိုင်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်သာရခဲ့တဲ့ အေစီမီလန်တို့အတွက် အခုလို ဥရောပပြိုင်ပွဲတွေကနေ (၁)နှစ်ထုတ်ပယ်ခံလိုက်ရတာက ငွေကြေးအကျိုးအမြတ်အရရော၊ အသင်းရဲ့ဂုဏ်သိက္ခာကိုပါ များစွာထိခိုက်ခဲ့ရပါတယ်။

လူညိုချော@SportsGabar