ဒီဂီယာနဲ႔ပတ္သက္ေနတ့ဲမန္ယူႏိုက္တက္အတြက္သတင္းေကာင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီေႏြရာသီမွာကစားသမားေခၚယူမႈေတြအမ်ားအျပားျပဳလုပ္ေနျပီး၊ ရီးရဲလ္အေနနဲ႔ အသင္းရဲ႔တိုက္စစ္ပိုင္းကိုသာျပင္ဆင္ဖို႔ၾကိဳးစားေနတာျဖစ္ျပီး၊ ဂိုးသမားေနရာမွာေတာ့ ေကာ္တိုရစ္ကိုပဲ ပြဲထြက္ဂိုးသမားအျဖစ္အသံုးျပဳဖို႔ရွိေနတ့ဲ အေနအထားျဖစ္ပါတယ္။

မႏွစ္က မန္ယူႏိုက္တက္ရဲ႕ဂိုးသမားဒီဂီယာကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြအသည္းအသန္ျပဳလုပ္ခ့ဲတ့ဲ ရီးရဲလ္ဟာ ဒီႏွစ္မွာေတာ့ ဒီဂီယာနဲ႔ပတ္သက္ျပီး ေျချငိမ္ေနတာပဲျဖစ္ပါတယ္။ ဒါဟာ ဒီဂီယာအသင္းကေနထြက္ခြာမွာကိုမလိုလားတ့ဲမန္ယူႏိုက္တက္အတြက္ေတာ့ စိ္တ္သက္သာရာရခ့ဲပါတယ္။

ဒါ့အျပင္ အေျပာင္းအေရႊ႕ကိစၥေတြေၾကာင့္မန္ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ တြန္႔ဆုတ္ေနတ့ဲ ဒီဂီယာဟာ မန္ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ျပင္ဆင္ေနျပီျဖစ္တယ္လို႔လည္းသိရပါတယ္။ အေစာပိုင္းက ပီအက္စ္ဂ်ီနဲ႔သတင္းေတြထြက္ခ့ဲေပမ့ဲ ပီအက္စ္ဂ်ီဟာ ေအစီမီလန္အသင္းရဲ႕ဂိုးသမား ဒြန္နာရမ္မာကို ေခၚယူဖို႔ခ်ိတ္ဆက္ေနတယ္လို႔သတင္းေတြထြက္လာေနတာကလည္း ဒီဂီယာကို စာခ်ဳပ္သက္တမ္းတိုးဖို႔စိတ္ေျပာင္းသြားေစတာျဖစ္ႏိုင္ပါတယ္။

ဒီဂီယာဟာမန္ယူႏိုက္တက္အတြက္အျမဲတမ္းပံုမွန္လက္စြမ္းေတြျပသႏုိင္ခ့ဲတ့ဲဂိုးသမားတစ္ေယာက္ျဖစ္ျပီးေတာ့ အသင္းပရိသတ္ေတြရဲ႕အခ်စ္ေတာ္ဂိုးသမားလည္းျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲ ရာသီမွေတာ့ာ ဒီဂီယာရဲ႕လက္စြမ္းဟာအနည္းငယ္ယိမ္းယိုင္ခ့ဲျပီးေတာ့ အသင္းပရိသတ္ေတြရဲ႕အမ်က္ေတာ္ရွမႈနဲ႔ရင္ဆိုင္ေနခ့ဲရတ့ဲသူလည္းျဖစ္ပါတယ္။

ဒါေပမ့ဲ မန္ယူႏိုက္တက္ပ၇ိသတ္ေတြက ဒီဂီယာကိုအသင္းကေနထြက္ခြာဖို႔ အလိုမရွိပဲ အသင္းမွာပဲဆက္ရွိေနဖို႔ ေမ်ွာ္လင့္ထားခ့ဲၾကတာပဲျဖစ္ပါတယ္။ လက္ရွိထြက္ေပၚလာတ့ဲသတင္းေတြအရေတာ့ မန္ယူႏုိက္တက္ပရိသတ္ေတြလည္း ဒီဂီယာနဲ႔ပတ္သက္ျပီးေတာ့ စိတ္ေအးရမယ့္ အေနအထားမွာရွိေနျပီျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီဂီယာနဲ့ပတ်သက်နေတဲ့မန်ယူနိုက်တက်အတွက်သတင်းကောင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီမှာကစားသမားခေါ်ယူမှုတွေအများအပြားပြုလုပ်နေပြီး၊ ရီးရဲလ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကိုသာပြင်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး၊ ဂိုးသမားနေရာမှာတော့ ကော်တိုရစ်ကိုပဲ ပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုဖို့ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။

မနှစ်က မန်ယူနိုက်တက်ရဲ့ဂိုးသမားဒီဂီယာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေအသည်းအသန်ပြုလုပ်ခဲ့တဲ့ ရီးရဲလ်ဟာ ဒီနှစ်မှာတော့ ဒီဂီယာနဲ့ပတ်သက်ပြီး ခြေငြိမ်နေတာပဲဖြစ်ပါတယ်။ ဒါဟာ ဒီဂီယာအသင်းကနေထွက်ခွာမှာကိုမလိုလားတဲ့မန်ယူနိုက်တက်အတွက်တော့ စိတ်သက်သာရာရခဲ့ပါတယ်။

ဒါ့အပြင် အပြောင်းအရွှေ့ကိစ္စတွေကြောင့်မန်ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေတဲ့ ဒီဂီယာဟာ မန်ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ အစောပိုင်းက ပီအက်စ်ဂျီနဲ့သတင်းတွေထွက်ခဲ့ပေမဲ့ ပီအက်စ်ဂျီဟာ အေစီမီလန်အသင်းရဲ့ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ချိတ်ဆက်နေတယ်လို့သတင်းတွေထွက်လာနေတာကလည်း ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့စိတ်ပြောင်းသွားစေတာဖြစ်နိုင်ပါတယ်။

ဒီဂီယာဟာမန်ယူနိုက်တက်အတွက်အမြဲတမ်းပုံမှန်လက်စွမ်းတွေပြသနိုင်ခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပြီးတော့ အသင်းပရိသတ်တွေရဲ့အချစ်တော်ဂိုးသမားလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှတော့ာ ဒီဂီယာရဲ့လက်စွမ်းဟာအနည်းငယ်ယိမ်းယိုင်ခဲ့ပြီးတော့ အသင်းပရိသတ်တွေရဲ့အမျက်တော်ရှမှုနဲ့ရင်ဆိုင်နေခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာကိုအသင်းကနေထွက်ခွာဖို့ အလိုမရှိပဲ အသင်းမှာပဲဆက်ရှိနေဖို့ မျှော်လင့်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ မန်ယူနိုက်တက်ပရိသတ်တွေလည်း ဒီဂီယာနဲ့ပတ်သက်ပြီးတော့ စိတ်အေးရမယ့် အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar