အာဆင္နယ္နဲ႔ယူႏိုက္တက္တို႔ထိပ္ဆံုးအဆင့္မ၀င္ႏိုင္ဘူးလို႔ ေျပာလိုက္တဲ့ ရက္ပ္နပ္

ပရီးမီးယားလိဂ္မွာနည္းျပဘ၀ကို ႏွစ္ကာလရွည္ၾကာစြာ နည္းျပအျဖစ္က်င္လည္ခဲ့ဖူးတဲ့ ရက္ပ္နပ္ ကေတာ့ လာမယ့္ (၂၀၁၉-၂၀၂၀)ေဘာလံုးရာသီမွာ အာဆင္နယ္နဲ႔မန္ယူႏိုက္တက္အသင္းထဲက တစ္သင္းဟာ ထိပ္ဆံုး(၆)သင္းျပင္ပကိုေရာက္လိမ့္မယ္လို႔ ထင္ေၾကးေပးသံုးသပ္လိုက္ပါတယ္။

ရက္ပ္နပ္အေနနဲ႔ အာဆင္နယ္နဲ႔ယူႏိုက္တက္တို႔ဟာ ရွိရင္းစြဲကစားသမားအင္အားနဲ႔ ကစားသမားသစ္ေတြျဖည့္တင္းထားႏိုင္မႈအေျခအေနေတြအရ ထိပ္တန္းအဆင့္မွာ ရွိမေနတဲ့အတြက္ အခုလိုခန္႔မွန္းခဲ့တာလို႔လည္းသိရပါတယ္။ အာဆင္နယ္နဲ႔မန္ယူႏိုက္အသင္းေတြကို ျပိဳင္ဘက္ေတြအျဖစ္ အၾကိမ္ၾကိမ္ ရင္ဆိုင္ခဲ့ဖူးတဲ့ ရက္နပ္ဟာ ဒီအသင္းေတြရဲ႕ တိုးတက္လာမႈ၊ ဆုတ္ယုတ္လာမႈေတြကို ေကာင္းေကာင္းသိထားတဲ့ ၀ါရင့္နည္းျပၾကီးတစ္ဦးလည္းျဖစ္ပါတယ္။

ရက္နပ္က-

” ကြ်န္ေတာ္ထင္တယ္ လာမယ့္ရာသီမွာ သူတို႔(၂)သင္းထဲက တစ္သင္းသင္းကေတာ့ ထိပ္ဆံုး(၆)သင္းျပင္ပကို ေရာက္သြားလိမ့္မယ္ဗ်၊ အာဆင္နယ္ဟာခံစစ္မွာ ကစားသမားသစ္ျဖည့္တင္းမႈမလုပ္ႏိုင္ခဲ့ရင္ အေျခအေန ေကာင္းမယ္မထင္ဘူး၊ လာမယ့္ရာသီအတြက္ သူတို႔ရဲ႕ခံစစ္က အားအနည္းဆံုးေနရာတစ္ခုပါပဲ”

” ရိုးရိုးသားသားေျပာရရင္ မန္ယူနိုက္တက္ဟာလည္း အာဆင္နယ္နဲ႔ထူးမျခားနားပါပဲ၊ အသစ္ေခၚယူထားတဲ့ ဘစ္ဆာခါမွာ ၾကီးမားတဲ့ အနာဂတ္ေကာင္းတစ္ခုရွိေပမဲ့ သူတို႔အေနနဲ႔ ေနာက္ထပ္ ကစားသမား (၄) ေယာက္၊ (၅)ေယာက္ေလာက္ကို ျဖည့္တင္းဖို႔ လိုေနတာပါ၊ အဲလိုမွမဟုတ္ရင္ေတာ့ နည္းျပဆိုးလ္ရွားအေနနဲ႔ ဘာေအာင္ျမင္မႈမွ ရမွာမဟုတ္ပဲ ထိပ္ဆံုး(၄)သင္းစာရင္းမွာ ၀င္ေရာက္ႏိုင္မယ္လို႔ေတာင္ မျမင္မိဘူး ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဆက္လက္ျပီး ရက္နပ္က သံုးသပ္ခဲ့ရာမွာ အဲဗာတန္နဲ႔၀က္စ္ဟမ္းအသင္းတို႔ဟာ လာမယ့္ရာသီမွာ ေအာင္ျမင္မႈၾကီးၾကီးမားမားရႏိုင္ဖို႔ အလားအလာေကာင္းေတြပိုင္ဆိုင္ထားျပီး၊ လက္ရွိထက္ပိုမိုျမင့္မားတဲ့အဆင့္တစ္ခုမွာ အသီးသီးရပ္တည္နိုင္လိမ့္မယ္လို႔ ထင္ေၾကးေပးေျပာဆိုသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အာဆင်နယ်နဲ့ယူနိုက်တက်တို့ထိပ်ဆုံးအဆင့်မဝင်နိုင်ဘူးလို့ ပြောလိုက်တဲ့ ရက်ပ်နပ်

ပရီးမီးယားလိဂ်မှာနည်းပြဘဝကို နှစ်ကာလရှည်ကြာစွာ နည်းပြအဖြစ်ကျင်လည်ခဲ့ဖူးတဲ့ ရက်ပ်နပ် ကတော့ လာမယ့် (၂၀၁၉-၂၀၂၀)ဘောလုံးရာသီမှာ အာဆင်နယ်နဲ့မန်ယူနိုက်တက်အသင်းထဲက တစ်သင်းဟာ ထိပ်ဆုံး(၆)သင်းပြင်ပကိုရောက်လိမ့်မယ်လို့ ထင်ကြေးပေးသုံးသပ်လိုက်ပါတယ်။

ရက်ပ်နပ်အနေနဲ့ အာဆင်နယ်နဲ့ယူနိုက်တက်တို့ဟာ ရှိရင်းစွဲကစားသမားအင်အားနဲ့ ကစားသမားသစ်တွေဖြည့်တင်းထားနိုင်မှုအခြေအနေတွေအရ ထိပ်တန်းအဆင့်မှာ ရှိမနေတဲ့အတွက် အခုလိုခန့်မှန်းခဲ့တာလို့လည်းသိရပါတယ်။ အာဆင်နယ်နဲ့မန်ယူနိုက်အသင်းတွေကို ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးတဲ့ ရက်နပ်ဟာ ဒီအသင်းတွေရဲ့ တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှုတွေကို ကောင်းကောင်းသိထားတဲ့ ဝါရင့်နည်းပြကြီးတစ်ဦးလည်းဖြစ်ပါတယ်။

ရက်နပ်က-

” ကျွန်တော်ထင်တယ် လာမယ့်ရာသီမှာ သူတို့(၂)သင်းထဲက တစ်သင်းသင်းကတော့ ထိပ်ဆုံး(၆)သင်းပြင်ပကို ရောက်သွားလိမ့်မယ်ဗျ၊ အာဆင်နယ်ဟာခံစစ်မှာ ကစားသမားသစ်ဖြည့်တင်းမှုမလုပ်နိုင်ခဲ့ရင် အခြေအနေ ကောင်းမယ်မထင်ဘူး၊ လာမယ့်ရာသီအတွက် သူတို့ရဲ့ခံစစ်က အားအနည်းဆုံးနေရာတစ်ခုပါပဲ”

” ရိုးရိုးသားသားပြောရရင် မန်ယူနိုက်တက်ဟာလည်း အာဆင်နယ်နဲ့ထူးမခြားနားပါပဲ၊ အသစ်ခေါ်ယူထားတဲ့ ဘစ်ဆာခါမှာ ကြီးမားတဲ့ အနာဂတ်ကောင်းတစ်ခုရှိပေမဲ့ သူတို့အနေနဲ့ နောက်ထပ် ကစားသမား (၄) ယောက်၊ (၅)ယောက်လောက်ကို ဖြည့်တင်းဖို့ လိုနေတာပါ၊ အဲလိုမှမဟုတ်ရင်တော့ နည်းပြဆိုးလ်ရှားအနေနဲ့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပဲ ထိပ်ဆုံး(၄)သင်းစာရင်းမှာ ဝင်ရောက်နိုင်မယ်လို့တောင် မမြင်မိဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရက်နပ်က သုံးသပ်ခဲ့ရာမှာ အဲဗာတန်နဲ့ဝက်စ်ဟမ်းအသင်းတို့ဟာ လာမယ့်ရာသီမှာ အောင်မြင်မှုကြီးကြီးမားမားရနိုင်ဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားပြီး၊ လက်ရှိထက်ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုမှာ အသီးသီးရပ်တည်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးပြောဆိုသွားခဲ့ပါတယ်။

လူညိုချော@SportsGabar