စပါးအသင္းေခၚယူသင့္တ့ဲ ကစားသမား(၃)ဦး

စပါးအသင္းက ဒီရာသီမွာ သူတို႔ရဲ႕အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကိုျပသထားနိုင္ခ့ဲျပီး၊ ဥေရာပရဲ႕အခမ္းနားဆံုးျဖစ္တ့ဲ ခ်န္ပီယံလိဂ္ဖိုင္နယ္ကိုလည္း တက္ေရာက္ႏိုင္ခ့ဲပါတယ္။ ဒါေပမ့ဲ စပါးဟာ ကံေကာင္းစြာနဲ႔ လီဗာပူးလ္အသင္းကိုရံႈးနမ့္ျပီး၊ ဒုတိယေနရာနဲ႔သာေက်နပ္ခ့ဲရတာျဖစ္ပါတယ္။

ဒီရာသီဟာ စပါးအသင္းအတြက္ ေအာင္ျမင္တ့ဲႏွစ္တစ္ႏွစ္လို႔ေျပာလို႔ရျပီး၊ အသင္းသမိုင္းတစ္ေလ်ွာက္ ပထိမဆံုးအၾကိမ္ ခ်န္ပီယံလိဂ္ဖလားကိုရရွိနိုင္ဖို႔အနီးစပ္ဆံုးအေျခအေနတစ္ရပ္ကိုပိုင္ဆိုင္နိုင္ခ့ဲတာပါ။ ဒါေပမ့ဲလည္း စပါးရဲ႕ကစားသမားအင္အားနည္းပါးမႈကိုလီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတြ႔ျမင္ခ့ဲရျပီး၊ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္မွာ ပံုစံေကာင္းေတြ ဆက္လက္ျပသနိုင္ဖို႔ ကစားသမားသမားျဖည့္တင္းမႈေတြမျဖစ္မေနျပဳလုပ္ဖို႔လိုအပ္ေနပါတယ္။

ဒီလိုအေျခအေနမွာ စပါးအသင္းအေနနဲ႔ ဒီေႏြေစ်းကြက္ထဲမွာ မျဖစ္မေနေခၚယူဖို႔လိုအပ္ေနတ့ဲ ကစားသမား(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

#၃ အန္ ဒြန္ဘီလီ(လိုင္ယြန္)
ဒန္ဘီလီကို ေခၚယူႏိုင္မယ္ဆိုရင္ စပါးရဲ႕ကြင္းလယ္ပိုင္းကိုအမ်ားၾကီးအေထာက္အပံ့ရရံုသာမက သူ႕ရဲ႕အရည္အေသြးေတြက အသင္းအတြက္အမ်ားၾကီးအက်ိဳးရွိေနမွာပါ။ ေနာက္ျပီး ဒန္ဘီလီကို အဲရစ္ဒိုင္ယာနဲ႔ ဆစ္ဆိုခိုတို႔ႏွစ္ေယာက္ကို အဆင့္ျမွင့္တင္ထားတ့ဲ ကစားသမားပံုစံမ်ိဳးပါ။ ဒီရာသီမွာလိုင္ယြန္အသင္းအတြက္လီဂူးတစ္မွာ(၃၄)ပြဲကစားျပီး၊တစ္ဂိုးသြင္းကာဂိုးဖန္တီးမႈ(၇)ၾကိမ္ျပဳလုပ္ေပးထားနိုင္ခ့ဲပါတယ္။ ေျခစြမ္းေကာင္းေတြပိုင္ဆိုင္ထားျပီး၊ အသက္ကလည္း(၂၂)ႏွစ္သာရွိေသးတာေၾကာင့္ စပါးအသင္းအတြက္ေရရွည္စီမံကိန္းအတြက္ပါသင့္ေလ်ာ္တ့ဲကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။

#၂ ရိုင္ယန္ ဆက္စီႏြန္(ဖူဟမ္)
ပိုခ်က္တီႏိုကိုယ္တိုင္က ဖူဟမ္ကစားသမားေလး ဆက္စီႏြန္ကိုစိတ္၀င္စားမႈရွိေနျပီး၊ ဘယ္ေတာင္ပံတိုက္စစ္ေနရာမွာလည္း ေကာင္းစြားကစားနိုင္စြမ္းရွိတ့ဲကစားသမားေလးျဖစ္ပါတယ္။ အသက္(၁၉)ႏွစ္အရြယ္သာရွိေသးျပီးေတာ့ ဒီရာသီမွာဖူဟမ္အတြက္ပရီးမီးယားလိဂ္မွာ(၃၅)ပါ၀င္ကစားေပးထားျပီး၊ သြင္းဂိုး(၂)ဂိုးနဲ႔ ဂိုးဖန္တီးမႈ(၆)ၾကိမ္အထိျပဳလုပ္ေပးထားနိုင္ခ့ဲပါတယ္။ အသင္းကေနထြက္ခြာဖြယ္ရွိေနတ့ဲ အဲရစ္ဆင္ေနရာမွာ ဒီ(၁၉)ႏွစ္အရြယ္အဂၤလန္သားေလးက ေကာင္းေကာင္းအစားထိုးနိုင္စြမ္းရွိေနပါတယ္။

#၁ လို စယ္ဆို(ရီးရဲလ္ဘတ္တစ္)
စပါးအသင္းနဲ႔စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ထဲကိုေရာက္ရွိလာျပီျဖစ္တ့ဲ အဲရစ္ဆင္ေနရာမွာအစားထိုးဖို႔ စပါးဟာ ရီးရဲလ္ဘတ္တစ္အသင္းရဲ႕ကြင္းလယ္လူ စယ္ဆိုကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္သာရွိေသးျပီး၊ ဒီရာသီျပိဳင္ပြဲစံု(၁၆)ဂိုးသြင္းကာ (၆)ၾကိမ္ဖန္တီးမႈျပဳလုပ္ေပးထားနိုင္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။ အေစာပိုင္းက စပါးဟာ စယ္ဆိုအတြက္ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း(၅၃)သန္းနဲ႔ကမ္းလွမ္းခ့ဲေပမ့ဲ ပယ္ခ်ခံခ့ဲရပါတယ္။ ဘတ္တစ္အသင္းဘက္က စယ္ဆိုအတြက္ ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၈၀)ခန္႔အလိုရွိေနတာျဖစ္ျပီး၊ ဒီေျပာင္းေရႊ႕ေၾကးပမာဏကို စပါးအေနနဲ႔ေပးေခ်ျပီးေခၚယူနိုင္မလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စပါးအသင်းခေါ်ယူသင့်တဲ့ ကစားသမား(၃)ဦး

စပါးအသင်းက ဒီရာသီမှာ သူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသထားနိုင်ခဲ့ပြီး၊ ဥရောပရဲ့အခမ်းနားဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စပါးဟာ ကံကောင်းစွာနဲ့ လီဗာပူးလ်အသင်းကိုရှုံးနမ့်ပြီး၊ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီဟာ စပါးအသင်းအတွက် အောင်မြင်တဲ့နှစ်တစ်နှစ်လို့ပြောလို့ရပြီး၊ အသင်းသမိုင်းတစ်လျှောက် ပထိမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကိုရရှိနိုင်ဖို့အနီးစပ်ဆုံးအခြေအနေတစ်ရပ်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း စပါးရဲ့ကစားသမားအင်အားနည်းပါးမှုကိုလီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတွေ့မြင်ခဲ့ရပြီး၊ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတွေ ဆက်လက်ပြသနိုင်ဖို့ ကစားသမားသမားဖြည့်တင်းမှုတွေမဖြစ်မနေပြုလုပ်ဖို့လိုအပ်နေပါတယ်။

ဒီလိုအခြေအနေမှာ စပါးအသင်းအနေနဲ့ ဒီနွေဈေးကွက်ထဲမှာ မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတဲ့ ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

#၃ အန် ဒွန်ဘီလီ(လိုင်ယွန်)
ဒန်ဘီလီကို ခေါ်ယူနိုင်မယ်ဆိုရင် စပါးရဲ့ကွင်းလယ်ပိုင်းကိုအများကြီးအထောက်အပံ့ရရုံသာမက သူ့ရဲ့အရည်အသွေးတွေက အသင်းအတွက်အများကြီးအကျိုးရှိနေမှာပါ။ နောက်ပြီး ဒန်ဘီလီကို အဲရစ်ဒိုင်ယာနဲ့ ဆစ်ဆိုခိုတို့နှစ်ယောက်ကို အဆင့်မြှင့်တင်ထားတဲ့ ကစားသမားပုံစံမျိုးပါ။ ဒီရာသီမှာလိုင်ယွန်အသင်းအတွက်လီဂူးတစ်မှာ(၃၄)ပွဲကစားပြီး၊တစ်ဂိုးသွင်းကာဂိုးဖန်တီးမှု(၇)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားပြီး၊ အသက်ကလည်း(၂၂)နှစ်သာရှိသေးတာကြောင့် စပါးအသင်းအတွက်ရေရှည်စီမံကိန်းအတွက်ပါသင့်လျော်တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

#၂ ရိုင်ယန် ဆက်စီနွန်(ဖူဟမ်)
ပိုချက်တီနိုကိုယ်တိုင်က ဖူဟမ်ကစားသမားလေး ဆက်စီနွန်ကိုစိတ်ဝင်စားမှုရှိနေပြီး၊ ဘယ်တောင်ပံတိုက်စစ်နေရာမှာလည်း ကောင်းစွားကစားနိုင်စွမ်းရှိတဲ့ကစားသမားလေးဖြစ်ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီးတော့ ဒီရာသီမှာဖူဟမ်အတွက်ပရီးမီးယားလိဂ်မှာ(၃၅)ပါဝင်ကစားပေးထားပြီး၊ သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၆)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ အဲရစ်ဆင်နေရာမှာ ဒီ(၁၉)နှစ်အရွယ်အင်္ဂလန်သားလေးက ကောင်းကောင်းအစားထိုးနိုင်စွမ်းရှိနေပါတယ်။

#၁ လို စယ်ဆို(ရီးရဲလ်ဘတ်တစ်)
စပါးအသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကိုရောက်ရှိလာပြီဖြစ်တဲ့ အဲရစ်ဆင်နေရာမှာအစားထိုးဖို့ စပါးဟာ ရီးရဲလ်ဘတ်တစ်အသင်းရဲ့ကွင်းလယ်လူ စယ်ဆိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွယ်သာရှိသေးပြီး၊ ဒီရာသီပြိုင်ပွဲစုံ(၁၆)ဂိုးသွင်းကာ (၆)ကြိမ်ဖန်တီးမှုပြုလုပ်ပေးထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အစောပိုင်းက စပါးဟာ စယ်ဆိုအတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၃)သန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ ဘတ်တစ်အသင်းဘက်က စယ်ဆိုအတွက် ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၈၀)ခန့်အလိုရှိနေတာဖြစ်ပြီး၊ ဒီပြောင်းရွှေ့ကြေးပမာဏကို စပါးအနေနဲ့ပေးချေပြီးခေါ်ယူနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar